Author Posts

သဘာ၀အခြေပြု ဖြေရှင်းချက် ( Nature Base Solution) ဆိုတာ ဘာလဲ

(ဒီ Nature Base Solution ဆိုတာ ကမ္ဘာမှာတော့ လူပြောသူပြောများနေတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ ဒါဟာ သိထားသင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်သလို ဆက်ပြီး လေ့လာဆောင်ရွက်ရမယ့်ကိစ္စတစ်ခုဖြစ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်) သဘာဝအခြေပြုဖြေရှင်းချက်ဆိုတဲ့ဝေါ်ဟာရ ဆိုတာ လူအဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ အသွင်အပြင်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုခြင်းပါပဲ။ အဲ့ဒိစိန်ခေါ်မှုတွေမှာ ရာသီဥတုဖောက်ပြန်မှု ၊ သောက်သုံးရေလုံခြုံမှု ၊ရေထုညစ်ညမ်းမှု ၊ အစားအစာလုံခြုံမှု ၊ လူသားကျန်းမာရေး ၊ ဇီဝမျိုးကွဲဆုံးရှုံးမှု ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစီမံမှု အစရှိသည်တို့ ပါဝင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းချက် ( NBS) နဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ရဲ့ ဖွင့်ဆိုချက်မှာ၎င်းဖြေရှင်းချက်က ကုန်ကျစရိတ်သက်သာစွာနဲ့ အလိုအလျောက်ဖြေရှင်းပြီးသားဖြစ်တဲ့ […]

ရာသီဥတုပြင်းထန်လာမှုကြောင့် ကလေးသူငယ် သန်းပေါင်းများစွာ ရွှေ့ပြောင်းပေးနေရ

ယူနီဆက်ရဲ့ ဒီကနေ့အစီရင်ခံစာမှာ မုန်တိုင်းများ၊ ရေကြီးမှု၊ မီးလောင်ကျွမ်းမှုနှင့် အခြားသော ပြင်းထန်သော ရာသီဥတု ဖြစ်ရပ်များကြောင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း ကလေးငယ်များ ပါ၀င်သည့် နေရာပေါင်း ၄၃ သန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြပါရှိပါတယ်။ လာမယ့် နှစ် ၃၀ အတွင်း မြစ်ရေကြီးခြင်း၊ ဆိုင်ကလုန်းလေပြင်းနှင့် မုန်တိုင်းနောက်ဆက်တွဲ ရေကြီးခြင်း အန္တရာယ်များကြောင့် ကလေးသူငယ် ၁၁၃ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရဖွယ်ရှိကြောင်း ကိုလည်း အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ မိုးခေါင်းခြင်းနဲ့ ပတ်သက်ပြီး ကလေးသူငယ်များ အိုးအိမ်စွန့်ခွာ ခြင်းမှာ အကြိမ်ရေ ၁.၃ သန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါသေးတယ်။ ဆိုမာလီးယာ လိုနိုင်ငံမျိုးမှာအဖြစ် များနိုင်ပြီး မိုးခေါင်မှုကြောင့် အိုအိမ်စွန့်ခွာမှုကိုတော့ အတိအကျ စာရင်းမပြုစုသေးရဘူးလို့လည်း ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းတွင် […]

ငလျင် သို့မဟုတ် အနီးအနားက အကြီးမားဆုံး သဘာဝဘေးအန္တရာယ်

ဒီစာအုပ်ကတော့ ငလျင်စတင်ဖြစ်ပေါ်လာပုံ ၊ ငလျင်လှိုင်းများ ၊ ငလျင်ဗဟိုချက် ၊ နောက်ဆက်တွဲငလျင် ၊ ​ဆူနာမီငလျင်လှိုင်းများ ငလျင်အလင်းရောင်၊ ငလျင်လှုပ်ရတဲ့ အကြေင်းအရင်းအပေါ် ဗုဒ္ဓနဲ့ သိပ္ပံ တို့ရဲ့ အမြင်များ ၊ ကမ္ဘာ့အကြီးဆုံး ငလျင်ကြီးများအကြောင်း ၊ မြန်မာနိုင်ငံ ငလျင်များ ၊ မြန်မာ့ဝေဒပညာနဲ့ မြေငလျင်ကို လေ့လာခြင်းနဲ့ ငလျင် အန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ပါတယ်။ ဝယ်လို့ရမယ်ဆိုရင် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ၊ လေ့လာစရာ ဗဟုသုတဖြစ်စရာတွေ အများကြီးပါပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် မဲဇာမြစ်နှင့်အတူ တိမ်ကောလာသည့် ဓလေ့များ

မဲဇာမြစ်ဖျားသည် ဗန်းမောက်၊လအင်းတော်၊ ပင်လယ်ဘူး၊ ဝန်းသို၊ ထီးချိုင့် မြိုနယ်များနှင့် ထိစပ်နေသည်။ မြောက်ဘက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းမှ စီးဝင်သည့် ချောင်းများလည်း ပါဝင်သည်။ ဧရာဝတီမြစ်အတွင်းသို့ ထီးချိုင့်မြို့အောက်ဘက် ညောင်ပင်သာ ကျေးရွာအနီးတွင် စီးဝင်သည်။ ကတူး၊ ကနန်း၊ ရှမ်း၊ ဗမာ စသည့် တိုင်းရင်းသားတို့ မီခိုလာခဲ့သည့် မြစ်ဖြစ်သည်။ ကုန်းဘောင်ခေတ် မှတ်တမ်းများတွင် ရွှေခွန် ဆက်ရသည့် အတွက်ကြောင့် အခြားအခွန်များ ကင်းလွှတ်ခွင့်ရသည်။ရေးစီးကောင်းမွန်သည့်အတွက် မင်းနေပြည်ကို လှေဖြင့် အခွန်ဆက်ခြင်း၊ ကုန်ရောင်းကုန်ဝယ်များပြုလုပ်ခြင်း မှတ်တမ်းများကျန်ရစ်သည်။ ယခုထက်တိုင် မန်လည်တိုက်နယ် ၊တံခွန်တိုင်ကျေးရွာတွင် စေတီဟု ခေါ်တွင်သည့် အလျား ၅၇ ပေ၊အနံ ၆ပေ ၅ လက်မရှိ ကျွန်းသားသစ်လုံးထွင်း လှေကြီးကို တွေ့မြင့်နိုင်သေးသည် ။ ထိုထက်ကြီးမားသည့် မင်းကျော် အမည်ရသည့် […]

လူနှင့် မိုးလေဝသ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက်) ဒီစာအုပ်ကတော့ ဆရာမောင်ယဥ်လှိုင်း ရေးသားထားတဲ့ မိုးလေဝသနဲ့ ပတ်သကပြီး လူတိုင်းသိသင့်တဲ့ အကြောင်းအရာတွေ၊ လေ အကြောင်း ၊ မိုးလေဝသရဲ့ အရေးပါမှု ၊ စစ်မှု ရေးရာ နဲ့မိုးလေဝသအကြောင်း ၊ မိုးလေဝသနဲ့ အပျက်အစီးများ ၊ ပညာရှင်တွေအကြောင်း ၊ ထိန်းချုပ်ရေးအကြောင်း ၊ လူ့ပယောဂနဲ့ မိုးလေဝသအကြောင်းတွေအပြင် လူသားတွေနဲ့ မိုးလေဝသ ဆက်နွယ်ပုံတွေကို ဖတ်ရှု ရမှာပဲ ဖြစ်ပါတယ်။ မိုးလေဝသသည် လူကို ကောင်းကျိုးပြုသလို ဆိုးကျိုးကိုလည်း ပေးပုံ ၊ မိုးလေဝသကြောင့် လူသားတို့၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံး ရသလို လူ့ပယောဂကြောင့်လဲ မိုးလေဝပျက်စီးရပုံတွေကို ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၈၆ ခုနှစ် တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး အဖုံးပန်းချီကို လွယ်လွယ် ကရေးဆွဲထားပါတယ်။ […]

ဆွစ်ဇာလန်မှာ နှစ်နှစ်အတွင်း ရေခဲပြင် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားပြီ

ဆွစ်ဇာလန်နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ရေခဲမြစ်များသည် ၂၀၂၂ နှစ်မှစတင်ပြီး စံချိန်တင် ရေခဲအရည် ပျော်မှုများဖြစ်ကာ ရေခဲမြစ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေပါတယ်။ Swiss Academy of Sciences (SCNAT) နှင့် Glacier Monitoring Switzerland (GLAMOS) တို့ပြုလုပ်ထားတဲ့ သုတေသန ရလဒ်အရ ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုကြောင့် လက်ရှိ ၂ နှစ်တာကာလအတွင်း ရေခဲမြစ်တွေရဲ့ ၁၀ရာခိုင်နှုန်း ပျက်စီးသွားပြီလို့ သိရပါတယ်။ “ဆွစ်ဇာလန် ရေခဲမြစ်တွေ အရည်ပျော်တာ ပိုမြန်တယ်” ဟု SCNAT က ဆိုပါတယ်။ “အရှိန်အဟုန်က သိသိသာသာကြီးပါပဲ၊ ၁၉၆၀ နဲ့ ၁၉၉၀ ခုနှစ်တွေကြားမှာ ရေခဲတွေဆုံးရှုံးခဲ့ရဖူးပါတယ်။ အဲ့ဒိပမာဏလောက်ကို ဒီ နှစ်နှစ်အတွင်းမှာဖြစ်သွားတာပါ “ စံချိန်တင် အပူချိန်မြင့်တက်မှု ၊ […]

ဟားမတ်တွေနဲ့ အစ္စရေးတို့သုံးတဲ့ လောင်မီးကျ လက်နက်တွေက စိုက်ပျိုးမြေတွေကို ထိခိုက်နိုင်သလား

              ပြီးခဲ့တဲ့ စနေနေ့မနက်က ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်တွေက အစ္စရေးကို ရောကတ်ပေါင်း ထောင်နဲ့ချီပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒိရောကတ်တွေမှာ ရဲ့ ကျည်ဆံတွေဖြစ်တဲ့ ဗုံးတွေထဲကို ဖော့စဖိတ်အဖြူနဲ့ တာယာတွေ ရောထည့်ပြီး ပစ်ခဲ့တာပါ။ အစ္စရေးတွေရဲ့ ဒုံကျည်ကာစနစ်ကို ဖောက်ပြီး ဝင်ရောက်နိုင်ဖို့အတွက်က အဲ့လို ဓာတုလက်နက်တွေကို စိတ်ကူးနဲ့ပေါင်းပြီး ဟားမတ်တွေက လုပ်ခဲ့တာပါ။             အဲ့လိုပဲ အစ္စရေးတို့က ပါလက်တိုင်းတွေနေတဲ့ ဂါဇာ ဒေသကိုပြန်ပြီးတော့ လေကြောင်းစစ်ဆင်ရေးတွေလုပ်တဲ့ အခါမှာလည်း ကျဲလိုက်တဲ့ ဗုံးတွေမှာ ဖော့စဖိတ်အဖြူတွေကို အခြေခံထားတဲ့ ဗုံးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဗုံးတွေထဲမှာပါတဲ့ ဖော့စဖိတ်အဖြူတွေက လေထုနဲ့ […]

အင်္ဂလန်တက္ကသိုလ်တွေကို ရေနံကုမ္ပဏီတွေက လာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းထားတယ်လို့ ဆို

                အင်္ဂလန်တက္ကသိုလ်တော်တော်များများကို ရေနံကုမ္ပဏီကြီးတွေက ရန်ပုံငွေထောက်ပံ့ပေးပြီး သုတေသန လုပ်ငန်းတွေကို ဆက်မလုပ်ဖို့အတွက် လာဘ်ထိုးထားတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို အဓိကထားအာရုံစိုက်သည့် သတင်းနှင့် တက်ကြွလှုပ်ရှားသူ ဝဘ်ဆိုက်တစ်ခုဖြစ်သည့် DeSmog ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါတယ် ။             ယူကေရှိ အကြီးကျယ်ဆုံးတက္ကသိုလ်အချို့က ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် နှင့် ပိုမိုစိမ်းလန်းသောကမာ္ဘကြီးကို တည်ဆောက်မယ်လို့ ကတိပြုထားပေမဲ့ ပြီးခဲ့သောနှစ်အတွင်းက ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများထံမှ သန်းပေါင်းများစွာကို လက်ခံခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တစ်ခုအရ သိရပါတယ်။ ရုပ်ကြွင်းလောင်စာ ဘီလူးကြီးများက ၂၀၂၂ ခုနှစ်မှစ၍ ယူကေတက္ကသိုလ်များသို့ စုစုပေါင်း […]

အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

               ဒီအပတ်ထုတ် Science Advances ဂျာနယ်မှာ ပါတဲ့ ဆောင်ပါးတစ်ပုဒ်အရ ကမာ္ဘ့အပူပိုင်း ဒေသတွေမှာ ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေရဲ့ ကောင်ရေ ကျဆင်းလာတဲ့ အတွက် ကော်ဖီလိုမျိုးစားသောက်ကုန် လုပ်ငန်းတွေ ထိခိုက်မှု ၂ ဆမက ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးထားတာကို သိရပါတယ်။               ရာသီဥတုပြောင်းလဲမှုနဲ့ ကျက်စားရာဒေသဆုံးရှုံးမှုတွေကြောင့် ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေဟာ အပူပိုင်းဒေသတွေမှာ သိသိသာသာကျဆင်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ တရုတ် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နိုင်ငံ နဲ့ အာဖရိက […]

အစိမ်းရောင် စွမ်အင် ထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်တွေ ရှေ့ရောက်နေမှုကို အမေရိကန်တွေ မကျေနပ်ကြ

            ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အင်စတီကျူ့ကို ပြောပါဆိုရင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပင်တဂွန်ပါပဲ ။ လောလောဆယ် စက်မှုအင်အားကြီး နိုင်ငံတွေကြားမှာ ထားတဲ့ကတိကဝတ်အရ ပင်တဂွန် ကလည်း ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုံည ဖြစ်စေရမယ်လို့ ကြေညာထားပါတယ် ။             ဒါပေမဲ့ ပြဿနာက အမေရိကန်စစ်တပ်တစ်ခုလုံး သုံးနေတဲ့ လျှပ်စစ်စွမ်းအင်သုံး ကိရိယာတွေ ၊ တပ်ဆင်ပစ္စည်းတွေ နဲ့ တိုက်ခိုက်ရေးယာဉ်အပါအဝင် လက်နက်စနစ်တွေမှာ တရုတ်နိုင်ငံထုတ် လစ်သီယံ ဘတ်ထရီက ၇၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာပါပဲ ။ ပြောချင်တာက အမေရိကန်စစ်တပ်က တရုတ်နိုင်ငံက […]