Author Posts

သတ်ပစ်မှာလား ၊ ထားရစ်မှာလားနဲ့ ဥ‌ရောပ ဝက်ဝံညိုတွေရဲ့ပြဿနာ

ပြီးခဲ့တဲ့ ၃ ရက်အတွင်း စလိုဗက်ကီးယားမြောက်ပိုင်းမှာ လူတွေကို ဝက်ဝံညိုတွေရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှု ပြီးနောက် ဒေသခံ အာဏါပိုင်တွေက ‌ဒေသတွင်းအရေးပေါ်အခြေအနေကို ကြေညာလိုက်ရပါတယ် ။ တာထရာတောင်တန်းများအနီးရှိ Liptovský Mikuláš ဒေသတွင် အသက် ၁၀ နှစ်မှ ၇၂ နှစ်ကြား လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါတယ် ။ လက်နက်ကိုင်ခြောက်ဖွဲ့က ကင်းလှည့်အမဲလိုက်ပြီးနောက် ဝက်ဝံကို ဖမ်းဆီးရမိဖွယ်ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ထပ်မံ ပြောကြားခဲ့ပါတယ် ။ အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝက်ဝံတွေရဲ့အန္တရာယ်ကို သတိထားဖို့ လိုကြောင်းကိုလည်း အကြံပြုထားပါတယ်။ “ဝက်ဝံတွေကို ကယ်ဆယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူမနေတဲ့နေရာတွေထဲကို တွန်းပို့ခဲ့ပြီး အရေးပေါ် အဖွဲ့တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပါတယ်” လို့ အာဏါပိုင်တစ်ဦးက […]

ကမ္ဘာ့လေအသန့်ဆုံးမြို့များ ( ၂ )

စက်မှုထွန်းကားရေးက ကမ္ဘာကြီးပေါ်မှာ ဆက်လက်ကြီးထွားနေတာဖြစ်လို့ လေထုညစ်ညမ်းမှုကလည်း ကမ္ဘာ့ကြီးပေါ်မှာ ပြောစရာလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်ရှိ အချို့မြို့ကြီးများတွင် လေထုညစ်ညမ်းမှု လွန်ကဲပြီး ၎င်းတို့ရှိ လေထုအရည်အသွေးသည် ဒေသခံများနှင့် ခရီးသွားများအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနေပါတယ် ။ ဒါပေမဲ့ အချို့သောမြို့များက စိမ်းလန်းသောပတ်ဝန်းကျင်နှင့် တင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကြောင့် သန့်ရှင်းသောလေထုအရည်အသွေးကို ရနေလို့ ဂုဏ်ယူနေရပါတယ်။ ကမာ္ဘပေါ်က လေအသန့်ဆုံးမြို့တွေအကြောင်းကို IQair website က စာရင်းလုပ်ထားပါတယ်။ ၇ ။ ။ တောလင်း ( အက်စတိုးနီးယား ) Tallinn သည် အက်စတိုးနီးယား၏မြောက်ဘက်၊ ဖင်လန်ပင်လယ်ကွေ့၏ ရှုခင်းသာပင်လယ်အော်တွင် တည်ထားသော တိတ်ဆိတ်ပြီး ဆွဲဆောင်မှုရှိသောမြို့ဖြစ်သည်။ လူဦးရေ ၅သိန်း အောက်သာရှိသော်လည်း အက်စတိုးနီးယားတွင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။ အနီးတစ်ဝိုက်ရှိ ပင်လယ်အော်၊ စက်မှုစင်တာများ […]

ကမ္ဘာ့လေအသန့်ဆုံးမြို့များ

စက်မှုထွန်းကားရေးက ကမ္ဘာကြီးပေါ်မှာ ဆက်လက်ကြီးထွားနေတာဖြစ်လို့ လေထုညစ်ညမ်းမှုကလည်း ကမ္ဘာ့ကြီးပေါ်မှာ ပြောစရာလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်ရှိ အချို့မြို့ကြီးများတွင် လေထုညစ်ညမ်းမှု လွန်ကဲပြီး ၎င်းတို့ရှိ လေထုအရည်အသွေးသည် ဒေသခံများနှင့် ခရီးသွားများအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနေပါတယ် ။ ဒါပေမဲ့ အချို့သောမြို့များက စိမ်းလန်းသောပတ်ဝန်းကျင်နှင့် တင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကြောင့် သန့်ရှင်းသောလေထုအရည်အသွေးကို ရနေလို့ ဂုဏ်ယူနေရပါတယ်။ ကမာ္ဘပေါ်က လေအသန့်ဆုံးမြို့တွေအကြောင်းကို IQair website က စာရင်းလုပ်ထားပါတယ်။ ၁၄ ။ ။ ဟိုနိုလူလူ ( အမေရိကန် ) အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့သည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးသောလေထုကို ပိုင်ဆိုင်ခွင့်ရသည့်အတွက် ဂုဏ်ယူရပါတယ်။ ၎င်း၏ ပထဝီဝင်တည်နေရာနှင့် ဟာဝိုင်အီ၏ တင်းကျပ်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် သန့်ရှင်းသောလေထုကို ဖြစ်ပေါ်စေပါတယ် ။ ၁၃ […]

Shortridge’s langur မျောက်မြီးရှည်

မြန်မာပြည်မြောက်ပိုင်းမှာတွေ့ရတယ် တရုတ်ယူနန်မှာကော့ရှိတယ်လိုသိရတယ်။ သုံးလေးကောင်ကနေ ၁၅ကောင်ထိရှိတဲ့အုပ်တွေ မြင်ဖူးတယ်။ တခါတစ်လေတောထဲတွေ့ရင် အုပ်ထဲက အကြီးဆုံးကောင်က လူတွေကိုကြည့်ပြီ ရန်ရှာမဲ့ အမူအရာနဲ့လုပ်ပြတယ် တခြားကောင်တွေတော့ ပြေးတာပေါ့ လူတွေလာလို့ မရဘူး အရမ်းဝေးတယ်ဆိုရင် ခုလိုပဲ အေးအေးလူလူနဲ့နေတာပဲ လက်ရှိအခြေအနေကတော့ အမဲအလွန်အကျွံ လိုက်ခံနေရတယ် အကောင်သေအစိတ်အပိုင်းတွေကို အမြဲဈေးထဲရောင်းနေတာတွေ့ရတယ် အရှင်ကိုတော့ သိန်းဂဏန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတာတွေ့ရတယ် မျောက်တွေထဲက ဒီမျိုးတော့ မြန်မြန်လေး ရှားလာမဲ့သဘောရှိတယ် ခရီးသွားသူများ သဘာဝနဲ့ တောရိုင်းတိရစ္ဆာန်ချစ်တတ်ပါစေ ဒေသအခေါ် ထန်စူ (ရဝမ်) ဘရန်ရှောင်

ကြေကွဲနေတဲ့ ဝန်းကျင်

ယခုရက်ပိုင်းအတွင်း ပတ်ဝန်းကျင်သည် နေရာတော်တော်များများမှာ အုံ့မှိုင်းလျက်ရှိနေသည်။ နယ်တွင်သာမက။ ရန်ကုန်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ကောင်းကင်ပေါ်မှာပါ အုံ့ဆိုင်းနေသည်ကို ဓာတ်ပုံတွေကတဆင့် တွေ့မြင်ရသည်။ နယ်တွေမှာတော့ ယခုလိုရာသီအချိန်ဆိုလျင် အုံ့ဆိုင်းတတ်မြဲ။ ပုံမှန်အချိန်ဆိုလျှင်တော့ အုံ့ဆိုင်းနေသည့် ရာသီသည် အင်မတန်လွမ်းဆွေးဖွယ် ကောင်းပါသည်။ ယခုအချိန်အုံ့ဆိုင်းမှုကတော့ ကြေကွဲဖွယ်ပိုကောင်းနေပေသည်။ နိုင်ငံအနှံ့ သဘာဝပတ်ဝန်းကျင်အတုတွေမှာသာ စိန်းလန်းစိုပြေနေပြီး တကယ့်သဘာဝပတ်ဝန်းကျင်အစစ်တွေမှာ ခြောက်သွေ့နေကြသည်။ မီးလောင်နေကြသည်။ ဒဏ်ရာရာရနေကြသည်။ ဖျားနာနေကြသည်။တောင်ပေါ်တွေမှာ သစ်ပင်တွေ၊သစ်ကိုင်းတွေ ကျိူးကျေနေကြသည်။ မြစ်တွေ လည်ပင်းညစ်ခံနေရသည်။ အသက်ရှူကြပ်နေသော ပတ်ဝန်းကျင်။ ဖျားနာနေသောရာသီဥတု။ ဝန်းကျင်တစ်ခုလုံး တွေ့ရမြင်ရတာ ကြေကွဲဖွယ်ကောင်းနေပါသည်။ သဘာဝပတ်ဝန်းကျင်အတုတွေဖန်တီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်အစစ်တွေကို ဖျက်ဆီးနေကြခြင်းဖြစ်သည်။ အရည်အသွေးအရောင်လဲ့လဲ့အရာသေးသေးလေးတွေအတွက် တကယ့်တောင်ကြီးတွေကို ဖြိုဖျက်နေကြသည်။ တလက်လက်နှင့်တောက်ပသည့် အရာလေးတစ်ခုရဖို့ မြစ်တွေ၊ချောင်းတွေကို ဖျက်ဆီးပစ်နေကြသည်။ မြင်တွေ့နေရသောပတ်ဝန်းကျင်သည် ကြေကွဲဖွယ်ကောင်းပါသည်။ သဘာဝတေးသံတွေ တိတ်ဆိတ်ပြီး ကြောက်မက်ဖွယ်အသံတွေသာ နေရာအနှံ့ ထိတ်လန့်ဖွယ်ကြားနေရပါသည်။ […]

အီးဘိုက် နဲ့ မီးလောင်ပေါက်ကွဲမှု

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရုပ်ကြွင်းလောင်စာသုံးကားတွေကို သုံးစွဲခြင်းအားစွန့်လွှတ်ပြီး သယ်ယူပို‌ဆောင်ရေးအတွက် ပေါ့ပါးလွယ်ကူတဲ့ လျှပ်စစ်စက်ဘီး (အီးဘိုက်)တွေရဲ့ သုံးစွဲမှုက တိုးတက်လာ နေပါတယ် ။ ဒါပေမဲ့ အီးဘိုက်သုံးစွဲမှုက ၁၀၀ရာခိုင်နှုန်းဘေးကင်းလုံခြုံမှုရှိမနေဘူးဖြစ်နေပါတယ် ။ ဒီနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့က မီးသတ်ဌာနက ဗီဒီယိုဖိုင်တစ်ခုကို လိုင်းပေါ်တင်ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အီးဘိုက်ဝယ်သုံးသူတွေအနေနဲ့ ကိုယ်ဝယ်တဲ့ ဆိုင်နဲ့ ရောင်းသူဆီကနေ သေချာတဲ့ ကုန်ပစ္စည်ဖြစ်ကြောင်းကို အာမခံရစေချင်ပါတယ် လို့ ဆိုပါတယ် ။ ဘာဖြစ်လဲ ဆိုတော့ ဒီနေ့မနက်ပိုင်းမှာ လန်ဒန်မြို့က နေရာဖော်မပြထားတဲ့ နေရာတစ်ခုမှာ အီးဘိုက်တစ်စီး အားသွင်းထားစဉ်မှာ မီးလောင်ကျွမ်းမှု ဖြစ်တဲ့ အပြင် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ် ။ မီးခိုးလုံးတွေအပြင် မီးရှုးမီးပန်တွေလို မီးတောက်တွေ အများကြီး ပေါက်ကွဲလွှင့်စင်ခဲ့ပါတယ် ။ […]

ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး တရုတ်တွေရဲ့ အမြင်ကိုပြောပြလာတဲ့ ပရော်ဖက်ဆာ ဇူး

Prof Zou သည် တရုတ်အစိုးရ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) လက်အောက်ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဗဟိုဌာန၏ လက်ထောက်ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနှင့် မူဝါဒချမှတ်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာ နှစ်ပေါင်း များစွာ အတွေ့အကြုံရှိသူဖြစ် ပြီး၊ သူသည် ပါရီသဘောတူညီချက်ကို ဦးဆောင်သည့် တရုတ်ရာသီဥတု ညှိနှိုင်းရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း အကဲဖြတ်မှုဆိုင်ရာအဖွဲ့၏ အကဲဖြတ် အစီရင်ခံစာများစွာအတွက် ဦးဆောင်ရေးသားသူလည်း ဖြစ်သည်။ သူ့ကို ရာသီဥတု အရေး ဆောင်ရွက် နေသည့် Carbon Brief ဝက်ဘ်ဆိုက်က တရုတ်နိုင်ငံ၏ ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားနှင့် ပတ်သက်ပြီး အင်တာဗျူးထားပါသည် […]

ဥရောပက လေဆိပ်တွေကို လှုံ့ဆော်ရေးသမားတွေက တပြိုင်နက် ဆန္ဒဝိုင်းပြကြပြ

တက်ကြွလှုပ်ရှားသူများက ဥရောပ၏ အကြီးဆုံးလေဆိပ်များတွင် နှစ်ရက်ကြာ ဆန္ဒပြ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်ပြီး ရာသီဥတုကိုပျက်စီးစေတဲ့ လေယာဉ်ခရီးစဉ် အရေအတွက်ကို ကန့်သတ်ရန် တောင်းဆိုလိုက် ကြပါတယ်။ ဥရောပသားတွေနဲ့ ရာသီဥတုအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပေါင်းထားတဲ့ အဖွဲ့ ၂၅ ဖွဲ့ က ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်နှင့် ဗြိတိန်တို့ရှိ လေဆိပ်များကို ပစ်မှတ်ထားပြီးလှုပ်ရှားကြတာပါ ။ ဥရောပ၏ အကြီးဆုံးလေဆိပ်ငါးခုဖြစ်သည့် ပြင်သစ် ပါရီ မြို့ Charles de Gaulle၊ ယူကေ လန်ဒန် မြို့ Heathrow၊ စပိန် မဒရစ် မြို့ Barajas၊ ဂျာမဏီ ဖရန့်ဖွတ် လေဆိပ်နှင့် နယ်သာလန် အမ်စတာဒန် မြို့ Schiphol လေဆိပ်တို့တွင် လုပ်ဆောင်ရန် […]

ရာသီဥတုဖောက်ပြန်မှုက အမေရိကန် သမ္မတ‌ရွေးကောက်ပွဲကိုတောင် သက်ရောက်မှုရှိနေ

လာမယ့် နိုဝင်ဘာလ ထဲမှာ အမေရိကန်သမ္မ‌တ ရွေးကောက်ပွဲ ရှိပါတယ်။ ဒီကနေ့ဆိုရင် စင်ပြိုင်ပါတီကြီး ၂ ခု ဖြစ်တဲ့ ရိပါပလင်ကင် နဲ့ ဒီမိုကရက်တစ်တို့က ရွေးကောက်ပွဲအတွက် သမ္မတအမည်စာရင်းသွင်းနိုင်ခဲ့ပါတယ် ။ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ရိပါပလင်ကင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီမိုကရက်တစ် ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။ သမ္မတလောင်း ၂ယောက်ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အမေရိကန် နိုင်ငံရဲ့ အနာဂတ်ပုံရိပ်တွေ အများကြီးပါ နေပါတယ်။ ပြည်သူတွေကို မက်လုံးတွေပေးပြီး မဲရအောင်ဟောပြောနေကြပါတယ်။ မဲပေးပြည်သူတွေကို ဘယ်မက်လုံးတွေပေါ်မှာ ကျေနပ်အားရမှုရှိလဲ ၊ ဘယ်လိုမက်လုံးတွေကို ပိုပြီး သဘောကျသလဲလို့ မေးကြည့်တဲ့ အခါမှာတော့ သမ္မတလောင်းတွေအနေနဲ့ စီးပွားရေး ၊ ငွေကြေးဖောင်းပွမှု ( ကုန်စျေးနှုန်းကြီးမြင့်မှု ) ၊ […]

နိဂုံးရဲ့ နိဒါန်း

ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ ကျွန်တော့ကိုပြစ်ဒါဏ်ပေးသလို လုပ်နေကြတာ များလှပြီလေ။ တော်ကြပါတော့၊ ရပ်တန်းကရပ်ကြပါတော့ဗျာ။ မရပ်ကြရင်ကျွန်တောသေဆုံးတော့မယ်နော။ ကျွန်တော်သာသေဆုံးသွားရင်ခင်ဗျားတို့လဲ သေဆုံးသလိုဖြစ်သွားကြမှာ။ ဟုတ်ပါတယ် ကျွန်တော့ရဲ့ငယ်ဘဝ လို့ဆိုရမဲ့အစောပိုင်းကာလတွေတုံးကတော့ ကျွန်တော်က အားကောင်းမောင်းသန်ဆိုတော့ အရှိန်ပြင်းပြင်းနဲ့တိုးဝှေ့ဖြတ်သန်းလိုက်တာပါပဲ။ လမ်းမှာတွေ့တဲ့အနှောက်အယှက်အတားအဆီးဆိုတာတွေတော့အကုန်လုံးဖယ်ရှားရှင်းလင်းပြစ်ခဲ့တာ။ အဲလိုလုပ်တော့ ထိခိုက်နာကျင်တာလဲနဲနဲပါးပါးတော့ရှိခဲ့မှာပါ။ အလယ်ပိုင်းကာလမှာတော့ကျွန်တော်ဟာအစောပိုင်းကာလလို ဂမူးရှုးထိုးမဖြစ်တော့သလို အတတ်နိုင်ဆုံးလဲ မာန်မာနတွေကိုလျော့ချကာ တည်ငြိမ်စွာနဲ့သယ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းကာလဆိုတာကတော့အိုမင်းမစွမ်းချိန်လေ။ ဘဝကို သယ်ဆောင်လာသမျှပို့ချရင်းနဲ့ ကုန်ဆုံးရမှာမဟုတ်လား။ ခရီးလမ်းတလျောက်လုံးမှာရယူခဲ့တဲ့အဆီအနှစ်တွေအကုန်လုံး စုပုံပြီးပေးထားခဲ့တာပဲလေ။ ဟုတ်တယ်.. ကျွန်တော်က ”နဒီ”ဆိုတဲ့ ”မြစ်တစင်း” လေ။ ခုတော့ဗျာ ခင်ဗျားတို့ သုံးစွဲလို့ထွက်လာတဲ့အမှိုက်သရိုက်အစုံကိုနေရာအနှံကနေ ကျွန်တော့အပေါ်မှာပြစ်လိုက်ကြတာ ကြည့်လှဲ့ စမ်းပါဦး။ ကျွန်တော်နဲ့သဟာဇာတဖြစ်တဲ့အရာတွေဆိုရင်တော့ အားလုံးအတွက်အသုံးတဲ့အောင်ဆွေးမြေ့စေပြီးသင့်တဲ့နေရာမှာပြန်ထားပေးလို့ရပေမဲ့ ဘယ်လိုမှဖျက်ဆီးမရတဲ့ ပလစတစ်၊ ဖော့၊ပုလင်းခွံအပါအဝင် အမှိုက် ပစ္စည်းစုံကိုတော့ ကျွန်တော်ဖြတ်သန်းလာတဲ့လမ်းတလျောက်မှာတင်ကျန်ရစ်ခဲ့တာကကျန်၊ တင်ကျန်မရစ်ပြန်တော့လဲ အဝေးဆုံးပင်လယ်ထဲထိရောက်ရှိစေရပြန်တယ်။ ဒါတင်လားဆိုတော့မဟုတ်သေးဘူးဗျ ကျွန်တော်သွားလာလမ်းမှာ လမ်းမမှားအောင်ထိမ်းကြောင်းပေးတဲ့ကမ်းပါးတောင်စွယ်တွေကို ရွှေတူးတာဆိုပြီး ရေပန့်အကြီးစားတွေနဲ့ထိုးဖြိုကြလို့ […]