ဇွန်ဘီ ရေခဲတွေ ကြောင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲမြင့်တက်
တစ်ကမ္ဘာလုံး မှာ ရုပ်ကျွင်းလောင်စာသုံးစွဲမှု ဒီကနေ့ ချက်ခြင်းကို ရပ်ပစ်လိုက်တာတောင်မှ လက်ရှိ ကမ္ဘာကြီး ပူနွေးမှု အရှိန်ကြောင့် ဂရင်းလန်ကျွန်းပေါ်မှာ ရေခဲတန်ချိန် ၁၁၀ ကွာဒလီယံ ဆုံးရှုံး နေဦးမှာ ဖြစ်ပါတယ်။ ဒီကနေ့ လတ်တလောဖြစ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုကိုပြောပါဆိုရင် တရုတ်ပြည်မှာ စံချိန်တင် မိုးခေါင်မှုဖြစ်နေတာရယ် ၊ အိန္ဒိယက ပြည်နယ်အချိုု့နဲ့ ပါကစ္စတန်မှာ ရေကြီးပြီး ရေလွှမ်းမိုးမှုဖြစ်နေတာပါပဲ ၊၊သူတို့ထက်ဆိုတာက ဂရင်းလန်ကျွန်းမှာ ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် ၁၀လက်မခွဲ မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီရေခဲတွေ အရည်ပျော်မှုကို သိပ္ပံပညာရှင်တွေက နဂိုရ် ကတည်းကတွက်ချက်ထားတာပါ။ ဒါပေမဲ့ သူတို့ မခန့်မှန်းမိတာက ဇွန်ဘီရေခဲတွေကိုပါပဲ ၊ ဇွန်ဘီရေခဲတွေအရည်ပျော်မှုကြောင့် သူတို့ခန့်မှန်းတာထက် ၂ ဆကျော်ပင်လယ်ရေမြင်တက်ခဲ့တာပါ။ ဇွန်ဘီရေခဲ ကို ရေခဲအသေတွေလို့လည်းခေါ်ပါတယ်။ အဲ့ဒိရေခဲတွေက […]