Author Posts

မုတ်သုံလေအကြောင်း ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind) မုတ်သုံလေ

အာရေဗျဘာသာဖြင့် Mausam(မော်ဆန်) သို့မဟုတ် Monsoon ဟုတ်ခေါ်သည့် ရာသီလေ(Seasonal Wind)ဖြစ်သည်။ မုတ်သုံလေကို ရှေးလွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက အာရေဗျပင်လယ်အတွင်းမှ ငါးဖမ်းလုပ်သားများက စတင်တွေ့ရှိခဲ့ကြောင်း၊ နှစ်စဉ်အချိန်မှန် အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ တိုက်ခတ်သောလေတိုက်ခတ်ခြင်းကို သတိထားမှတ်သားမိကြရာက နွေမုတ်သုံလေနှင့် ဆောင်းမုတ်သုံလေများအဖြစ် ကျွန်ုပ်တို့ သိရှိနားလည်လာကြရခြင်းဖြစ်သည်။ အာရှတိုက်အတွင်းတွင်သာတိုက်ခတ်တတ်သည့် ရာသီလေအမျိုးအစားဖြစ်သဖြင့် “အာရှမုတ်သုံလေ” Asia Monsoon ဟုလည်းခေါ်ကြသည်။ နွေမုတ်သုံနှင့် ဆောင်းမုတ်သုံ … နွေမုတ်သုံ ခေါ် Summer Monsoon သည် ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး ပူနွေး၍စွတ်စိုသော ပင်လယ်လေအမျိုးအစားဖြစ်ကာ အနောက်တောင်မုတ်သုံလေ ဟုလည်း သိကြသည်။ နွေမုတ်သုံလေတိုက်ခတ်သည့်ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းအစရှိသော ထူးခြားပြင်းထန်သည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်သည်။ ဤထူးခြားပြငိးထန်သော မိုးလေဝသအဖြေအနေများကြောင့် အနောက်တောင်မုတ်သုံလေ(နွေမုတ်သုံ)ကို ပိုမို၍အသိများကြသည်။ အာရှမုတ်သုံကျရောက်သည့်နိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံတွင် […]

ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် filtration နည်းပညာ လိုအပ်ပါတယ်

ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pall Corporation မှာ ဒေါက်တာ မာရီယာ အေနက်ဇ် လင်ဂါဖက် က ဓာတုအင်ဂျင်နီယာပါရဂူဘွဲ့ဖြင့် တာဝန် ထမ်းဆောင် နေပါတယ် ။ သူမက ဟိုက်ဒရိုဂျင်လောင်စာ နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်း ဆိုင်ရာ ဦးဆောင်သူတစ်ယောက် ဖြစ်ပါတယ် ။ အစိမ်းရောင်နှင့် အပြာရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊ ဟိုက်ဒရိုဂျင်သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များအပါအဝင် ဟိုက်ဒရိုဂျင်တန်ဖိုးကွင်းဆက်တစ်ခုလုံးအတွင်း စစ်ထုတ်ခြင်းနှင့် ခွဲထုတ်ခြင်းပြဿနာများအတွက် ဖြေရှင်းနည်းများ ဖွံ့ဖြိုးတိုးတက်မှုကို သူမက ပံ့ပိုးပေးနေပါတယ်။အဲ့ဒါက ကျန်းမာရေး၊ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသော နည်းပညာများကို တိုးတက်လာစေနေပါတယ်။ မေး ။ ။ အစိုးရတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ဘာကြောင့် […]

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန်အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။တိကျသေချာသော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ – ရေကန်ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ် မြစ်ဝ ဂေဟစနစ် သစ်တော ဂေဟစနစ် မိုးသစ်တော ဂေဟစနစ် မြက်ခင်းပြင် ဂေဟစနစ် ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။ အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊ စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊ သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊ နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။ သန္တာကျောက်တန်း ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ်ဆိုသည်မှာ သန္တာကောင်(Coral or Coral reef)များသည် […]

ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေရဲ့ အဓိကအကြောင်းက ဖော်အဲဗားဓာတုပစ္စည်းကြောင့်လို့ အခိုင်အမာပြောလာကြပါပြီ

မနှစ်ကနှစ်ကုန်ခါနီးအထိ ဖော်အဲဗားဓာတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ဆိုတာက ဝိရောဓိတွေ ဖြစ်နေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အဲ့ဒိကိစ္စကို ရှင်းနိုင်ဖို့အသည်းအသန် သုတေသနတွေ လုပ်ခဲ့ကြပါတယ် ။ ယေးလ်တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာကတော့ ဒီကနေ့ ကင်ဆာရောဂါနေ့အတွက် ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်တဲ့ နေရာမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ ကြောင့် ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်တယ်ဆိုတာသေချာတယ်ဆိုပြီး ပြောလာပါတယ်။ ဖော်အဲဗား ဓာတုပစ္စည်းဆိုတာ ပိုလီဖူအိုရိုအယ်လ်ကိုင်း ဓာတ်ပေါင်း poly-fluoroalkyl substances (PFAS)တွေကိုပြောတာပါ ။ အဲ့ ဒိဓာတ်ပေါင်းတွေက သဘာဝပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကြာအောင်မပျက်မစီးဘဲ ရှိနေနိုင်တဲ့အတွက် ဖော်အဲဗား ဓာတုပစ္စည်းလို့ ခေါ်ကြတာပါ ။ ယေးလ်က သိပ္ပံပညာရှင်တွေက အူမကြီးကင်ဆာကို သုတေသနလုပ်ရင် PFAS က လူသားခန္တာကိုယ်အတွင်းမှာရှိတဲ့ […]

ရယ်ဒီမိတ် တစ်ခါသောက် ရေသန့်ဘူးတွေကို မသောက်သင့်တော့တဲ့ အကြောင်းရင်းများ

ယနေ့ခေတ်ကမ္ဘာမှာ ရေချိုရရှိမှုက ရှားပါးနေပေမယ့် ပလတ်စတစ်ရေသန့်ဘူးတွေကို ပေါပေါများများ ထုတ်လုပ်သုံးစွဲနေကြဆဲပါ။ကမ္ဘာကြီးနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ရာ ရယ်ဒီ မိတ် ရေသန့်ဘူးတွေကို ဘယ်တော့မှ မသောက်သင့်တော့တဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။အောက်ပါ အကြောင်းရင်းတွေကို ဆက်လက်ကြည့်ကြပါစို့။ (၁) ပလတ်စတစ်ရေဘူးတွေကို ပြန်လည် အသုံးပြုမယ်ဆိုရင်တောင်မှ ကမ္ဘာကြီးကို ညစ်ညမ်း စေတယ် ပလတ်စတစ်ရေသန့်ဘူးတွေကို ထုတ်လုပ်ဖို့အတွက် ရေနံနဲ့ အထွေထွေ ကုန်ကျ စရိတ်တွေက များပြား လွန်းလှပါတယ်။ဒါ့အပြင် အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကလည်း အများကြီး လိုအပ်ပါတယ်။ထုတ်လုပ်မှု၊ ကမ္ဘာကြီးတဝိုက်သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ကာဗွန်ခြေရာ များပြားနေတယ်လို့ ဆိုရပါလိမ့်မယ်။ပလတ်စတစ်ဘူးထဲက ရေကို အချိန်ခဏပဲ သောက်သုံး မိပေမယ့် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကျန်ရှိနေတာလည်း အဆိုပါ ပလတ်စတစ် ရေသန့်ဘူးတွေပဲ ဖြစ်ပါတယ်။ဓာတုဗေဒအရ ပြိုကွဲမှု အားနည်းတာကြောင့်ပါ။အသုံးပြုပြီး […]

မြန်မာ့ဆင်

ဒီစာအုပ်ကတော့ တိရစ္ဆာန်ဆေးကုဆရာဝတ်တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်စိုးရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို စာပေဗိမာန်စာမူဆုလည်း ရရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆင်များပေါ်ပေါက်လာသော ကမ္ဘာဦးအစ ၊ ဆက်နဲ့ပတ်သက်တဲ့ သိပ္ပံ နည်းကျ အယူအဆတွေ ၊ ရွှေနန်းသုံးဆင် ၊ ဆင်ရောဂါများ အကြောင်း ၊ ဆင်လုပ်သားတွေအကြောင်း နဲ့ အခြား ဆင်နဲ့ပတ်သက်တဲ့ ဗဟုသုတများစွာပါဝင်ပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို အသေးစိတ် ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ အဖုံးပန်းချီကို ​ဆရာမြတ်ဟန် ရေးဆွဲထားပြီး ပထမအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

တိရစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်တဲ့ အလေ့အကျင့်

ကျွန်တော်တို့ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်ရှိသည်။ တစ်နေ့လုပ်တစ်နေ့စား လက်လုပ်လုပ်စား မိသားစုနေထိုင်သည့် သုံးပင်အိမ်ကလေးဖြစ်သည်။ ထိုအိမ်ကလေးမှာ လေးထောင့်သစ်သားပုံးလေးတွေရှိသည်။ သစ်သားပုံးလေးတွေက အရှည်ရှစ်လက်မ၊ အနံခြောက်လက်မလောက်ဆီရှိသည်။ ထိုသစ်သားပုံးလေးတွေထဲမှာ ကောင်ရိုးမျှင်တွေရှိသည်။ မျက်နှစ်စာတစ်ဖက် အပေါ်ပိုင်းအပွင့် လုပ်ထားသော သစ်သားပုံးကလေးတွေသည် စာငှက်ကလေးတွေအတွက် အိမ်ဖြစ်သည်။ ” သူတို့နေစရာရတာပေါ့။ ဒီလိုလုပ်ပေးလို့ဘာမှကုန်တာမဟုတ်ဘူး။ သစ်သားအတိုအပြတ်လေးတွေရှာရိုက်ထားတာ” လို့ အိမ်ရှင်ဦးလေးကြီးကပြောသည်။ လူကမချမ်းသာသော်လည်း ၊ အိမ်မှာ မကောင်းသော်လည်း တိရစ္ဆာန်ငှက်ကလေးတွေအပေါ်မှာ ထားသော သူ့စေတနာမှာကောင်းလှပါသည်။ တကယ်တော့ ကျွန်တော်တို့တွေသည် ကိုယ့်အတွက်သာ စဥ်းစားကြပြီး ကိုယ့်လိုပဲ အသက်ရှိသောတိရိစ္ဆာန်တွေအတွက် စာနာထောက်ထားတတ်သော စိတ်နည်းပါးကြပါသည်။ သစ်တစ်ပင်ခုတ်ပြီး သစ်သားရဖို့သာစဥ်းစားသည်။ ထိုအပင်ကိုလာနေကြ ငှက်တွေအတွက် မစဥ်းစားကြပါ။ စားကျက်မြေကို လယ်လုပ်ဖို့သာစဥ်းစားပြီး နွားတွေအတွက် ထည့်သွင်းစဥ်းစားခြင်း မရှိပါ။ နောက်ဆုံး တောတစ်တောကိုရှင်းပစ်ဖို့၊ တောင်တစ်တောင်ကိုဖြိုပစ်ဖို့ ကိစ္စတွေမှာတောင် တိရိစ္ဆာန်တွေအတွက် […]

စိုးရိမ်စရာကမ္ဘာကြီးအကြောင်း ပညာရှင်တွေ ပြောပြီ

တနင်္လာနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ကမ္ဘာ့သမုဒ္ဒရာ ရေထုအပူချိန်ကို တိုင်းတာတဲ့ သုတေသန ရလဒ်အရ ကမ္ဘာကြီးက စက်မှုခေတ်မတိုင်မီကထက် ၁.၅ ဒီကရီ ပိုပြီး ပူနေတာမဟုတ်တော့ဘူးတဲ့ ။ ၁.၈ ဒီကရီတောင် ကျော်နေပြီလို့ ဖော်ပြပါရှိပါတယ်။ သုတေသီတွေက ရေထုရဲ့ အပူချိန်တင်သာမကဘဲ ၊ ရေထဲမှာရှိတဲ့ အက်ဆစ်ပြင်းအားနဲ့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် လယ်ဘယ်ကိုပါတိုင်းတာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သမုဒ္ဒရာရေအောက်ထဲက နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရေမြုပ် ၆မျိုးကို ဆက်ပြီလေ့လာခဲ့ပါတယ်။ ပတ်ဝန်ကျင်ပြောင်းလဲမှုကြောင့် အဲ့ဒိ ရေမြုပ်တွေ ဘယ်လို ပြောင်းလဲလာသလဲဆိုတာကိုပါ တွေ့ရှိခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုသည် ကျွန်ုပ်တို့ထင်သည်ထက် ပိုမိုလျင်မြန်စွာ အရှိန်မြှင့်လာနေကြောင်း ရေနက်ပိုင်း ရေမြှုပ်များ၏ အပူချိန်မှတ်တမ်းများက ဖော်ပြနိုင်ပါသည်။ ကာရေဘီယံပင်လယ်အတွင်းမှ ရာစုနှစ်များစွာ သက်တမ်းရှိ လက်တစ်ဆုပ်စာမျှရှိသော […]

ဆောင်းအတိတ် လွမ်းရိပ်ဝေ

အညာနွေ၊ အညာမိုးနဲ့ အညာဆောင်းကား တမူထူးခြားတာတော့အမှန်ပဲဖြစ်ပါတယ်။ အညာနွေ၊ ဘယ်လောက်ပူပူ တမာရနံ့သင်းသင်းနဲ့ အညာဒေသရဲ့ ဖုန်လုံးကြီးတွေကိုက စွဲဆောင်မှုတစ်မျိုး ဖြစ်နေတတ်တာမဟုတ်လား ။ အညာမိုးလား၊ မရွာရင်လည်း နေပေဦးရော့။ ရွာပြီဟေ့လို့ ဆိုလိုက်ရင်ဖြင့် သည်းသည်းမည်းမည်း ထစ်ချုန်းမြည်ဟည်းပြီးကို ရွာတတ်ပြန်သေးတာ။ အညာဆောင်း၊ ချမ်းရင်လည်းခိုက်ခိုက်တုန်အောင်ချမ်း သမို့ “ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်းပုံဖျက်” လို့တောင် ဆိုစမှတ်တွင်ခဲ့ရတဲ့ အထိ။ ကျွန်မတို့အိမ်ရှေ့က ကွင်းပြင်မှာ ဝါးခြမ်းပြားတွေကို ထန်းလျှော်နဲ့တုပ်ပြီး ကွပ်ထားတဲ့ ကွပ်ပျစ်ချပ်ကြီးတစ်ချပ်ကို ပျဉ်ငုတ်တွေပေါ်မှာ တင်ပြီး ခင်းထားတယ်။ ဒီကွပ်ပျစ်ကြီးပေါ်မှာ ထိုင်ရင်း လက်ဖက်ရည်ကြမ်းတစ်အိုး၊ လက်ဖက်သုပ်လေးတမြုံ့မြုံ့နဲ့ စကားစမြည်တွေပြောခဲ့ကြတာလည်း ရွာဓလေ့တစ်ခုလို့ပဲပြောရပေမယ်။ ခုလိုဆောင်းတွင်းကာလရောက်လာရင်တော့ မနက်လင်းတာနဲ့ အအေးဒဏ်ကိုခံနိုင်ဖို့ အိမ်ရှေ့ကွင်းပြင်လေးမှာ ထန်းလက်ခြောက်လေးတွေနဲ့ ထင်းခြောက်လေးတွေစုပြီး မီးဖို ဖိုလို့ မိသားစုတွေဝိုင်းဖွဲ့မီးလှုံတတ်ကြတယ်။ မီးလှုံရင်း ပြောင်းဖူးလေးကို […]

”ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါများကို ထိခိုက်ပျက်စီးစေသော မိုက်ခရိုပလတ်စတစ်များ”

              မိုက်ခရိုပလတ်စတစ်များ (Microplastics)ဆိုသည်မှာ ကျွန်ုပ်တို့၏ သမုဒ္ဒရာများတွင်ရှိပြီး အရွယ်အစား ၅မီလီမီတာအောက်ရှိ​သော ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ထိုမိုက်ခရိုပလတ်စတစ်များကြောင့် ပင်လယ်သမုဒ္ဒရာရှိ ရေနေသတ္တဝါများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး အစာကွင်းဆက်ကိုလည်းဆိုးရွားစွာအန္တရာယ်ပေးလျက်ရှိပါသည်။ထို့ကြောင့် လည်း ၄င်းတို့ကို“ပင်လယ်ထဲက အသံတိတ်လူသတ်သမား”ဟု တင်စားခေါ် ဝေါ်ကြသည်။မိုက်ခရိုပလတ်စတစ်များ ဖြစ်ပေါ်လာပုံ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုအားနည်းခြင်းသည် မိုက်ခရိုပလတ်စတစ်များဖြစ်ပေါ်လာပုံနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ကို သတိပြုရမည်။ထိုအမှိုက်များ ရေထုထဲသို့ ရောက်လာပုံရောက်လာ နည်း ၃မျိုးရှိပါသည်။ပထမနည်းကတော့ – လူသားတို့၏ အမှိုက်များကို ရေထုထဲသို့ တိုက်ရိုက်သော်လည်းကောင်း၊သွယ် ဝိုက်၍သော်လည်းကောင်း မဆင်မခြင်စည်းကမ်းမဲ့စွန့်ပစ်ခြင်းတို့ကြောင့် ထိုအမှိုက်များ ရောက်ရှိလာ ရခြင်း၊ဒုတိယနည်းကတော့-သဘာဝဘေးအန္တရာယ်များကြောင့် ရေထုထဲသို့ ဝင်ရောက်လာခြင်း(ဥပမာ အားဖြင့်-မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်း၊ရေကြီးရေလျှံဖြစ်ခြင်း) နောက်ဆုံးနည်းကတော့-လူသားများ အဝတ်လျှော်သည့်အခါ အထူးသဖြင့် စက်ဖြင့်အဝတ်လျှော်သည့် အခါ အဝတ်အထည်များ လျှော်ဖွပ်ခြင်းတို့ကြောင့် ပလတ်စတစ်ဖိုင်ဘာအမျှင်လေးများ […]