သဘာဝပတ်ဝန်းကျင် ဆယ်လီ အလိုရှိသည်
ဆိုရှယ်မီဒီယာတွေ ထွန်းကားလာပြီး နောက်ပိုင်း celebrity လို့ ခေါ်တဲ့ လူသိများထင်ရှားသူတွေလည်း မှိုလိုပေါက်လာခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဆယ်လီတွေများစွာရှိကြပါတယ်။ ဂီတ၊ ရုပ်ရှင်ဘက်တွင်သာမက Tik Tok ဆယ်လီတွေလည်း အများကြီးရှိနေပါတယ်။ သူ့နေရာနယ်ပယ်လိုက် ဆယ်လီတွေ အားလုံးကိုပင် မသိနိုင်အောင်ထိ များပြားတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် ကျနော်တို့ဆီမှာ မရှိတာက သဘာပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ ဆယ်လီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ လှုံဆော် ဆောင်ရွက်မယ့် ဆယ်လီဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ဒေယွန်းလီဆိုတဲ့အမျိုးသမီးဟာ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုတိုက်ဖျက်ရေးမှာ ဦးဆောင်သူပါ။ သဘာဝပတ်ဝန်းကျင် ဆယ်လီတစ်ဦးပါ။သူမဟာ ကမ္ဘာတလွှားက K pop ဖန်တွေကိုစုစည်းထားတဲ့ K pop 4 planet ဆိုတဲ့ အဖွဲ့အစည်းကို ဦးဆောင်ပြီး သဘာပတ်ဝန်းကျင် အသိပညာပေးမှုတွေလုပ်ဆောင်နေသူဖြစ်ပါတယ်။ […]