Author Posts

မြစ် ချောင်းများ အသက်ရှည် ကျန်းမာကြပါစေ

အခုတလော ကျွန်တော့် ခေါင်းထဲ မြစ် ချောင်းများအကြောင်းက မင်းမူနေခဲ့သည်။ မြစ် ချောင်းများ အကြောင်း တွေးနေမိသည်။ “မြစ် ချောင်းများ ကျန်းမာပါစေ” ဟုလည်း မကြာခဏ ဆုတောင်းနေမိသည်။ ကျွန်တော် ထိုသို့ ခံစားနေရသည်မှာ ရက်သတ္တပတ်အနည်းငယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ ခံစားနေရသလဲဆိုလျှင် ကျွန်တော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာထဲသို့ ရောက်လာသော ဓာတ်ပုံတစ်ပုံ ကြောင့်ပင် ဖြစ်သည်။ ယင်းဓာတ်ပုံမှာ အခြားမဟုတ်။ ကျွန်တော့် မွေးရပ်မြေမှ ချောင်းကလေး၏ ဓာတ်ပုံ ဖြစ်သည်။ ထိုချောင်းကလေးသည် ကျေးရွာ အုပ်စုကြီးနှစ်ခု၊ ကျေးရွာ ၁၀ ရွာကျော်၏ အသက်သွေးကြော ဖြစ် သည်။ ကူးသန်းရောင်းဝယ်ရေး၊ သွားလာရေးအတွက် အချက်အချာ ဖြစ်ခဲ့သည်။ ဟိုးအရင်က အကျယ်ပေ ၃၀၀၊ […]

ရေနံ သဘာဝဓာတ်ငွေ့နဲ့ ချမ်းသာနေတဲ့ အာရပ်နိုင်ငံတွေမှာ အစိမ်းရောင်စွမ်းအင်သုံးဖို့ ပြင်ဆင်လာပြီ

ရုပ်ကြွင်လောင်စာဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ အာရပ်နိုင်ငံတွေ နဲ့ အာဖရိကမြောက်ပိုင်း နိုင်ငံတွေကို အာရပ်ဖိုရမ်က အစိမ်းရောင်စွမ်းအင်တွေဖြစ်တဲ့ လျှပ်စစ်စွမ်းအင် နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်တွေကို ဒေသတွင်းမှာ တွင်တွင်ကျယ်ကျယ်သုံးနိုင်အောင်လို့ ပြင်ဆင်ကြပါဆိုပြီး စွမ်းအင်သစ်လှုတ်ရှားမှုအတွက် ဆော်သြထားပါတယ်။ ဂျော်ဒန်နိုင်ငံမှာကျင်းပတဲ့ ၈ ကြိမ်မြောက် အာရပ်ဖိုရမ်မှာ ဒေသတွင်း နိုင်ငံတွေမှာ လျှပ်စစ်ကားထုတ်လုပ်မှု အရှိန်မြှင့်လုပ်ဆောင်ရန်အတွက် တိုက်တွန်းထားပြီး ဟိုက်ဒရိုဂျင်စွမ်းအင်နဲ့ပတ်သက်ပြီး လုပ်လို့ရနိုင်သလောက် လုပ်ကိုင်ဖို့ ကိုလည်း တိုက်တွန်းထားပါတယ် ။ နောက်ပြီး ဒေသတွင်းက တက္ကသိုလ်တွေမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၊ စွမ်းအင်ထိရောက်စွာ ထုတ်လုပ် ရရှိနိုင်တဲ့ နည်းလမ်း နဲ့ စမတ်စီတီးမြို့များ ဖန်တီးနိုင်မယ့်ဒီဇိုင်းတွေ ကို သုတေသနလုပ်ဖို့ ၊ စမ်းသက်မှုတွေ လုပ်ဖို့အတွက် ဖိအားပေး တောင်းဆိုမှုတွေကို လုပ်နေပါတယ်။ […]

“အပင်နှင့် သစ်တော ထိန်းသိမ်းပါ ဂေဟစနစ်တည်မြဲဖို့ရာ “

“ပဒေသာပင်‌မြေမှ ပေါက်သကဲ့သို့” ဟု ဆိုရလောက်သော ကမ္ဘာမြေသည် ရှေးယခင်က လူသားတို့ လိုအင်မှန်သမျှကို ပေးစွမ်းဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အပင်မျိုး‌ ပေါင်း ထောင်ကျော် အပါအဝင် ဇီဝမျိုးကွဲများဖြင့် တင့်တယ်ခဲ့သည်။ ခုနှစ်၊ သက္ကရာဇ်တို့ တစ်နှစ်ပြီး တစ်နှစ်ပွားများလာရာ လူဦးရေများကလည်း တစ်နေ့ထက် ‌တစ်နေ့ တိုးပွားလာ ကြသည်။ တီထွင်ကြံဆမှုများနှင့် နည်းစနစ်များ ပြောင်းလဲဖြစ်ပေါ်ပြီးနောက် ၂၁ရာစုတွင် လူသားတို့၏ အတောမသတ်လိုသော လောဘနှင့် တိုးတက်လိုစိတ်တို့က ဂေဟစနစ် ယိုယွင်းမှု အန္တရာယ်ကို လက်ယက် ဖိတ်ခေါ်နေတော့သည်။ ဆီဆည်ရွာသား ဦး‌အောင်ကြီးက “တောင်လည်းသာမော၊ တောလည်းသာထွေ၊ ရေလည်း သာလှ ဖြူလွှ သောင်ပြင်၊ငှက်ပေါင်းယှဉ်လျက်”ဟု သဘာဝပတ်ဝန်းကျင် အလှကို ဖွဲ့ဆိုခဲ့သည်။ မှန်ပါသည်။သဘာဝပတ်ဝန်းကျင် အလှတွင် တော၊တောင် သဘာဝ သာမက အပင်များ ၊ကျေးငှက် […]

မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

“ မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေအတက်အကျ လုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာ စီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူ ပြုနေကြတယ်။ အခုနောက်ပိုင်း လူတွေက မြစ်တွေ ညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေ ခမျာ အသက်ကို ပုံမှန် မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက် ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ် ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်” အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ် တူညီတဲ့ စကားတွေကို စာရေးသူ သတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခု သစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘ တစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) […]

လျှပ်စစ်ကား ဘတ်ထရီတွေကို ရီဆိုက်ကယ်ပြန်လုပ်လို့ ရနိုင်တယ်လို့ ပြောပြီ

ဆွီဒင်သုတေသနပညာရှင် တစ်စုက လျှပ်စစ်ကားဘတ်ထရီတွေကို ရီဆိုက်ကယ်ပြန်သုံးလို့ရမယ့် နည်းလမ်း တွေကို တွေ့ရှိထားပြီလို့ဆိုပါတယ်။ သူတို့အဆိုအရ ဘတ်ထရီထဲက အလူမီနီယံတွေကို ၁၀၀ ရာခိုင်နှုန်း ပြန်သုံးနိုင်ပြီး လစ်သီယံတွေကိုတော့ ၉၈ ရာခိုင်နှုန်း အထိပြန်သုံးလို့ ရတယ်လို့ သိရပါတယ်။ သူတို့တွေ့ထားတဲ့နည်းလမ်းက EV ဘက်ထရီများတွင် တွေ့ရှိရသည့် အဖိုးတန်သတ္တုများကို ပြန်လည်ရယူနိုင်ပြီး အဲ့ဒိလုပ်ငန်းစဉ်မှာ ဈေးကြီးသော သို့မဟုတ် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အသုံးပြုရန် မလိုအပ်ကြောင်း သိပ္ပံပညာရှင်များက ပြောခဲ့ပါတယ် ။ “နည်းလမ်းကို ချဲ့ထွင်နိုင်သည်နှင့်အမျှ ၊ ၎င်းကို နောင်နှစ်များတွင် စက်မှုလုပ်ငန်းတွင် အသုံးပြုနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု သုတေသနခေါင်းဆောင် Martina Petranikova က ပြောကြားခဲ့ပါတယ်။ လက်ရှိ ရေကိုအခြေခံသော ပြန်လည်အသုံးပြုနည်းကို Hydrometallurgy လို့ခေါ်ပါတယ်။ […]

သရွတ်သွပ်ကိုကာကွယ်ကြ

(ဧရာဝတီတိုင်းဒေသကြီး ဝါခယ်မမြို့ တစ်ဖက်ကမ်းရှိ သရွတ်သွပ်ချောင်းလေးနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကဗျာဆရာမောင်သက်ငြိမ်က ရေးသားခဲ့တာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်) ကွယ်လွန်သွားပြီဖြစ်သောကဗျာဆရာနှစ်ယောက်၏ကဗျာနှစ်ပုဒ်မှ ကဗျာအပိုင်းအစအနည်းငယ်ကိုတင်ပြလိုသည်။ ပထမတပုဒ်မှာ ကဗျာဆရာ “မောင်ချောနွယ်”၏”ရေထဲမြို့”ကဗျာ… “ဟောဒီမှာ မြို့လေးတမြို့လေ ကဗျာဆရာ”မာလာမေ”မြင်မသွားခဲ့ဖူးတဲ့မြို့ မြို့လေးတမြို့လေ သူ့လယ်ကွင်းရင်ဘတ်ထဲက သော်ကဘုရားရယ် သူ့နှလုံးသားရင်ဘတ်ထဲ ဝင်ဝင်ခွေ့တတ်တဲ့မြောက်ပြန်လေရယ် အဲဒီမြောက်ပြန်လေကပွေ့ပွေ့လာတဲ့ စပါးပင်ပျိုမလေးရဲ့ကိုယ်နံ့လေးရယ် လမုပင်အုပ်ကလေးနဲ့ ချစ်ကြိုးသွယ်နေသူ သရွတ်သွပ်ချောင်းကလေးရယ်” ဒုတိယတပုဒ်မှာ ကဗျာဆရာ”ငွေယံဦး”၏”မွှေးတို့ရဲ့မြို့”ကဗျာ… “ခွေးပေါက်စတွေစုပြုံနို့စို့သလိုဆိပ်ကမ်းမှာ လှေတွေ ပဲ့ထောင်တွေရယ် ကူဘိုတာစက်တွေက နေ့နေ့ညညမြစ်ကို တဖူးဖူးမှုတ်တယ် ဝါးခယ်မကိုရောက်မှဖြစ်မယ်ပြောတဲ့ သရွတ်သွပ်ချောင်းကလေးရယ်” ကဗျာနှစ်ပုဒ်လုံးတွင် ချောင်းကလေးတချောင်းအမည်ပါဝင်နေသည်။ “သရွတ်သွပ်”တဲ့ မြို့ကိုမြှားတစင်းချိန်ထားသလို တဖက်ကမ်းမှလှမ်း၍ချိန်ရွယ်ထားသောချောင်းကလေး ဝါးခယ်မ-ကျွန်းကုန်း-အိမ်မဲ- ကျောင်းကုန်းလမ်း၏ အရေးပါသောချောင်းကလေး၊ ဘိုးဘွားဘီဘင်လက်ထက်ကစ၍ “ညောင်ဝိုင်း”ဒေသနှင့် “ရွာသစ်”ဒေသကို ပုခုံးတဖက်ဆီမှာ ထမ်းပိုးတာဝန်ကျေခဲ့သောချောင်းကလေး၊ လမုပင်အုပ်ဆိုင်းဆိုင်းတို့နှင့် စိမ်းလန်းခဲ့သောချောင်းကလေး၊ မဗေဒါတို့တသိုက် […]

ကျားမြူးတောင်

နေပြည်တော်ကနေရန်ကုန်ကိုသွားတိုင်းလမ်း ညာဘက်မှာ ကျားမြူးတောင် ပီယသိဒ္ဓိစေတီတော် ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့နေခဲ့တာ ကြာပါပြီ။ ထူးဆန်းတဲ့ နာမည်ကြောင့် ဒီတောင်ပေါ်ကို တက်ကြည့်မယ်လို့ စိတ်ကူးပေမယ့် အကောင်အထည်မဖော်ဖြစ်ဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် နေပြည်တော် – ရန်ကုန်ခရီးစဉ်မှာ ဝင် ဖြစ်အောင်ဝင်ခဲ့တယ်။ ကျားမြူးတောင်ရှိတဲ့နေရာက အမြန်လမ်း မိုင်တိုင် ၁၂၂ / ၅ မှာဖြစ်ပါတယ်။ နေပြည်တော်ဘက်က လာရင်ညာဘက်အခြမ်းမှာရှိပါတယ်။ ကားလမ်းပေါ်က လှမ်းကြည့်ရင် မုခ်ဦးနဲ့ စောင်းတန်းအမိုးကို လှမ်းမြင်ရတယ်၊သစ်တောဖုံးနေတဲ့အတွက်စေတီကိုမမြင်ရဘူး။တောင်ပေါ်မှာ ဘယ်လို အဆောက် အအုံတွေရှိတယ်ဆိုတာလည်း မသိနိုင်ဘူး။ အဝင်လမ်းက ကားတစ်စီးစာ ကွန်ကရစ်လမ်းဖြစ်ပါတယ်။ တောင်ခြေနားရောက်တော့ နောက် ထပ် မုခ်ဦးတစ်ခုတွေ့တယ်။ မုခ်ဦးအကျော်မှာ တောင်ပေါ်တက်တဲ့စောင်းတန်းရှိတယ်။ တောင်ခြေမှာ ကားရပ်ထားပြီး တောင်ပေါ်ကို စောင်းတန်းအတိုင်းတက်ရမယ်လို့ထင်ထား ပေမယ့် မဟုတ်ဘူး။ စောင်းတန်းဘယ်ဘက်မှာ […]

HEC Solar ကို တည်ထောင်သူ CEO ဗလာဒီမာတာဘူတော့ဗ်နှင့် စကားစမြည်

အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပမယ့် ၁၃ ကြိမ်မြောက် ဘောလကန်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကွန်ဖရင့် မတိုင်မီ အကြိုအင်တာဗျူးအနေနဲ့ ဘူဂေးရီးယား နိုင်ငံက Renewable Energy ၊ Photovoltaics ၊ Power Generation ၊ Climate Change ၊ Power Plants ၊ Energy Project Finance ၊ Solar Energy ၊ Sustainability နဲ့ Alternative Energy လုပ်ငန်းများ လုပ်ကိုင်နေတဲ့ CEO ဗလာဒီမာ တာဘူတော့ဗ် နှင့် Renewables Now မဂ္ဂဇင်းတို့ တွေ့ဆုံစကားပြော ဖြစ်ခဲ့ပါတယ်။ HEC Solar သည် photovoltaic […]

COP 28 က လာတော့မယ် ဘာတွေ လုပ်ကြမှာလဲ

နောက်လဆိုရင် ရေနံရောင်းစားနေတဲ့ နိုင်ငံဖြစ်တဲ့ UAE နိုင်ငံမြို့တော် ဒူဘိုင်းမှာ ကုသမဂ္ဂရာသီဥတုဆိုင်ရာ ကမာ္ဘ့ညီလာခံကြီးကို ကျင်းပတော့မှာပါ ။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် ကမ္ဘာကြီးက ကာဗွန်ဒိုင်အောက်ဆိုက်တွေနဲ့ မွန်းကြပ်ပြီး ကမာ္ဘ့လေထု ပူနွေးလာကာ ရာသီဥတုပြောင်းလဲမှုဖြစ်နေပါတယ်။ ဒီကနေ့ ( အောက်တိုဘာလ ၁၆ ရက်နေ့ ) မနက်ပိုင်းမှာ COP 28 ပွဲကျင်းပဖို့အတွက် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်းကြီးများအစည်းအဝေးလုပ်ခဲ့ကြပါတယ်။ စွမ်းအင်ရရှိဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအသုံးပြုနေရတာကို ဖယ်ရှားဖို့အတွက် ကမာ္ဘ့ဘုံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဒီနေ့အစည်းအဝေးမှာလည်း သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ကမာ္ဘ့နိုင်ငံပေါင်း ၂၀၀ လောက်ပါတဲ့ COP ညီလာခံပွဲတွေမှာ ဥရောပသမဂ္ဂနိုင်ငံတွေက စေ့စပ်ညှိနှိုင်းရေးမှာ အမြဲပါဝင်နေခဲ့တာပါ ။ ဒါပေမဲ့ ကမာ္ဘကြီးက […]

ရေမျောသီးတွေကြွေတဲ့ည

ည၏လရောင်သည် ပါးပါးဝပ်ဝပ်ကလေးဖြင့်သာ ရိုးချောင်းကလေး၏ ရေလွှာအပေါ်သို့ ဖြန့်ကျက်အုံ့ဆိုင်း လွှမ်းခြုံလျက်ပင်ရှိပါသည်။ ဓနိတောများဆီသို့ တိုးဝှေ့လာခဲ့သော ညလေပြည်ကလေးများ၏ တဖျပ်ဖျပ်တချပ်ချပ်လက်ခတ်သံများသည် အနုစိပ်မှုန်းခြယ်တီးခတ်ထားသော နဒီဂီတတစ်ရပ်နှယ်ပင် အလှဆင်လျက်ရှိပါသည်။ လရောင်ညတစ်ည၏ ဆွဲအားထံ၌ ဒီရေများသည် လျင်မြန်သောအဟုန်ဖြင့် လှိုင်းပွက်ရိုက်ခတ်သံများဖန်တီးကာ ရွေ့လျားစီးဆင်းလျက်ပင်ရှိပါသည်။ သာမောဖွယ်ရာ လအဆင်းသည် နဒီသားလွှာ၏ ခုံးကြွလှိုင်းဖန်သားနှင့် အလင်းခတ်မိလေသောအခါ ငွေလဲ့ရောင်ပုလဲတန်းကလေးများသည် ရေလွှာပေါ်ဝယ် ပြေးလွှားဆော့ကစားနေသကဲ့သို့ပင်။ ညဥ့်နက်ပျိုကလေးတစ်ခု၏နရီသည် စည်းချက်ကျနစွာဖြင့် ရွာရိုးကလေးအား အုံ့သိုင်းလွှမ်းပတ်ထားလျက်ပင်ရှိပါသည်။ ဒီရိုးကလေးထံ မှေးတင်လျက်ရှိသော ရေဆင်းတံတားကလေးသည် လရောင်ကြဲကြဲအောက်ဝယ် ငြိမ်သက်တိတ်ဆိတ်လို့နေဆဲ။ မလင်းတလင်း ဆိုလာမီးရောင်များအောက်တွင်မူ ရွာရိုးကလေး၏ ငြိမ်ဆိတ်ခြင်း အနုရသများသည် လရောင်ညတစ်ခုကိုရေးဆွဲထားသော သက်ငြိမ်ပန်းချီတစ်ချပ်နှယ်ပင်ဖြစ်ပါသည်။ လေနရီသည် ညင်းပြေရာမှတစ်ဆင့် ညင်းထန်မှုအဆင့်သို့ ကူးပြောင်းဝင်ရောက်စပြုလာခဲ့ပါပြီ။ ညင်းထန်စပြုလာခဲ့သော လေနရီသည် ညတစ်ည၏ သင်းရနံ့တချို့ကို ဆွတ်ယူဆောင်လာခဲ့ပါသည်။ ဖြည်းဖြည်းညင်းညင်းကလေးဖြင့် အဆုပ်ထဲသို့ ရှိုက်သွင်းလိုက်မိတော့ […]