Author Posts

တစ်ရက်ကို အပင် ၄သောင်းကျော် စိုက်နိုင်ဖို့ အောက်တိုကော်ပတာဒရုန်းတွေနဲ့ အစေ့ချစိုက်ပျိုး

သြစတေးလျှနိုင်ငံက ၂၀၁၉ နှစ်ကုန် ကနေ ၂၀၂၀ နှစ်ဦးပိုင်းအထိ တောမီးလောင်ခဲ့တဲ့ မြေတွေမှာ သစ်ပင်တွေ ပြန်စိုက်ဖို့အတွက် အောက်တိုကော်ပတာ ဒရုန်းတွေကို အဆင့်မြင့်ပြီး အစေ့ချစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ Air Seed Techno လို့ခေါ်တဲ့ ကုမ္ပဏီက စစ်တပ်ကနေ ဒရုန်းတွေကို ငှားပြီး တစ်ရက် ကို အစေ့ ၄ သောင်းနှုန်း စိုက်ပျိုးနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒိလုပ်ငန်းက ရိုးရာ အစေ့ချစိုက်ပျိုးခြင်းထက် ၂၅ ဆပိုမြန်ပြီး ၈၀% လောက် ကုန်ကျစားရိတ် သက်သာတယ်လို့ သိရပါတယ်။ ဒရုန်း မှာ အစေ့အိမ်လေးတွေ ထည့်ပြီး လွှတ်လိုက်တာပါ။ လိုချင်တဲ့ နေရာရောက်ရင် လေထဲကနေ မြေပြင် ဆီကို အဲ့ဒိအထုတ်ကလေးကို ပစ်ချလိုက်ရုံပါပဲ ။ အဓိက […]

ကမ္ဘာ့ဘီလီယံနာတွေ အာကာသထဲကို ခရီးသွားဖို့စဉ်းစားမယ့်အစား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း လုပ်သင့်တယ်လို့ လူတွေ ဝေဖန်နေကြပြီ

အင်္ဂလန်က ပြည်သူ့ဆက်ဆံရေး ဌာနရဲ့ အချက်အလက်ကောက်ယူမှု စစ်တမ်းအရ လူအများစုက ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေ အနေနဲ့ သူတို့ပိုက်ဆံတွေ ကိုဖြုန်းဖို့အတွက် အာကာသထဲကို ခရီသွားဖို့ ကြိုးစားနေမယ့်အစား ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ကောင်းတယ်လို့ ဝေဖန်ချက်တွေ ပေးတယ်လို့ သိရပါတယ်။ မနှစ်က အမေဇုံသူဌေး ဂျက်ဖ် ဘီးဇော့ ၊ ဗာဂျင်သူဌေး ရစ်ချက်ဘရန်ဆန် တို့ ကတော့ ကန်ဒေါ်လာ သန်းနဲ့ချီအကုန်ခံပြီး အာကာသထဲကို မနှစ်က ခရီးထွက်ခဲ့ပါတယ်။ နာရီပိုင်း ရက်ပိုင်း အာကာသပြန်ဆိုတဲ့ ဘွဲ့တစ်လုံးရဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးခဲ့ကြပါတယ်။ အဲ့လိုပဲ အခြားသော ကမ္ဘာ့ဘီလီယံနာတွေကလည်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး အာကာသထဲကိုထွက်ဖို့အတွက် ပိုက်ဆံတွေ ဖြုန်းဖို့ကြိုးစားနေပါတယ်။ ကမ္ဘာ့အချမ်းသားဆုံး သူဌေး ၂၀၀ မှာ ၄ပုံ […]

ရိုင်းတဲ့မြစ်

နွေဦးရဲ့သောင်ခပ်မှုထဲ မြစ်ဝမှာ ခေါင်ရေဆုတ်တော့ သောင်လွဲကမ်းများ အစီအရီပေါ်လို့ ဒီရိုက်သံချိုအလင်္ကာမှာ ရိုးရေစစ်ပြီ နဒီ။ ကြည့်စမ်းပါဦး လတာနုန်းပြင် မဲကျံလိမ်းလျက် ဆူးခက်တင်ရင်း ဒီမျှော်ဆင်းသည် မျက်နှာမွဲချို ကပ်ပါးအိုလဲ ကမ်းပျိုငယ်ဝယ် လှေငယ်ခေါင်ထီး နေစောင်းပြီးလျှင် နဒီလွမ်းတေးဖွဲ့မိသည်။ ကေဇော်မိုး

အင်ဒိုနီးရှား ရွာအချို့ မိုင်းခွဲ ငါးဖမ်းတာကို ဆန့်ကျင်ကန့်ကွက်ပြီ

မိုင်းခွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းကို အင်ဒိုနီးရှားမှာ တားမြစ်ထားတာကြာပါပြီ ။ ဒါပေမဲ့ ဒေသတွင်း စီးပွားလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် အာဏါပိုင်တွေ က မိုင်းခွဲပြီး ငါးဖမ်းတာကို မသိချင်ယောင် ဆောင်နေတာလည်း ကြာပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ ဆူလာဝီဆီ ပြည်နယ်က လူမှုအဖွဲ့ အစည်းတစ်ခု ဦးဆောင်တဲ့ ကျေးရွာအချို့ က မိုင်းခွဲငါးဖမ်းတာကို တာဆီးလာကြပါတယ်။ ရေထဲမှာ မိုင်းခွဲ လိုက်ပြီဆိုတာနဲ့ သန္တာကျောက်တန်းလို ရေအောက်သယံဇာတ တွေ ပျက်စီးတော့တာပါပဲ ။ ဆယ်စုနှစ်များစွာ မိုင်ခွဲလာကြတော့ ဒေသတွင်း မှာ ငါးအနေနည်းလာပြီး ငါးဖမ်းဖို့ အခက်အခဲ တွေဖြစ်လာ ကြပါတယ်။ “ အရင်တုန်းကဆိုရင် ကျနော်တို့ ရေငုတ်လိုက်တာနဲ့ ရေအောက်မှာ ရောင်စုံသန္တာကျောက်တန်းတွေ ကိုတွေ့ရတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် […]

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင် အရင်တုန်းက နာမည်တွေအတိုင်းပဲ သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ် ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့ ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့ ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။ #စိုးခိုင်ညိမ်း illustration-Amadeus

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်(ဖေဖော်ဝါရီ)

ဗြိတိန်၊ Cumbria မွာ ဖော်ဆောင်မယ့် အကြီးဆုံးသော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို တက်ကြွလှုပ်ရှားသူများက နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆွီဒင်ဆယ်ကျော်သက် ပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူ ဂရီတာသန်းဘာဂ်ကလည်း ဗြိတိန်အစိုးရကို စီမံကိန်းနဲ့ပတ်သတ်ပြီး ဝေဖန်ခဲ့ပါတယ်။ ကမ်ဘာကျော် သိပ္ပံပညာရှင် James Hansen ဒီစီမံကိန်းက လူငယ်တွေရဲ့ အနာဂတ္ကို မထီမဲ့မြင်လုပ်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ Friends of the Earth, Keep Cumbrian Coal in the Hole နဲ့ the World Wide Fund for Nature (WWF) အဖွဲ့တွေနဲ့ ပြည်သူ ၂၃၀၀ ကျော်က ယင်းစီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူများကတော့ ဒီစီမံကိန်းဟာ Cumbria ကောင်တီ ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့သာ […]

အမေဇုံကို ဆိုလာနဲ့ ကယ်ဖို့ကြိုးစားနေပြီ

တောင်အမေရိက တိုက်မှာရှိတဲ့ အမေဇုံ တောဆိုတာ ကမ္ဘာကြီးရဲ့ အဆုတ်လို့ ခေါ်ပါတယ်။ ကမ္ဘာ့လေထုထဲ မှာ ရှိတဲ့ တန်ပေါင်းများစွာသော ကာဗွန်တွေကို သိုလှောင်ပြီး အောက်ဆီဂျင်တွေ ထုတ်ပေးနေတဲ့ သဘာ၀ စက်ရုံကြီး တစ်ခုပါ။ ဒီဖက်ခေတ်တွေမှာတော့ အမေဇုံတောကြီးက မြို့ပြချဲ့ထွင်မှု နဲ့ သစ်ထုတ်လုပ်မှုတွေရဲ့ ဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ စွမ်းအင်လိုအပ်မှု နဲ့ အလုပ်အကိုင်အခွင့်အလမ်းက သစ်တောကြီးကို လုံးပါးပါး လာစေပါတယ်။ အခုတော့ အမေဇုံတော ကိုကာကွယ်ဖို့အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ဖို့ ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခဲ့ပါပြီ။ အမေဇုံတောရဲ့ မြောက်ဖက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ ဆန်တာဟယ်လီနာပြည်နယ်မှာ ဆိုလာပြားတွေကို စတင်တပ်ဆင်ပြီး ဆေးရုံ ၊ စာသင်ကျောင်း ၊ ဘုရားရှိခိုးကျောင်းတွေ […]

သရက်သီးမှ သားရေထုတ်လုပ်ခြင်း

မြန်မာပြည်မှာတစ်နှစ်တစ်နှစ်စွန့်ပစ်ရတဲ့အသီးအနှံတွေမနည်းပါ။ သရက်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနတ်သီး စသည်တို့ကနေ fruitleather ထုတ်လို့ရပါတယ်။ ဖရဲသီးတွေစွန့်ပစ်ထားတာတွေ့လို့ ဖရဲသီးကေရာ သားရေထုတ်လို့ရမလားလို့ ရှာကြည့်ပါတယ်။ ဖရဲသီးကရေဓာတ်များပြီး ဖိုင်ဘာနည်းလို့မရပါ။ သရက်သီးကေန ကျနော်တို့က mango leather သရက်ပျဉ်လုပ်တတ်ကြပြီးသားပါ။ အဲ့ဒီသေဘာကေနစတာပါပဲ။ သရက်သီးကိုခွဲပြီး အစေ့ပါတဲ့အပိုင်းကိုဖယ်ကာ ကျန်တဲ့အခွံရောအသားကိုပါထည့်ကြိတ်ကာ ထွက်လာတဲ့အရည်ပျစ်ပျစ်တွေကို စည်ပိုင်းတစ်ခုထဲမှာစုလိုက်ပါတယ်။ အဲ့ဒီမှာ leather နဲ့တူစေမယ့် addatives တွေထည့်ရောရပါတယ်။ ရောပြီးလို့သမအောင်မွှေပြီးရင် လေးထောင့်လင်ပန်းတွေထဲထည့်ပြီး dehydrator နဲ့ ရေဓာတ်ခန်းခြောက်သွားအောင်လုပ်ပါတယ်။ dehydrator ထဲမထည့်ခင်မှာ cream color ဖြစ်ပေမယ့် ရေဓာတ်ခန်းခြောက်သွားရင် သရက်သီးပေါ်မူတည်ပြီးအရောင်ပြောင်းသွားပါတယ်။ Palmer mango ဆိုရင်အညိုရောင်ရပါတယ်။ Keitt mango ဆိုရင်အနက်ရောင်ရပါတယ်။ရလာတဲ့အချပ်ပြားတွေကို leather process အတိုင်းပဲလုပ်ပါတယ်။ ဒါပေမယ့် သုံးတဲ့ပစ္စည်းနဲ့အပူချိန်ကွာပါတယ်။ ပြီးရင်အပေါ်ကနေ resin […]

အပူရှောင်ဖို့ ဘာစီလိုနာမြို့သားတွေ ခေါင်မိုးကို ဆေးဖြူသုတ်

စပိန်က ဘာစီလိုနာမြို့ ဆိုတာ နှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့ ခေါင်မိုးပေါ်ကနေ လောကကြီးကို ကြည့်တဲ့အရသာကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ သူတွေပါ ။ သူတို့ ရဲ့ ခေါင်မိုးကို ဒီဇိုင်မျိုးစုံဆင်ထားကြပြီး ခေါင်မိုးပေါ်က ညရဲ့ ဟင်းလင်းပြင်ရဲ့ အရသာကို ခံစားလေ့ရှိပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို သိသိသာသာ ခံစားလာရတဲ့ ဥရောပမှာ အပူလှိုင်းကျရောက်မှု တွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ အပူလှိုင်းရဲ့ ဆိုးဝါးမှုကို ကာကွယ်ဖို့အတွက် ကာတာလန်သားတွေက သူတို့ရဲ့ ခေါင်မိုး တွေကို ဆေးဖြူတွေသုတ်နေကြပါတယ်။ ဘာစီလိုနာမြို့လယ်ဆိုတာ သာမန်အချိန်ဆိုရင်တောင် မြို့စွန် အိမ်ခြေနည်းတဲ့ ဒေသနဲ့ ယှဉ်ကြည့်လိုက်ရင် ၈ ဒီကရီ ဆဲစီယက်လောက် အမြဲပို နေလေ့ရှိပါတယ်။ အပူလှိုင်း ကျပြီဆိုရင် ဘာစီလိုနာမြို့လယ်က နေလို့မရ အောင်ကို အပူကြီးပါတယ်။ ဘာစီလိုနာတက္ကသိုလ်က ပညာရှင်တွေ […]

ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုတွေကို ကယ်တင်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ “ဥတုဘေးအတွက် လှုပ်ရှားမှု၊ အရေးပေါ်လို့ ထိုးရ မယ့် ခေါင်းလောင်း” ခေါင်းစဉ်နဲ့ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မိုးလေဝသ ပညာရှင်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ စိုက်ပျိုးရေးပညာရှင်၊ သစ်တောပညာရှင်၊ မြို့ပြနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ ကျွမ်းကျင်သူ၊ ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ တက်ကြွစွာ ဆောင်ရွက်နေသူတွေ စသဖြင့် ဘာသာရပ် တော်တော်စုံတာ တွေ့ရပါတယ်။ စာရေး သူ ကိုယ်တိုင် အခမ်းအနားကို မသွားရောက်နိုင်ခဲ့ပေမယ့် အွန်လိုင်းကနေ နားထောင် ဖြစ်ခဲ့တယ်။ ပညာရှင် တွေ၊ ကျွမ်းကျင်သူတွေကလည်း ရတဲ့အချိန်လေးမှာ ထိထိမိမိ ဆွေးနွေးသွားတာ တွေ့ရတယ်။ ပြည်သူအများစုက အခု ၂၀၁၉ […]