Author Posts

အပူဒဏ်ကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ်သူတွေ ရှိလာ

မြန်မာနိုင်ငံက ဒေသတချို့မှာ အခု ဧပြီလဆန်းပိုင်းကစလို့ အပူချိန်တွေ ပိုမို မြင့်တက်လာတာကြောင့် ရုတ်တရက် သေဆုံး၊ သတိလစ် မေ့မျောသူတွေ ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ နေ့အပူချိန်တွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က မန္တလေးမြို့၊ ၂၆×၉၂ လမ်းရှိ သင်္ဂဇာချောင်း အရှေ့ဘက်လမ်းမှာ အသက် ၈၀ ဝန်းကျင်ခန့် အမျိုးသားကြီးတယောက် ရုတ်တရက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်သုခအသင်း (မန္တလေး) မှ သိရပါတယ်။ “ချောင်းဘေးမှာ အပေါ့သွားနေတုန်း ရုတ်တရက် ချောင်းထဲ ခေါင်းထိုးစိုက်ကျပြီး သေဆုံးခဲ့တာပါ။ ရာသီဥတု အပူချိန်လွန်ကဲမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သက်ကြီးရွယ်အို ကလေးငယ်တွေအတွက် အထူးဂရုစိုက်ပေးကြပါ” လို့ အဲဒီအသင်းက ပြောကြားထားပါတယ်။ ဧပြီ ၃ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ […]

အမေရိကန်တွေရဲ့ဘတ်ထရီ ထုတ်လုပ်မှုက မြင့်သထက်မြင့်လာနေပါတယ်

လစ်သီယမ်သံဖော့စဖိတ် (LFP) ဘက်ထရီဆဲလ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်သူဖြစ်သည့် American Battery Factory သည် Arizona၊ Tucson ရှိ ABF ၏ ပထမဆုံး gigafactory တွင် အသုံးပြုမည့် စိတ်ကြိုက် အလိုအလျောက် စက်ကိရိယာများနှင့် စက်ပစ္စည်းများကို လုံခြုံစေရန်အတွက် Lead Intelligent Equipment (LEAD) နှင့် ပူးပေါင်းထားကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ် ။ ABF သည် ၎င်း၏ US လုပ် LFP ဘက်ထရီဆဲလ်များကို ဘက်ထရီထုပ်ပိုးပေါင်းစည်းသူများနှင့် စွမ်းအင်သို လှောင်မှု ဖြေရှင်းချက်ပေးသူများမှ ဖြန့်ကျက်ရန် ဒီဇိုင်းထုတ်ထားကြောင်း၊ စျေးကွက်အများအပြား တွင် အသုံးအဆောင်များ၊ ဒေတာစင်တာများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စီးပွားဖြစ်/စိုက်ပျိုးရေး ကိရိယာများ၊ ပါဝါကိရိယာများ၊ အထူးပြုစျေးကွက်များနှင့် နိုင်ငံတော်ကာကွယ်ရေးအပါအဝင် […]

ပြင်သစ်အိုလံပစ်ပွဲကို အပူလှိုင်းက အနှောက်အယှက်ပေးသွားနိုင်

ဥရောပမှာကတော့ ဇူလိုင် ၊ ဩဂုတ် ဆိုတာ နွေရာသီထဲကို ကျရောက်နေတဲ့ အချိန်အခါပဲဖြစ်ပါတယ် ။ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ် ။ အားကစားသမားပေါင်း ၁၀၅၀၀ က အားကစားနည်း ၃၂ မျိုးအတွက် ပြိုင်ပွဲပေါင်း ၃၂၉ ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ ။ ပြင်သစ်နိုင်ငံ မြို့တော် ပါရီက အားကစားရုံတွေမှာ ကစားပွဲမှ ပွင့်လင်းမြင်သာမှုဆီသို့ ဆိုတဲ့ ဆောင်ပုဒ်တွေကို ကပ်ထားပြီးနှင့်ကြပါပြီ ။ ပါရီမြို့တော်ဝန် အန်နီဟီဒယ်ဂိုက ပါရီအိုလံပစ်ကို အတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီ( အစိမ်းရောင်) ဖြစ်ဖို့အတွက် အားထုတ်ထားပါတယ် ။ ၂၀၁၂ တုန်းက လန်ဒန်အိုလံပစ် ၊ ၂၀၁၆ တုန်းက ရီယို […]

အပူလောင်ဆုံးနေ့များကို ဖြတ်သန်းခြင်း

ထိသမျှအရာတိုင်း၊ မြင်သမျှအရာတိုင်းပူနေသည်ဟု ခံစားနေရသည်။ ထိုင်နေတဲ့ ထိုင်ခုံကလည်းပူသည်။ မြင်နေရတဲ့ မြင်ကွင်းတွေကလည်း ပူသည်။ ကြားရတဲ့ အသံတွေတောင် ပူနေသလား ထင်ရပါသည်။ ရှေးလူကြီးတွေဆိုခဲ့သည့် ပူတယ်လေ ဆယ်နွေကဲ ဆိုတာ ဒါပဲဖြစ်ရမည်။ မိုးလေဝါသပညာရှင်တွေက ယခုဧပြီလဆန်းကစ အယ်နီညိုအပူလှိုင်းဖြတ်သည်။ သင်္ကြန်ကျပြီးသည့်ချိန်မှ အပူချိန်အနည်းငယ်ကျမည်ဟုဆိုသည်။ ယခုအချိန် ဘာမှပျော်ရွှင်စရာမရှိသော သင်္ကြန်ကို အမြန်ရောက်ပါစေ ဆုတောင်းရမလိုဖြစ်နေသည်။ ယခုအပူက အိုက်စပ်သောအပူမဟုတ်။ လောင်သောအပူဖြစ်သည်။ နေပူထဲခဏထွက်လိုက်လျှင် အသားတွေအပူလောင်နေသလားထင်ရအောင်ပူသည်မှာ တော့တော်အချိန်ကြာသည်။ အပူလွန်ကဲတော့ အစားစားချင်စိတ်တွေလည်းမရှိ။ ရေကိုသာတွင်တွင်သောက်နေရသည်။ သောက်ရေတွေကလည်း အေးသလားဆိုတော့ ထင်သလောက်မအေး။ သောက်ရေတွေကိုအေးအောင်နည်းလမ်းအမျိုးမျိူးနဲ့ထားတော့လည်း ထူးမအေးပါ။ အားလုံးကပူနေသည်ကိုး။ရေခဲရေကျပြန်တော့လည်း လူနဲ့မတည့်။ ဆရာဝန်တွေကလည်း အပူလှိုင်းဖြတ်တဲ့အချိန်မှာ ရေခဲရေတွေမသောက်ဖို့၊ ဖြစ်နိုင်လျှင် ရေနွေးသောက်ဖို့ အကြံပေးထားကြသည်။ ပူလောင်လွန်းသဖြင့်အစားနည်းသည့်ကြားက ဝမ်းချုပ်တတ်တာကလည်း ပြသနာတစ်ခုဖြစ်သည်။ ဝမ်းနုတ်ဆေးကိုလည်း ဇွတ်စားလို့မဖြစ်။ ရှေးလူကြီးတွေက […]

ရေကို စုဆောင်း သိုလှောင် ချွေတာကြမှသာလျှင်

(၁) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ရေကြည်၊ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာပေါင်း ၉၀ ကျော်၌ ရေရှားပါးမှု ဖြစ်ပေါ်နိုင်ကြောင်း ဧပြီ ၁၀ ရက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ယင်းဒေသများသည် ကန်ရေကို အဓိထား သုံးစွဲနေရသည့် ဒေသများ ဖြစ် သည်။ ထိုဒေသများတွင် ယခင်နှစ်မိုးရာသီက မိုးရေချိန်နည်းပါးခဲ့ခြင်းနှင့် ယခုနှစ်တွင် နေပူချိန်မြင့်တက်ခြင်းတို့ ကြောင့် ရေခန်းခြောက်မှု ဖြစ်ပေါ်နိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူတို့က အသိပေး ပြောကြားခဲ့ခြင်းဖြစ် သည်။ ဧရာဝတိတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၉၇ ရွာ၌ တွင်းတိမ် တွင်းနက်နှင့် မြေသားရေကန်များ တူးဖော်ခြင်း စိမ့်စမ်းများမှ ရေသွယ်ခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် က […]

ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းကျချိန် ပိုကြာတာလည်း ပါနေတယ်လို့ဆို

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်နေတဲ့အထဲမှာ အပူလှိုင်းကျရောက်မှု အချိန်တွေ က ပိုပိုပြီးကြာလာတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုလာပါတယ် ။ ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာတစ်ဝှမ်းရှိ ဧရာမအပူလှိုင်းများ ရွေ့လျားမှုနှေးကွေးသွားစေပြီး ကြီးမားသော ဧရိယာများထက် အပူချိန်ပိုမိုမြင့်မားလာကာ လူများကို အချိန်ပိုကြာအောင် မီးဖုတ်ပေးနေသလို ဖြစ်နေကြောင်း လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ ၁၉၇၉ ကတည်းက ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းများရဲ့ ရွှေ့လျားမှုက ၂၀ ရာခိုင်နှုန်း ပိုမိုနှေးကွေးလာပြီး လူများ အပူကို ပိုမိုကြာရှည်စွာ ခံစားရလေ့ရှိလာပါတယ်။ အဲ့ဒါက ၆၇ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိကြောင်း Friday’s Science Advances ရဲ့ လေ့လာမှုအရ သိရပါတယ် ။ အပူလှိုင်းများတွင် အမြင့်ဆုံးအပူချိန်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကထက် ပိုမိုပူနွေးလာပြီး အပူအမိုးခုံးအောက်ရှိ ဧရိယာသည် […]

ကမ္ဘာ့ရာသီဥတုအပြောင်းအလဲနှင့် ငါးမွေးမြူရေးကဏ္

လူသားတို့ မှီတင်းနေထိုင်ရာ ကမ္ဘာမြေကြီးမှာ ရေထုအပူချိန်မြင့်တက်လာမှု၊ ပင်လယ်ရေမျက် နှာပြင်မြင့်တက်လာမှု၊ ပင်လယ်သမုဒ္ဒရာရေရဲ့ ဆားငန်နှုန်းနဲ့ ချဥ်ဖန်နှုန်း pH ပြောင်းလဲလာမှု၊ရေခဲတောင် ကြီးများ အရည်ပျော်လာမှု၊ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာမှု၊အချို့နေရာဒေသတွေမှာ မိုးခေါင်လာမှုနှင့် ငါးအုပ်များရဲ့အစုအဖွဲ့ကြွယ်ဝမှုလျော့ပါးလာတဲ့ အခြေအနေတွေဟာ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတို့ရဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ အဲသည်လို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အကြောင်းတရားတွေဟာ ရေလုပ်ငန်း ဆိုင်ရာလုပ်ငန်းရပ်များဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနှင့် ငါးမွေးမြူခြင်းလုပ်ငန်းတွေပါ ခြိမ်းခြောက်လျက် ရှိပါတယ်။ရာသီဥတုပြောင်းလဲမှုဟာ စီးပွားရေးလုပ်ငန်းကိစ္စအဝဝနဲ့ ပတ်ဝန်းကျင်သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့မှုကို ထိခိုက်စေသည်ဆိုသော်လည်း အဆိုးထဲက အကောင်းဆိုတဲ့အချက်အနေနဲ့ ရှုမြင်ရရင် ငါးမွေးမြူရေးလုပ်ငန်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ငါးမွေးမြူရေးအခွင့်အလမ်းအသစ် အချို့ ပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။အဲဒါကတော့ အအေးပိုင်းဒေသများမှာငါးများကြီးထွားဖို့ အချိန်ကာလကြာရှည်အောင် မွေးခဲ့ရသော်လည်း ရာသီဥတုပြောင်းလဲလို့ အအေးပိုင်းဒေသများ ပူနွေးလာခဲ့ရင် မွေးမြူရေးငါးများကြီးထွားနှုန်း ပိုမိုမြန်ဆန်ပြီး ထုတ်လုပ်မှုမြင့်မားလာနိုင်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ရာသီဥတုဖောက်ပြန်မှုနှင့် […]

သဘာဝဘေးဒဏ် အသေးစားတွေကြောင့်

လေကြမ်းတိုက်တယ်ဆိုတာ မုန်းတိုင်းမဟုတ်တဲ့အတွက် သဘာဝဘေးဒဏ် အသေးစားလေးပါ။ ဒါပေမယ့် ဒီသဘာဝဘေးဒဏ်အသေးစားလေးတွေကို တောင် ခံနိုင်ရည်စွမ်းမရှိတဲ့ နေရာတွေ ကျွန်တော်တို့ နိုင်ငံမှာရှိနေတာ သိကြမှာပါ။ မတ်လအတွင်း လေကြမ်းတိုက်ခတ်လိုက်တော့ မိုးကာနဲ့နေကြရသူတွေခမျာ အတော်ဒုက္ခများကြရရှာပါတယ်။ မိုးကာတဲနဲ့နေနေကြရသူတွေအတွက် ခုလိုနွေရာသီမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါ။ ဒါကြောင့် နေ့ခင်းပိုင်းတွေမှာ အရိပ်ရအပင်တွေကို အားကိုးကြရမှာ ဖြစ်ပါတယ်။ သစ်ပင်ကြီးရှိတဲ့နေရာတွေမှာ နေကြရသူတွေအဖို့ ခံသာပေမယ့် သစ်ပင်ကျိုးတဲ့ကျဲတဲနေရာမှာ နေနေကြရသူတွေအဖို့တော့ မလွယ်လှပါဘူး။ ချင်းတောင်ပေါ်ကနေအိမ်တွေလည်း လေကြမ်းဒဏ်ကြောင့် အမိုးတွေလန်၊ အကာတွေလန်နဲ့ ခုမတ်လအတွင်း တော်တော်ပျက်စီးကြတယ်လို့ သတင်းတွေအရသိရပါတယ်။ ချင်းပြည်နယ်က ကန်ပက်လက်မှာ နေအိမ် ၁၀၀ ကျော်၊ မင်းတပ်မှာ နေအိမ် ၂၀၀ ဝန်းကျင်အထိ မတ်လအတွင်း လေကြမ်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒီပျက်စီးမှုသတင်းတွေဟာ ပုံမှန်အခြေအနေမှာ လူစိတ်ဝင်စားလောက်တဲ့ သတင်းတွေဖြစ်ပေမယ့် လက်ရှိအနေအထားအရ အာရုံစိုက်ခြင်းမခံရပါဘူး။ […]

နေစွမ်းအင်သုံးလျှပ်စစ်ကား (EV) အားသွင်းနည်းပညာများကို တီထွင်သူ Enteligent ကုမ္ပဏီ ရဲ့ CEO နဲ့ ပူးတွဲတည်ထောင်သူ Sean Burke နှင့် အင်တာဗျူး… အဆက်

POWER ။ ။ Enteligent က နေရောင်ခြည်စွမ်းအင်သုံး ဖြေရှင်းချက်များကို ပေးဆောင်ဖို့အတွက် ချဉ်းကပ်နည်းကို ဘယ်လို မျှဝေမှာလဲ။ Burke ။ ။ Enteligent အဖွဲ့က နေရောင်ခြည်စွမ်းအင်သုံး နှင့် EV စျေးကွက်များတစ်လျှောက် ထုတ်လုပ်မှု တိုးမြှင့်ရန် တောင်းဆိုနေသော နည်းပညာမြင့်စက်မှုလုပ်ငန်းမှ သက်သေပြထားတဲ့ အကောင်းဆုံး အလေ့အကျင့်များကို အသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လုပ်ခြင်းဆိုင်ရာ စိန်ခေါ်မှုကို ဆန်းသစ်တဲ့တွေးခေါ်မှုကို ယူဆောင်လာပါတယ် ။ ကျနော်တို့ရဲ့ အဆက်မပြတ်စွမ်းဆောင်ရည်မြှင့်တင်မှု၊ ထိရောက်မှုနှင့် တိုက်ရိုက် လက်ရှိ စနစ် ဒီဇိုင်းတို့ကို အလေးပေးထားသည့် ကွန်ပျူတာစက်မှုလုပ်ငန်းတွေက LED မီးအလင်းရောင်နှင့် HVAC (အပူပေးခြင်း၊ လေဝင်လေထွက်၊ လေအေးပေးစက်) စနစ်များကဲ့သို့သော စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးမှာအလေးပြုထားပါတယ်။ မူရင်း DC ဖော်မတ်တွင် […]

အနာဂတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။ တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ […]