Author Posts

နိယာမ အလွဲများ

ကမ္မစိတ္တာ နိယာမရယ်နဲ့ ဥတုဗီဇတဲ့ ဓမ္မနိယံ။ ချမ်းသာလို မြဲကြိုးစားတော့ တိုးပွားအမှန်။ ဖြစ်ပွားခြင်း အကြောင်းကံ ကုသလံ အကုသလ။ ကံ ကိုပုံ ဉာဏ်မသုံးတော့ လူဖြစ်ရှုံးရ။ စိတ်အလို လိုက်သမျှတော့ အမိုက်ဘဝ တဏှာနွံ။ လှုပ်လေလေ နွံမှာနစ်လို့ စင်စစ်နယ်ကျွံ။ စိတ်အတွေး မလွန် ဉာဏ်တံခွန်နဲ့ ချွန်းအုပ်ကောင်း။ မိတ်အပေါင်းရွှင် စိတ်ကောင်းလျှင် ဒေါသဝေးတော့ လောကအေးကြောင်း။ သုံးရာသီ နွေမိုးဆောင်းရယ်က ပြောင်းလဲကြ အချိန်မှန်။ ပူ နေလျှင် အေးအောင်လုပ်လို့ ကျုပ်တို့စီမံ။ အေးလေတော့ နွေးအောင်ဖန် ရာသီဒဏ်ကို ကုစား။ တစ်မျိုးပြောင်းစေ မိုးဆောင်းနွေ အချိန်ကိုက်ပေါ့ အလိုက်ပြင်သွား။ ဗီဇအနွယ် ဖြစ်မြဲတရားကိုလ လွဲမှားဖို့ ကြံဆယူ။ တိုးတက်လာ ကမ္ဘာကြီးက မီး လိုပဲပူ။ ပေါင်းကူးလို့ […]

ဘာစီလိုနာမြို့ပေါ်လမ်း ၂၁ လမ်းကို အစိမ်းရောင်လမ်းတွေအဖြစ် ဖန်တီး

နွေရာသီတုန်းက ကိုဗစ်ပြန့်နှံ့မှုကို ထိန်းချုပ်တဲ့ လော့ခ်ဒေါင်းကို လုပ်ပြီးနောက်မှာတော့ ကိုဗစ်ကာကွယ် ဆေးထိုး လုပ်ငန်းတွေ လုပ်လာနိုင်ပြီဖြစ်လို့ လော့ခ်ဒေါင်းကို ဖြုတ်လိုက်ကာ ဘာစီလိုနာမြို့ က ယခင်ကလို ပြန်လည်စည်ကားမှုတွေ ဖြစ်လာပါပြီ။ မြို့ ကိုလော့ဒေါင်းချထားစဉ်ကာလမှာ မြို့ အာဏါပိုင်တွေ က မြို့ ပေါ် လမ်း ၂၁ လမ်းကို အစိမ်းရောင် လမ်းတွေ ဖြစ်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ အဲ့ဒိစီမံကိန်းက ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေဆင်းသက် လာတာဖြစ် ပြီး ကားလမ်းတွေနဲ့ လူသွားလမ်းတွေမှာ သစ်ပင်တွေစိုက်ကာ အစိမ်းရောင်လမ်းတွေကို ဖန်တီးခဲ့တာပါ။ ကိုဗစ်ပထမလှိုင်း ဖြစ်တဲ့ ၂၀၂၀ မတ်လကတည်းက အဲ့ဒိအစီအစဉ်ကို မြို့အာဏါပိုင်တွေ ဆွဲခဲ့တာပါ။ မြို့ မှာ ကာလမ်းတွေ ကို အစိမ်းရောင် ပြောင်းနေစဉ်မှာ ပဲ စက်ဘီးလမ်းတွေကို ပိုမိုတိုးချဲ့ […]

နာမည်လေးလှသလောက် ရက်စက်တတ်တဲ့ မိန်းကလေး…လာနီညာ

ရန်ကုန်မြို့မှာ နေထိုင်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုကျော်အတွင်း ဆောင်းကို ဆောင်းမှန်းမသိ ဖြတ်သန်းခဲ့ရတဲ့ ရန်ကုန်ဆောင်းနေ့ရက်တွေ တော်တော်များလာခဲ့တာ သတိထားမိတယ်။ အရင်ကဆိုရင် ရန်ကုန်ဆောင်းဟာ ရင်တုန်အောင်အေးခဲ့သလို ဆောင်းနဲ့ပတ်သက်တဲ့ စာတွေ ကဗျာတွေ ဖတ်ရင်း ကိုယ်တိုင်အေးချမ်းခဲ့တဲ့နေ့ရက် တွေကိုလည်း ပိုင်ဆိုင်ခဲ့ရဖူးပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ဆောင်းဟာ မအေးတော့ကြောင်း၊ ရန်ကုန်မှာ ဆောင်းပျောက်သွားပြီဖြစ်ကြောင်း စာတွေ ကဗျာတွေ အဖတ်ရများလာပြီး အိုက်စက်စက် ဆောင်း နေ့ရက်တွေကို ဖြတ်သန်းခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။ ရန်ကုန်ဆောင်း ဗီဒိုထဲက အနွေးထည်ကလေး ကိုယ်ငွေ့မလှုံရလို့ ချမ်းနေရှာပေါ့။ ။ မိုးဟိန်းထက် အဲဒီလိုမျိုး စာတွေ ကဗျာတွေ ဖတ်ရင်း ရန်ကုန် ဆောင်းရက်တွေမှာ စာရေးသူတို့ ဆောင်းပျောက် ရှာပုံတော်ဖွင့်ခဲ့ကြရတယ်။ အဲဒါဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုး ဆက်တွေပါပဲ။ […]

“တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းငယ် (92W) (Depression)တစ်ခုစတင်ဖြစ်ပေါ်လာ”

၆.၁၀.၂၀၂၁ မွန်းလွဲ ၂ နာရီ ၁၈ မိနစ် ဖိလစ်ပိုင်နိုင်ငံရဲ့ အနောက်မြောက်ဘက် ဗီယက်နမ်နိုင်ငံ ရဲ့ အရှေ့ဘက် တောင်တရုတ်ပင်လယ်​​ပြင်အလယ်ပိုင်း တွင်JTWCအသိအမှတ်ပြုTyphoonမုန်တိုင်း(92W) (Depression)တစ်ခု စတင်ဖြစ်ပေါ်လာတာကိုတွေ့ရ ပါတယ်။ ယခု ဖြစ်ပေါ်နေသော Typhoon မုန်တိုင်းငယ်(92W) ရဲ့ အခြေအနေကတော့… ထိုင်းနိုင်ငံမိုးလေဝသဌာနရဲ့ ယနေ့ မြန်မာစံတော်ချိန် နံနက် ၆နာရီ၃၀မိနစ် အချိန်တိုင်းထွာချက်များအရ Center pressureမှာ”1000hpa”ဖြစ်ပြီးအနောက် အနောက်မြောက်ဘက်ကို ၁နာရီ၁၀ မိုင်နှုန်းဖြင့်ဗီယက် နမ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွေ့လျားနေတာကို တွေ့ရပါတယ် ခင်ဗျာ။ အဆိုပါ မုန်တိုင်းငယ် Depression ဟာဆက်လက် အားကောင်းလာပြီးနောက် အားကောင်းသော Typhoon မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် ကာ မြန်မာနိုင်ငံဘက်ကို အရှေ့လေပွေလှိုင်းများ အဖြစ်နဲ့ ဘင်္ဂလားပင်လယ်အော်အထိရောက်ရှိ လာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက် […]

ဂျာမန်လယ်သမားတစ်ဦးက ဆိုလာနဲ့စိုက်ခင်း ၂ခုတွဲသုံးနိုင်ဖို့ လုပ်ကိုင်

ကမ္ဘာကြီးက ပူနွေးလာတယ် ၊ ရာသီဥတုက နွေရာသီရောက်ရင် ပိုပိုပြီး ပူလာတဲ့အတွက် ဘလူးဘယ်ရီ တို့ ၊ ရက်စ်ဘယ်ရီတို့ လို အရည်ရွမ်းတဲ့အသီးတွေ ကို စိုက်ပျိုး ဖို့အတွက် အခက်အခဲ ဖြစ်လာတယ် ၊ ရာသီဥတု ပူတော့ အရည်ရွမ်းတဲ့ အသီးတွေကို ထုတ်ပေးတဲ့ အပင်ငယ်တွေက ရေငွေ့ပျံမှုများသွားလို့ အသီး ကောင်းကောင်း မတင်တာရယ် ၊ တင်တော့လည်း ဈေးကွက် မဝင်တာတွေ ဖြစ်လာပါတယ်။ ဂျာမန်လယ်မားတ်ဦးဖြစ်တဲ့ ကာသရက် က ဆိုလာစနစ်နဲ့ ဘယ်ရီ စိုက်ခင်းတွေ တွဲလို့ ရအောင် စမ်းသက် ခဲ့ပါတယ်။ ဘယ်ရီစိုက်ခင်းတွေကို ထားမယ့် အိမ်အမိုးကို ဆိုလာပြား အကြည် ကို တပ်ပြီး စိုက်ခင်းလည်း နေရောင်ရ လျှပ်စစ်လည်း ထုတ်လို့ […]

နှင်း သို့ — ၁

ပြာလဲ့လဲ့ အရောင်လေး စိတ်ကို ငြိမ်းချမ်းလို့ ဆောင်းဦးရာသီထက် စောလွန်းစွာ ငါ့နှလုံးသားဆီအထိ တိုးဝှေ့ အိပ်မက်ထဲယောင်မိလျှင်တောင် စံပယ်ပန်းရနံ့လေးသယ်ဆောင်လာပြီး စိတ်ချင်း နွေးထွေးမှုကိုပေးတယ် စိတ်တွေပဲတူနေသလား ရနံ့လေးတွေပဲမွှေးနေတာလား ပကာသန မပါတဲ့ သနပ်ခါးရနံ့လေး ငါ့ရင်ကို နွေးထွေးစေတယ် မနက်စောစော အိပ်ယာအထမှာ ရင်ခွင်ထဲကို အဦးဆုံးတိုးဝှေ့သူဟာ စံပယ်ပန်းရနံ့လေးနဲ့အတူ နှင်း ပွင့်လေးတွေ ပြုံးပြပျော်မြူးလို့ ။ ။ ရိုးခက်

ကမ္ဘာ့အလှပဆုံးကျွန်းများ (အေဇိုးရက်စ်(Azores)ကျွန်းစု)

ပေါ်တူဂီနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော Azores ကျွန်းစုသည် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းရှိ ကျွန်းစုတစ်ခုဖြစ်သည်။ ကျွန်းများကို စိမ်းပြာနေသော တောတောင်ရေမြေများက ဝန်းရံထားသည့်အပြင် တံငါရွာများ၊ စပျစ်ခြံများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများက သာယာသောသဘာရှုခင်းများအဖြစ် ဖန္တီးပေးထားသည်။ ထို့အပြင် တောင်ပေါ်ဒေသပန်းမျိုးစိတ်တစ်မျိုးဖြစ်သည့် ဟိုက်ဒရင်းဂျာစ် ပန်းခင်းများက လည်း အေဇိုးရက်စ်ကျွန်းစု၏ နေရာအနှံအပြားကို အျပာရောင်များဖြင့် လွှမ်းမိုးထားသည်။ ထို့အပြင် ရေထဲမှ ထိုးထွက်နေသော ကမ်းပါးများ၊ ရေတံခွန်များ၊ ကျွန်းစုတွင် ရှင်သန်နေထိုင်သော ဇီဝမျိုးစုံမျိုးကွဲများကလည်း ကျွန်းများ၏ သဘာဝအလွတရားကို ဖြည့်ဆည်ပေးထားပြန်သည်။ အေဇိုးရက်စ်ကျွန်းစုရှိ ပီကိုကျွန်းတွင် အတ္တလန္တိတ်ဒေသ၏ အမြင့်မားဆုံးတောင်တစ်ခုဖြစ်သည့် Pico တောင်ရှိပြီး ၎င်းသည် ငြိမ်သက်မီးတောင် တစ်လုံးလည်းဖြစ်သည်။ Azores ကျွန်းစုတွင်နေထိုင်သူ လူဦးရေ ၂၄၅, ၇၆၆ (ဒေသစာရင်းအင်းရုံး၊ ၂၀၁၅ အချက်အလက်များ) ရှိပြီး […]

မြန်မာနိုင်ငံရှိ မြစ်များ (ချင်းတွင်းမြစ်)

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ်ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါသည်။ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။ ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ်သည်လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီးဆင်းနေပြီး ကျားဘေးမဲ့တောသည် ကမ်ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အျခား သားရိုင်းတိရိစၦာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ က်ားမ်ား၊ ဆင်များ၊ မြန်မာနိုင်ငံတွင်သာရှိသည့် […]