Author Posts

ရေဇလာသင်ဖျာခင်းရင်ပေါ့- ၂

(၂) ဂိမှာန်ရာသီ၏ ခြောက်သွေ့ညှိုးရော်ခြင်းအပေါ်ဝယ် ဝါဆိုမိုးကား အငြိုးထားခဲ့လေရော့သလားမသိ။ လေရောမိုးပါအပြိုင် သည်းသည်းမည်းမည်းရွာသွန်းလျက်ပင်ရှိပါသည်။ မုန်တိုင်းဝင်ခြင်းမဟုတ်သော်လည်း မုတ်သုံမိုးကား အထူးအားကောင်းနေသော အခြေအနေတစ်ရပ်ပင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တခွင်သည် သည်းသည်းမည်းမည်းရွာချနေသောမိုးရေစက်လက်များကြားတွင် မပီဝိုးတဝါး ရှူ့ခင်းကိုရေးသား​ခြယ်သလျက်ပင်ရှိပါသည်။ အချိန်ကား နံနက်ငါးနာရီအစွန်းထွက်​ပြုစ အခါကာလပင်။ အရှေ့ကျောင်းထံမှ ထွက်ပေါ်လာခဲ့သော အုန်းမောင်းသံအောက်ဝယ် ကိုသာအေးတစ်ယောက် အိပ်ရာမှနိုးလာခဲ့ပါပြီ။ မနိုးလို့လဲ မဖြစ်ဘူးလေ။ မိသားစုတာဝန်ဝတ္တရားဆိုသော စေ့ဆော်မှုက အသိစိတ်ကို အုပ်စိုးမင်းမူထားလို့ပါ။ ကိုသာအေးခင်မျာ အပျင်းဆန့်မနေအားရှာပါဘူး။ အလျင်အမြန်ပဲ အိပ်ရာကထလိုက်ရပါတယ်။ ညဦးပိုင်းကတည်းက ရိုးထဲမှာထောင်ထားတဲ့ ယင်းတွေဖော်ရပါဦးမယ်။ တောသူတောင်သား ကပ်ပါးတံငါသည်များအတွက်တော့ အလုပ်ကိုလက်နဲ့မပြတ်အောင်ဇယ်ဆတ်သလို လုပ်ကိုင်ဖြစ်မှသာလျှင် ဝမ်းဝရမယ့်ဘဝတွေပါ။ အချိန်သည် အဖိုးမဖြတ်နိုင်သော ရတနာဆိုတဲ့ ဆိုရိုးစကားကို ကိုသာအေးနားမလည်ပါ။ ဒါပေမဲ့ ဘဝနဲ့ယှဥ်ပြီး ရရှိခဲ့သောအသိက အလုပ်ကိုအမြဲမပြတ် ကြိုးစားပန်းစားလုပ်ကိုင်ဖို့ဆိုတာကိုပါပဲ။ အလုပ်လုပ်မှသာ ဝမ်းရေးအဆင်ပြေမယ်ဆိုသော အခြေခံအသိက နှလုံးအိမ်မှာ […]

ဥက္ကလာပ၏ ပထဝီအနေအထား ပြောင်းလဲမှုများ

တစ်နေ့က ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အပြင်သွားရင်း မြောက်ဥက္ကလာ ကျောက်ရေတွင်း ဖော်တော်ဦးဘုရားနားကိုရောက်သွားခဲ့တယ်။ဘုရားရှေ့ကနေရာတစ်နေရာမှာ အုတ်တွေ စီထားတဲ့ ရေကန်သေးသေးလေးတစ်ခုကိုတွေ့မိတယ်။ကျွန်တော့်ဇနီးက ကျွန်တော့်ကို ယခုလိုပြောပြပါတယ်။ ” အဲဒီနေရာက အရင်ကတော့ အောက်ကနေစမ်းရေထွက်တယ်။ ရီရီတို့ ငယ်ငယ်က ဒီနေရာလေးဆီ လာပြီးရေချိုးကြတယ်။ အခုတော့ အဲဒီလို စမ်းရေထွက်တာ မရှိတော့ဘူး။” ကျွန်တော့်ဇနီး ပြောတာကိုနားထောင်ရင်း ကျွန်တော့်မိတ်ဆွေ စာရေးဆရာကြီး မောင်မြတ်မွန်( ဆူးလေ) ရေးသားခဲ့တဲ့ ” ကွင်းများဖြင့် ဝန်းရံတည်ဆောက်ထားသောမြောက်ဥက္ကလာမြို့နယ်” ဆိုတဲ့ဆောင်းပါးကို အမှတ်ရလိုက်မိတယ်။ အဲဒီဆောင်းပါးထဲမှာအောက်ပါအတိုင်းရေးထားပါတယ်။ ” မယ်လမု ချောင်းရိုးကလေး၏ မြောက်ဘက်တွင်စက်မှုလက်မှု ရပ်ကွက်နှင့် ကျောက်ရေတွင်းကျေးရွာများ ခြား၍ ရွှေလှေချောင်းကွင်း၌ ” ဃ “ရပ်ကွက်ကို ဆက်လက်တည်ဆောက်ခဲ့သည်။ထိုသို့ ဂဏန်းသင်္ချာဖြင့် အမှတ်အသားပြုလုပ်ထားသည့် အမှတ်( ၁)ရပ်ကွက်နှင့် အမှတ်( ၂)ရပ်ကွက်များနောက်တွင်အက္ခရာဖြင့် […]

တိမ်ကောယိုယွင်းလာသော ရေချိုကန်ကြီး ” အင်းလေး “

အာရှတိုက်အရှေ့ပိုင်းရှိ တရုတ်ပြည် ပိုယန်း ရေချိုအိုင်ကြီး ခမ်းခြောက်သွားပုံကို သီးခြားစာစုများဖြင့် ဖော်ပြခဲ့ပြီး လက်လှမ်းမှီရာ နိုင်ငံများ ဒေသများရှိ မြစ်ကြီးများ ရေကန်ကြီးများ တဖြေးဖြေး ခမ်းခြောက်လာကြပုံကို အမေရိကန်နိုင်ငံရှိ ကိုလိုရာဒိုမြစ်ကြီး နှင့် မစ္စစ္စပီမြစ်ကြီး အပါအဝင် ကမ်ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု၏ အကျိုးဆက်များဖြစ်သော မိုးခေါင်ခြင်း ကမ်ဘာကြီးပိုမိုပူနွေးလာခြင်းစသည်တို့အပြင် လူတို့၏ မှားယွင်းသော ပယောဂများကြောင့် ဖြစ်ရပုံကို ဖော်ပြခဲ့ပြီး ယခုတဖန် ကမ်ဘာ့ပညာရှင်များက အထူးအလေးပေးပြောကြား သတိပေးနေသော ကမ်ဘာ့ရေချိုကန်ကြီး (၃) ကန်မှာ တိုက်ကြီး (၃) တိုက်တွင် တည်ရှိသည့်အနက် ကျနော်တို့နိုင်ငံမှ “အင်းလေးကန်ကြီး” လည်း ပါဝင်နေသည်ကို တွေ့ရပါသည်။ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် တည်ရှိပြီး ဧရိယာအကျယ်စုစုပေါင်း (၁၁၆ ) စတုရန်းကီလိုမီတာ ခန့်ရှိပါသည်။ ထူးခြားသည့်မှတ်တမ်းမှာ ၁၉၁၈ […]

အိန္ဒိယသမုဒ္ဒရာထဲက Madagascar ကျွန်းအတွက် နောက်ထပ်သတင်းဆိုးတစ်ခု

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း Emnati သည် အင်္ဂါနေ့ညနေပိုင်းတွင် အားကောင်းသော အမျိုးအစား (၃) သို့မဟုတ် အမျိုးအစား (၄) အဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရသည်။ WMO ၏ ဒေသတွင်း အပူပိုင်းဆိုင်ကလုန်းဗဟိုဌာန La Runion က ၎အား အန္တရာယ်ရှိသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ပြီး ကုန်းတွင်းပိုင်းဒေသအတွက် အလွန်ဆိုးရွားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဟု သတိပေးထားသည်။ Emnati သည် ဖေဖော်ဝါရီ ၅ ရက်တွင် ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးစေသည့် Batsirai ၏ ပြင်းထန်မှုနှင့် လမ်းကြောင်းဆင်တူသည်ဟု ခန့်မှန်းရကာ ၎င်းသည် ယခုနှစ််အတွင်း ဇန္နဝါရီ ၂၂ ရက်တွင် Ana နှင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် Dumako အပါအဝင် Madagascar […]

ရေးလက်စ စာ

လက်တလော ကျွန်တော်တွေးနေတဲ့အကြောင်းက ဘာလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရေးလက်စ စာအကြောင်းကို တွေးနေတယ်ပြောရမှာပဲ။ ပြောသာပြောရတာ ဘယ်သူကမှလည်း မေးတာမဟုတ်ပါဘူး။ ကျွန်တော့်မှာသာ တစ်ယောက်တည်းနေရင်းထိုင်ရင်း ရေးလက်စစာတွေ ပျောက်နေတာ။ ညနေခင်းက အရှေ့ဝိုင်းက အမကြီးအိမ် ရောက်သေးတယ်။ အမကြီးအိမ်ကလည်း ညနေဆိုပေမယ့် အားလုံးမှောင်နေပြီ။ အပြင်မှာ ညတာတိုတို အလင်းတိုတိုလေးတော့ ရှိနေသေးတယ်။ ဒါပေမယ့် မှောင်နေတာပါပဲ။ ဒါလည်း မီးပါပဲ။ မီးက ပြတ်တော့ မှောင်ပြီလေ။ အမယ် မနက္က ပြောသေးတာ….” မီးက သဘောကောင်းနေတယ်။ ဒီနေ့ မပြတ်တော့ဘူးလား မသိဘူး…” တဲ့။ အမကြီးက ပြောတာပါ။ အမကြီးယောကျ်ား ယောက်ဖကြီးကတော့ “ဟ….. ပြတ်ချင်တဲ့အချိန် ပြတ်မှာဟ..”တဲ့။ သူတို့လင်မယားကြား ဝင်မပါဘဲ။ ထိုင်ခုံလေးတစ်လုံး အသာယူပြီး မန်ကျီးပင်အောက် သွားထိုင်။ […]

တပို့တွဲလဖွဲ့-အဲချင်း

ခြိုးဥမှတိမ်ဂုံ။ ။သတ္တဗိသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲနှင့်၊ ပေါက်လဲငုံကင်း၊ ထန်းရည်ငယ်နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေး။ လွန်းဟုန်မှဆင့်ကဲ၊ ပန်းမွန်ပွင့်ချပ်၊ နဝရတ်ကို၊ သုဒဿန၊ ဘုံကပြသို့၊ သနားတော်အိမ်၊ ရွှေကြိုးလိမ်သည်၊ တိမ်သင်းတွဲနှင့်၊ ရောင့်ရဲမှမပြေ၊ မျက်စိမခံ့၊ နားမဆံ့အောင်၊ မှန်နန့်းသရဖီ၊ တန်ခိုးတော်ချီတဲ့လို့၊ ပြီပြီငယ်သွေသည်၊ အစိန္တေလက်ကင်တဲ့၊ လ-သဘင်ထူး။ ကြည်နူးမှုအံ့ဖွယ်၊ နက်ဖန်သံဘက်၊ ဖိန်းနွဲရက်ကို၊ ချိန်းချက်စကား၊ သစ္စာထားလို့၊ မပြားရည်တူ၊ ရှိတဲ့သူတို့၊ စိတ်ပူဖွယ်ကို၊ နယ်ရှစ်ရပ်က၊ လှုံ့ထပ်သောသူ၊ မြူအသင်္ချေ၊ လေအနန္တ၊ မိုးကြွင်းကျလို့၊ မှိုင်းမြမြညိုသည်၊ ဟိုသထုံ ရွှေပြည်သာက၊ ချိန်တာရာဝင်း။ ကုန်လဂ်ဂေါဇာ၊ သည်အခါမှာ၊ ကမာသေးနု၊ ငှက်ကျေးဥလို့၊ ယာဂုမြှောက်ချီ၊ လေးနာရီနှင့်၊ နဒီအောင်ချာ၊ ကြည့်တိုင်းသာလှတယ်၊ တံငါသည် ဒေါင်တင်တီးလို့၊ ပိုက်ကြီးခင်း။ ။ (မယ်ခွေ-ဆယ့်နှစ်လရာသီဖွဲ့ပေါင်းချုပ်) #crd_to_owner

ဦးကြင်ဥ၏ တပို့တွဲလဖွဲ့

ထန်းရည်နင်း ပေါက်ကင်းတဲ့ လဲငုံ ဆက်ရက်ကယ် သရကာနဲ့ ရော်ရွက်ဝါ တမာနု လွမ်းသူ့ပူပုံ စရိုက်ကယ်လုံ ပင်မြုံမြင့်သိုက်နန်း ထွက်စီးငယ်ဝှန် ကျောက်စက်ရေတံခွန်နဲ့ ဟေမဝန် သာယာနုပါဘိ ယွန်းလုနွေဆန်း ။ ။ Photo-Credit

ဆရာကြီးသော်တာဆွေ၏ #ထန်းသမားထေကြီး

ထန်းသမားထေကြီး၏ ပထမဦးဆုံး ထူးခြားချက်နှစ်ရပ်ကို ဖော်ပြပါမူ… (၁) ထန်းသမားထေကြီးသည် ထန်းတက်သမားဖြစ်လျက် ထန်းရည်၊ အရက် မသောက်ခြင်း။ (၂) ရေချိုးလေ့မရှိခြင်း။ ငါ့ချီး…. ရေချိုးလို့သေတဲ့မသာ ရှိတယ်၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူးကြ သူ့အား ရေမချိုးရကောင်းလားဟု ပြောသူများအား ချေပသော လက်သုံးစကားတည်း။ ကိုထေကြီး.. ခင်ဗျားကိုယ်က ချေွးတွေ၊ ညှော်တွေနဲ့ စေးထန်းမနေဘူးလား၊ မအီမသာ ဖြစ်မနေဘူးလား” ဟင့်အင်း… မေနဘူးကြ၊ ငါ့ဟာငါ နေထိုင်ကောင်းနေတာပဲ ယင်းကား သူ့အဖို့ သိဒ္ဓိပြီးစီးခြင်းတစ်ရပ် ဖြစ်နေပေသည်။ ကျွန်ုပ်တို့မှာ ရေချိုးချင်၍(သို့မဟုတ်) ရေချိုးချိန်တန်၍ မချိုးရပါက မည်မျှဒုက္ခရောက်ကြပါသနည်း။ ထေကြီးကား ဤဒုက္ခမှ ရာသက်ပန်ကင်းဝေးလျက် ရှိလေပြီ။ အများမျက်မြင်အားဖြင့် ထေကြီးကိုယ်မှာ ချေးကွက်တွေ အထပ်ထပ် ပြီး၍ ရွံဖွယ်လိလိရှိသည်။ မည်သူသည် သူနှင့် […]

ဧဝရတ်တောင် ရေခဲထုကို အကြီးအကျယ်ခြိမ်းခြောက်နေသော ရာသီဥတု ပြောင်းလဲမှု

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုသည် ကမ်ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်၏ သိပ်သည်းသော ရေခဲထုများကိုပင် ခြိမ်းခြောက်လာပြီဖြစ်သည်။ သုတေသီများ၏ လေ့လာတွေ့ရှိချက်တစ်ခုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ဧဝရတ်တောင်တွင် လျင်မြန်သောအရှိန်ဖြင့် ရေခဲပျော်ကျမှုများ ဖြစ်ပေါ်နေပြီး ထိုသို့ရေခဲပျော်ဆင်းမှုကြောင့် ပြီးခဲ့သည့် ၂၅ နှစ်အတွင်း ၂ဧဝရတ်တောင်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော South Col ရေခဲတောင်၏ ရေခဲထု ၅၄ မီတာ၊ ၁၈၀ ပေ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇,၉၀၆ မီတာ၊ ၂၅,၉၃၈ ပေခန့်တွင်ရှိသော South Col ရေခဲတောင်၏ မျက်နှာပြင်ရေခဲထု ဖြစ်ပေါ်လာသောနှုန်းထက် အဆ ၈၀ ခန့် မြန်ဆန်စွာပျော်ဆင်းနေကြောင်း၊ ထို့ကြောင့် ရေခဲထုမှာ ပါးလွှာလာကြောင်း University of Maine က ဦးဆောင်ပြုလုပ်သည့် လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားပြီး ရာသီဥတု […]