Author Posts

မြန်မာ့မြေပေါ်က ကျွန်းများ #115 ကျွန်း(115 island)

မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ 115 ကျွန်း(115 island) သည် မြိတ်မှ ၁၅၂ မိုင်၊ ကော့သောင်မှ ရေမိုင် ၃၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး ကျွန်းငယ်များစုနေသော ကျွန်းစုတစ်ခုဖြစ်သည်။ ရှည်လျားသောသစ်သားဆိပ်ခံတံတားသည် ပင်လယ်ပြင်ရှိ လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သော နေရာတစ်ခုဖြစ်ပြီး ကြည်လင်သောရေနှင့် အရောင်အသွေးစုံလင်ပေါများသောငါးများ၊ မာကျောပြီးနူးညံ့သောသန္တာကောင်များစွာကိုကြည့်ရှုရန် အဆင်ပြေသော နေရာတစ်ခုဖြစ်သည်။ ရေငုပ်ကာ ပင်လယ်ကြမ်းပြင်အောက် လေ့လာလိုသူများအတွက် မျဖစ္မနေသွားသင့်သည့် ကျွန်းတစ်ခုလည်းဖြစ်သည်။ မိုးသစ်တောကိုဖြတ်၍ တောလမ်းခရီးသွားခြင်းနှင့် တောင်တက်ခြင်းအတွက်လည်း အချိန်ဖြုန်းရန် အကောင်းဆုံးကျွန်းများထဲမှ တစ်ခုဖြစ်သည်။ အလွန်ဖြူစင်ပြီး နူးညံသောသဲသောင်ပြင်များကလည်း ကျွန်း၏အလှတစ်ခုဖြစ်သည်။ #Greeness Photo:AsiaTourGate&Tripadvisor

တောင်ဇလပ်နီ

တောင်ဇလပ်နီ၏ ရုက္ခဗေဒအမည်မှာ Rhododendron arboreum ဖြစ်သည်။ အနီနှင့် အဖြူ မျိုးနွယ်စုထဲမှ အနီမျိုးဖြစ်ပြီး အာရှဒေသ၏ အေးမြ မြင့်မားသော တောင်တန်းဒေသများတွင် ပေါက်ရောက်သည်။ ကမ်ဘာပေါ်တွင် တောင်ဇလပ်နီပန်းကို ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် ပေါက်ရောက်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် ပေါက်ရောက်ပြီး ချင်းတောင်တန်းသည် တောင်ဇလပ်မြေဟု ခေါ်ရလောက်အောင် တောင်ဇလပ်နီများ ပေါက်ရောက်ရာဒေသဖြစ်သည်။ အပင်သည် အအေးဓာတ်ကိုကြိုက်သည်။ အမြင့်ပေ ၅၀၀၀ ကေန ၁၀၀၀၀ ကြားတွင်သာ ပေါက်ရောက်ရှသန်နိုင်ပြီး ရေခဲမတတ်အေးသော တောင်ပေါ် ဒေသမျိုးမှာ အခြားအပင်များ ရှင်သန်ရန်ခက်ခဲသော်လည်း တောင်ဇလပ်နီပင်များမှာ ရှင်သန်ကြသည်။ တောင်ပေါ်တွင် တိုက်ခတ်နေသော လေသည် ပြင်းထန်သည် အေးစက်သည် […]

စီမံကိန်းတွေကြောင့် ဒေသခံတွေ ဘာရလိုက်သလဲ..

အမေရိကန်အခြေစိုက် သတ္တုတွင်းလောကဘီးလူးကြီး ဖြစ်တဲ့ အင်ဂလို အမေရိကန် ကသံသတ္တုရိုင်းတွေကို ဘရာဇီးမှာ လာတူးတယ် ၊ ပြီးရင် တရုတ်ကိုပို့တယ် ၊ အမြတ်အစွန်းတွေ အများကြီး ကြွယ်၀ ချမ်းသာသွားတယ် ။ ဒါပေမဲ့ အဲ့ဒိသံသတ္တုရိုင်းတွေ ထုတ်ယူတဲ့ သယ်ပို့တဲ့ ဒေသတွေကတော့ တစ်နှစ်ပြီး တစ်နှစ် အလဲလဲ အကွဲကွဲ နဲ့ ကျန်နေခဲ့ပါတယ်။ ဒေသခံလူ့အဖွဲ့ အစည်းတွေမှာ ရတာကနည်းနည်း ပြန်ပေးလိုက်ရတာက မသေချာမှုတွေနဲ့ ကြောက်ရွံ့မှုတွေ ကများများဖြစ်နေပါတယ်။ ဘရာဇီး နိုင်ငံရဲ့ မီနပ်ရီယို သံသတ္တုရိုင်း တူးဖော်ရေး စီမံကိန်းက ကွန်ဆေးကောင်း ဒိုမာတိုဒန်ထရို ဒေသနဲ့ အယ်ဗိုရာဒါဒီမီနပ် ဒေသတွေမှာ တည်ရှိပါတယ်။ အဲ့ဒိက တူးဖော်ရရှိတဲ့ သံသတ္တုရိုင်းတွေကို အမှုန့်လုပ်ပြီး မိုင် ၃၂၈ မိုင်ဝေးတဲ့ မြို့တော် […]

မြန်မာနိုင်ငံအတွင်းမှမြစ်များ (ပန်းလောင်မြစ်)

ပန်းလောင်မြစ်သည် အလျားမိုင် ၁၂၀ ခန့်ရှိသော မြစ်တစ်စင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ယင်းမာပင်အနောက်မြောက်ဘက်၊ ဘုရားငါးဆူရွာ၏ အရှေ့ဘက် လေးမိုင်အကွာခန့်မှ စတင်မြစ်ဖျားခံ စီးဆင်းသော မြစ်တစ်စင်းဖြစ်သည်။ အဆိုပါမြစ်သည် အနောက်ဘက်မှ အရှေ့သို့ အနည်းငယ် စီးဆင်းပြီးနောက် ကြပ်စခန်းရွာအနီးတွင် မြောက်ဘက်သို့ စီးဆင်းသွားသည်။ ရှမ်းပြည်နယ် ရွာငံမြို့နယ် မင်းပလောင်ရွာနှင့် ရနဲရွာအနီး အနောက်ဘက်မှနေ၍ မြောက်ဘက်သို့ စီးဆင်းသွားသည်။ ပြဒါးလင်းဂူ သဘာဝဘေးမဲ့တောသည် ဤမြစ်၏ အရှေ့ဘက်တွင် ရှိသည်။ ကင်းတားဆည်သည်လည်း ပန်းလောင်မြစ်ကို အကြောင်းပြု၍ ဖြစ်လာရသည်။ ပန်းလောင်မြစ်သည် တံတားဦးလေဆိပ်၏ အရှေ့တောင်ဘက် ကျောက်ဆည်မြို့ အနောက်တောင်ဘက်တွင် စမုံမြစ်တွင်း စီးဝင်၍ တံတားဦး အင်းဝအနီးတွင် မြစ်ငယ်မြစ်တွင်း စီးဝင်သည်။ #Greeness Ref:BRN Photo:Original Owners

ဧရာ၀တီမြစ်ကြီးရဲ့ ကျန်းမာရေးအခြေအနေ

ဒီဓာတ်ပုံလေးဟာ ဧရာ၀တီမြစ်ကြီးရဲ့လက်ရှိကျန်းမာရေးအခြေအနေကို သိသိသာသာကြီး ဖော်ညွှန်းနေလိမ့်မယ်လို့ ထင်ပါတယ် (မိခင်မြစ်ကြီး အမြန်ဆုံးပြန်လည်ကျန်းမာနိုင်ပါစေ) ဓာတ်ပုံ-Lin Aung Pyae

အညာဒေသရဲ့တန်ဖိုးရှိတဲ့ကန်ကြီးများ (မင်းကန်ကြီး)

ချောက် ရေနံချောင်း ဒီအနီးတစ်ဝိုက်မှာတော့ အကြီးဆုံးကန်ကြီး ရေနေဆုံး ကန်ကြီးလို့ ပြောလို့ရပါတယ်။ ဂွေးချိုတောင်တန်းနောက်ကို ကန်​ပေါင် (ကန်ဘောင်) နောက်ခံ ထားကာ ပတ်ချာလည်မှာလည်း ဂွေးချိုတောင်တန်း တွေ ဝန်းရံထားပါသည်။ ပတ်ချာလည် သစ်ပင်တောင်တန်းတွေက ဝန်းရံထားတာဆိုတော့ သဘာဝအတိုင်း လေတိုက် ရေငွေ့ပျံမှု့ ထိန်းသိမ်းပြီးသားလည်း အတော်အသင့်ဖြစ်သွားမှာပါ။ ကန်ဧရိယာကတော့ အတော်ကြီးမားလှတဲ့ ကန်ကြီးပါ။ ကြိုက်သလောက်ရေဝင် နောက်ခံကလည်း တောင်တန်းကြီးတွေ ဆိုတော့ ထိန်းထားနိုင်ပါသည်။ ကန်ကြီးက ရေဓာတ်တွေကြောင့်လားမသိဘူး ကန်ရဲ့ အနောက်ဘက်ခြမ်း တောင်တန်း တွေဆို အရိပ်လည်းကောင်း တောင်တန်းထဲ ဖြတ်သွားလိုက်ရင် ရာသီဥတုက အေးချမ်းလှပါသည်။ တောကောင်းအေးချမ်းလှတဲ့နေရာမှာ ဘုန်းကြီးကျောင်းလေး လည်းရှိပါသည်။ ကန်ကြီးသွားရာလမ်းကတော့ နှစ်လမ်းရှိ။ ဂွေးချိုကနေ တစ်ဆင့် လမ်းခွဲ ကျောက်ပန်းလမ်းတိုင် လိုက်ပြီး အနီးနား လမ်းဘယ်ဘက် […]

ပါပူဝါနယူးဂီနီမှာတောင် တောပြုန်းမှုတွေ ဖြစ်နေတယ်လို့ ဂြိုဟ်တုပုံရိပ်တွေကပြ

ဩဂုတ်လတုန်းက သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လွှတ်တင်ထားတဲ့ ဂြိုဟ်တုကနေ ပေးပို့တဲ့ ပုံရိပ်အရ သစ်တောတွေ ထူထပ်ပါတယ်ဆိုတဲ့ ပါပူဝါနယူးဂီနီလို ကျွန်းတွေမှာ တောင် တောပြုန်းမှုတွေ ဖြစ်နေပါတယ်။ ကျွန်းပေါ်မှာ သစ်ခုတ်ဖို့အတွက် လမ်းတွေ ဖောက်နေတာနဲ့ရယ် အဆောက်အအုံ ဆောက်ဖို့အတွက် လမ်းကွန်ယက်တွေလုပ်နေတာနဲ့တင် တောတွေပြုန်းကုန်တာလို့ ဆိုပါတယ်။ မေရီလင်းပြည်နယ်က ကမ္ဘာမြေ သရုပ်ခွဲမှုနဲ့ရှာဖွေေတွေ့ရှိမှု တက္ကသိုလ် ရဲ့စမ်းသက်ခန်းက ရတဲ့ အချက်အလက်တွေအရ ဖော်ပြကြတာပါ။ ဩဂုတ်လ ၁ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်းမှာပဲ နယူးဗြိတိန်အရှေ့ပိုင်း က တောင်ကုန်းတွေမှာ သစ်ပင်တွေ ပျောက်လာတာကို ဂြိုဟ်တုပုံရိပ်မှာတွေ့လာရပါတယ်။ အဲ့ဒိလို သစ်ပင်တွေ လျော့နည်းလာတာက နှစ် ၂၀ အတွင်းမှာ လျော့နည်းတဲ့ ပမာဏနဲ့ သြဂုတ်လအတွင်း လျော့နည်းမှု ကို နှိုင်းယှဉ်တာ ၅၈% အထိရှိပါတယ်။ […]

ဖူချီးယား

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ်ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာက ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ် ၏အမည်ပေးခဲ့သည်။ အပွင့်များသည် အောက်ဖက်သို့ တြဲလ်ားက်စြာ ပွင့်တတ်သည့် best hanging basketflower ဖြစ်သည်။ အေအးဓာတ္ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်များတွင် အထူးထင်ရှားသည်။ စိုစွတ်သော မြေအမျိုးအစားတွင် စိုက်ပျိုးသင့်သည်။ ရာသီဥတုနှင့် မျိုးစိတ်အမျိုးအစားပေါ်မူတည်၍ ပန်းပွင့်ချိန် ကွဲပြားသည်။ ပုံမှန်အခြေအနေတွင် ဖူချီးယားပန်းများသည် မတ္လမွ ဧပြီလတွင် […]

မြန်မာ့တောင်တန်းများ (ဂမ်လန်ရာဇီ)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်တည်ရှိသည်။ ၎င်းသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် တည်ရှိပြီး ဟိမဝန္တာ တောင်တန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ တောင်သည် မြန်မာနှင့် တိဘက်တို့ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယနှင့် သုံးနိုင်ငံတွေ့ဆုံရာ နေရာမှ ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၅၈၈၁ ကီလိုမီတာ အမြင့်ရှိသည့် ခါကာဘိုရာဇီ သည် ဂမ်လန်ရာဇီမှ ၆.၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဂမ်လန်ရာဇီသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများနှင့် ရေခဲများ ဖုံးလွှမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ မြေတိုင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဂမ်လန်ရာဇီတောင်သည် နှမ်းဖတ်ကျောက် အမျိုးအစား ဖြစ်သည်။ အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်၏ အမြင့်သည် ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိသည့်အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်လျှပ်စစ်ကား ထုတ်တဲ့အစီအစဉ်မှာ ဖို့ဒ်လည်း ပါဝင်လာ

ကမ္ဘာပေါ်မှာ ထရက်ကားတွေ နဲ့ပတ်သက်လာရင် အမေရိကန်တွေက နည်းနည်းပိုရူးတယ်လို့ ပြောရမှာပါ။ အင်ဂျင်ပါဝါပိုကောင်း ပြီး ခရီးဝေးတွေ သွားနိုင် ထရက်ကားတွေကို သူတို့ကြိုက်အောင် GM တို့ ဖို့ဒ်တို့ က ထရက်ကားတွေ ကိုတိုးထုတ်ခဲ့ကြပါတယ်။ အခုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သမ္မတ ဂျိုးဘိုင်ဒန်က ငွေသုံးပြီး လျှပ်စစ်အားဖြည့်တဲ့ ဆိုင်တွေ ကို တိုင်းပြည်အနှံ့ဖွင့်မယ်လို့ စီမံကိန်းရေးထားတဲ့အတွက် လျှပ်စစ်ထရက်ကားတွေကို ထုတ်ဖို့အတွက် အမေရိကန်ကား ကုမ္ပဏီတွေက ပြိုင်ပွဲတစ်ရပ်လို ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ ဖို့ဒ် ကားကုမ္ပဏီကတော့ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်သုံးပြီး လျှပ်စစ်ကားထုတ်တဲ့ စက်ရုံ ၃ရုံ တည်ဆောက်ဖို့ လုပ်နေပြီဖြစ်လို့ အခုဆိုရင် စတုတ္ထမြောက် လျှပ်စစ်ထရက်ကား ထုတ်တဲ့ ကုမ္ပဏီဖြစ်လာပါပြီ။ တစ်စင်းကို ကန်ဒေါ်လာ ၂သောင်းအောက်နိမ့်တဲ့ ကားအစီးရေ ၁သိန်းကိုလည်း အမှာစာရထားပါတယ်။ […]