Author Posts

နွေအလွမ်း

ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မသတိရ မိနေမြဲ ဖြစ် ပါတယ်။ အထူးသဖြင့် သည်နှစ်မှာနွေဦးကစောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်းဖြစ်နိုင် ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့လာ နေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေထသွားတတ်သည်ကို ကျွန်ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။ ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်းအတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန်ဘဝတွေကို […]

ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

မိသားစုကို စံပယ်ခူးပြီးရှာကျွေးလာတဲ့ ဆိုဘာရင်တစ်ယောက် အခုဆိုရင် အသက် ၇၀ ထဲကို ဝင်လာပါပြီ ။ သူတို့က ဟိုး ၁၀ စုနှစ်များစွာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ အခြေချနေထိုင်ပြီး ဂျာဗားပင်လယ်ကမ်းခြေနားမှာ စံပယ်ခင်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်လာခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ ဒီရေအတက်ကြမ်းပြီး ကမ်းတွေပြိုလို့ စံပယ်ခင်းတွေပါသွားတာကြောင့် ဝင်ငွေထိခိုက်မှုတွေ စဖြစ်နေပါတယ်။ ဂျာဗားကျွန်းရဲ့ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ကန်ဒန်ပန်ဂျန်ဒေသက ပင်လယ်ရေမြင့်တက်လာလို့ တဖြည်းဖြည်းနဲ့ ရေ အောက်ကို ရောက်လာပါတယ်။ “ ကန်ဒန်ပန်ဂျန်က စံပယ်စိုက်စားတဲ့ ဒေသပါဗျာ ။ အခမ်းအနားတွေအတွက် စံပယ်လိုချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာကြရုံပါပဲ ။ နောက်ပြီးတော့ လက်ဖက်မှာ စံပယ်အနံ့ထည့်ဖို့ ကျနော်တို့ဆီမှာ စံပယ်ပန်းကို ကီလိုပေါင်းများစွာလာဝယ်ကြပါတယ်။ စံပယ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့ဒေသကို မီဖို့က မလွယ်လောက်ပါဘူး ။ […]

ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီး စားလို့ရအောင်လုပ်နိုင်တယ်လို့ပြောပြီ

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလွှင့်ပစ်နေကြတဲ့ ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီးတော့ အနှစ်တုံးတွေ လုပ်ကာ အရိုးတစ်ရှုးစားသောက်ကုန်အဖြစ် ပြန်လုပ်ရင် စားနတ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့နေရာ တွေအတွက် ပြဿနာတစ်ရပ်ပြေလည်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ထောက်ပြလာကြပါတယ်။ ဖင်လန် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ SuperGround က အထက်ဖော်ပြပါ အိုင်ဒီယာကို အစားအသောက်အလေ့အလွင့် လျှော့ချဖို့နဲ့ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းတွေကနေ ထွက်ရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မီသိန်းဓာတ်ငွေ့ လျှော့ချနိုင်ရေးအတွက်တင်ပြ ဆွေးနွေး သွားတာပါ ။ SuperGround တည်ထောင်သူနှင့် တီထွင်သူ အကြီးအကဲ Santtu Vekkeli က “ကျွန်တော် မဖြေရှင်းနိုင်တဲ့ အစားအသောက်ဆိုင်ရာ ပြဿနာများစာရင်းကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်” လို့ Euronews Green ကို ပြောပါတယ်။ “အင်ဇိုင်းများလို ဓာတုပစ္စည်းများမပါဘဲ […]

သစ်ပင်ကြီးတွေစိုက်ပျိုးကြဖို့ လိုပြီ

ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးဝါသနာပါသူတွေ ပေါပါသည်။ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်တော့ စိုက်ပျိုးရေးဝါသနာက အနည်းနဲ့အများ လူတွေမှာရှိကြသည်။ သို့သော် အများစုဝါသနာပါသည့်စိုက်ပျိုးရေးသည် သီးနှံစိုက်ပျိုးရေးဖြစ်သည်။ ပန်းစိုက်ပျိုးရေးဖြစ်သည်။ အသီးအရွက် စိုက်ပျိုးရေးဖြစ်သည်။ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေးကို လပိုင်းအတွင်း ဖြေရှင်းနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်း တွေကိုဖြစ်သည်။ စိုက်ပျိုးရေးဝါသနာပါသူတွေထဲမှာမှ သစ်ပင်ကြီးစိုက်ပျိုးတာကို ဝါသနာပါသူက တစ်ရာတွင် တစ်ယောက်ဆိုသလိုရှားပါးလှပါသည်။ ကျွန်တော်တို့သည် သဘာဝအလျောက်ပေါက်ခဲ့သော သစ်ပင်တို့ကိုသာ အစဥ်အဆက် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ အိမ်ဆောက်ဖို့ ခုတ်လှဲသော သစ်ပင်နေရာမှာ သစ်ပင်ကြီးတစ်ပင် အစားစိုက်ပျိုးခဲ့တာမျိုးမရှိသလောက်ပင်ဖြစ်သည်။ ထင်းအဖြစ်သုံးစွဲရန်ခုတ်လဲဲကြသော တောကသစ်ပင်တွေနေရာမှာလည်း ပြန်လည်စိုက်ပျိုးခြင်းမရှိကြချေ။ အရိပ်ရသစ်ပင်ကြီးတွေနှင့်ပတ်သက်လျင်လည်း ထို့အတူပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီခေတ်က ကျွန်တော်တို့ဘိုးဘွားတွေစိုက်ခဲ့သော လမ်းဘေးသစ်ပင်ကြီးတွေရဲ့ အရိပ်ကို ခိုကြရသည်။ ခေတ်သစ်မှာပြန်လည်စိုက် ပျိုးသည့်အပင်တွေရှိသော်လည်း ပမာဏ နည်းလှပါသည်။ ကျွန်တော်တို့သည် ကိုယ်အရိပ်ခိုရမည့်အပင်ကိုပင် မစိုက်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်၊ […]

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံတစ်နိုင်ငံကိုပြ ပါဆိုရင် ဘင်္ဂလားဒေ့ရှ်ပါပဲ ။ ပညာရှင်တွေရဲ့ လက်ရှိ တွက်ချက်ထားမှုအရ ၎င်းရဲ့ ပင်လယ်ရေမျက်နှာပြင်က ၂၀၅၀ မှာ ၁ ပေခွဲ မြင့်တက်လာစရာရှိနေတယ်လို့ မှန်းထားပြီး ကုန်းမြေ ၁၁ ရာခိုင်နှုန်းလောက် ပင်လယ်ရေအောက် ရောက်သွားနိုင်ပါတယ်။ မုတ်သုံမိုးများ ပြင်းထန်စွာ ရွာသွန်းမှု က စိတ်လာတဲ့အတွက် ကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးပြီး မိသားစု ၅ ပုံတစ်ပုံ က နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းကြရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် အဲ့ဒိ ရေဘေးအန္တရာယ်တွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုကတော့ အာဆင်းနစ် ညစ်ညမ်းမှုပါပဲ။ လူတိုင်းနီးပါးသောက်သုံးတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သောက်ရေတွင်း ၄၉ ရာခိုင်နှုန်းခန့်မှာ ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ် […]

ဆည်းဆာပေါင်းများစွာကို မြင်တွေ့ခွင့်ရကြပါစေ

ခုကာလကြီးသည် ဆည်းဆာချိန်အကုန်မြန်သောကာလကြီးဖြစ်သည်။ နှလုံးနွမ်းနယ်မူဖြင့် အိပ်ယာသို့ဝင်ကြရသည်။ နှလုံးနွမ်းနေသော်လည်း ထိုလှပသော ဆည်းဆာများရှိသောကြောင့်သာ ဘဝတွင် ဖြေဆည်ရာရကြပေသည်ဟုလည်း အောက်မေ့ရလေသည်။ ထို့ကြောင့် သဘာဝတရားကြီးကို ကျေးဇူးစကားဆိုပါသည်။ တကယ်စဥ်းစားကြည့်ပြန်တော့လည်း လူတိုင်းသည်ဆည်းဆာကိုမြင်ခွင့်ရကြသည်မဟုတ်။ ဆည်းဆာကို ဘယ်လိုမှမမြင်နိုင်သူတွေရှိသလို မြင်သော်လည်း မခံစားနိုင်အားကြသူတွေရှိလေသည်။ ဆည်းဆာကိုမြင်ရတာခြင်းတူလျင်တောင် လှပသောဆည်းဆာကို မြင်ခွင့်ရသူတို့မှာ ပိုမိုကံကောင်းကြမည်ဟု ဆိုချင်ပါသည်။ လှပသော ညနေဆည်းဆာကို မြင်ခွင့်၊ ခံစားခွင့်ရဖို့ ဆိုသည်က ဆည်းဆာရှုခင်းတစ်ခုတည်းနှင့် ပြည့်စုံသည်မဟုတ်။ ဆည်းဆာ၏ ရာသီဥတုကလည်း ကောင်းဖို့၊ သာယာဖို့လိုပါသည်။ ယခုလိုဆောင်းရာသီတွင်တော့ ရာသီဥတုက အေးမြသာယာသည်။ ဆည်းဆာကလှပသည်။ ထိုလှပသောဆည်းဆာ၊ သာယာသော ရာသီဥတို့ကို ခဏမျှခံစားရင်း ပူလောင်နေသော နှလုံးသားကို ချွေးသိပ်ရပါသည်။ ညနေဆည်းဆာလှပဖို့ အရာများစွာလိုအပ်ပါသည်။ စိမ်းလန်းသောတောင်ကုန်းလေးတစ်ခုလိုအပ်ပါသည်။ ကြည်လင်စွာစီးဆင်းနေသော မြစ်တစ်စင်းလိုအပ်ပါသည်။ စိမ်းလန်းသောကွင်းပြင်တစ်ခုလည်းလိုအပ်ပါသည်။ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေလည်း လိုအပ်ပါသေးသည်။ […]

ရုက္ခဗေဒအဖွင့်နိဒါန်း

ဒီစာအုပ်ကတော့ သက်ရှိသက်မဲ့တို့ရဲ့ ခြားနားချက်များ ၊ သစ်ပင်နှင့်သတ္တဝါတို့၏ ဝိသေသ လက္ခဏာများ ၊ သဘာဝမျှတခြင်းသို့မဟုတ် သဘာဝ ပြေပြစ်မျှတမှု ၊ ရုက္ခဗေဒ မှ ဖြာထွက်သော ဘာသာရပ်အချို့ အပင်လောက မျိုးစေ့ဝှက်ပင် တွေအကြောင်း ၊ သစ်စေ့အကြောင်း ၊ အပင်ပေါက်ခြင်း ၊ သစ်မြစ်အကြောင်း ၊ ပင်စည်အကြောင်း ၊ သစ်ရွက်အကြောင်း ၊ အပွင့်အကြောင်း၊ အသီးအကြောင်း နဲ့ ဖီဆိုအိုလိုဂျီ အကြောင်း စတဲ့ အကြောင်း အရာတွေကို အသေးစိတ်ဖတ်ရှု ရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၁၉၆၈ ခုနှစ်မှာ ပထမအကြိမ်အဖြစ် အုပ်ရေ ၃၀၀ ထုတ်ဝေခဲ့ပြီး စာမျက် နှာ ၃၀၂ ပါဝင်ပါတယ်။ စာအုပ်လေးက နှစ်တွေကြာနေပြီဖြစ်လို့ ရဖို့တော့သိပ်မလွယ်ပါဘူး။ ရှာတွေ့ရင်တော့ […]

အနောက်တံခါးမှ ငွေတောင်

​ဆောင်းရာသီသည် ခရီးသွားရန်အကောင်းဆုံး ရာသီဖြစ်ပါသည်။ ဤအချိန်၌ မြန်မာနိုင်ငံ၏ အနောက် တံခါးဟု လူသိများသော ရခိုင်ပြည်နယ် မေယုဒေသ(ဘူးသီးတောင်-မောင်တော) သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူတို့ ရောက်ရှိကြပါသည်။ ထိုခရီးသွားပြည်သူတို့ အဓိကစိတ်ဝင်အစားဆုံးမှာ ဘူးသီးတောင်မြို့ နယ်ရှိ စိုင်းတင်ရေးတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးသို့ သွားရောက်လည်ပတ်ပြီးသည့်နောက်တွင် မောင်တော မြို့နယ် မြောက်ဘက်ပိုင်းမှ ရှေးဟောင်းသမိုင်းဝင်ဘုရားများ ဖြစ်ကြသော ဝက်ကျိန်း စေတီ ၊ဘုရားပေါ်ဘုရားများ နှင့် ဖါးဝပ်ချောင်းစေတီ ကို သွားလေ့ရှိကြပါသည်။ ပြီးလျှင် မယူကမ်းအနောက်ဘက်ခြမ်း(မောင်တောမြို့နယ်၏ တောင်ပိုင်း) မှ ကျောက်ပန်းဒူကမ်းခြေ ၊ မယူကမ်းအရှေ့ ဘက်ခြမ်း(ရသေ့တောင်မြို့နယ်) မှ တောင်ဦးစေတီ နှင့် လောင်းချောင်းစေတီ များသို့လည်း ပျော်ပျော်ပါးပါး သွားလေ့ရှိကြပါသည်။ ယခုနှစ်များတွင် ထိုနေရာများအပါ အဝင် လူငယ် လူရွယ်တို့ အဓိကစိတ်ဝင်စားလာသော နေရာတစ်ခုလည်း […]

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများအတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့် အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေ

ပေါင်မြို့နယ်ရှိ ချောင်းရိုးမြောင်းရိုးများ အတွင်း အသားစား စုပ်ခွက်ငါး အများအပြား တွေ့လာရသည့်အတွက် ငါးမျိုးရင်းများ ပျောက်ကွယ်မည်ကို ဒေသခံများ စိုးရိမ်နေကြ ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာ အတွင်းရှိ ချောင်းရိုးများအတွင်း ပြီးခဲ့သည့် နှစ်များက စုပ်ခွက်ငါး သုံးလေးငါး ကောင်ခန့် သာတွေ့ရှိခဲ့ရသော်လည်း ယခုအခါ အကောင် ရေ ၅၀ ကျော်တွေ့ရှိကြောင်း ချောင်းရိုးများ၌ ငါးပက်သူ ဒေသခံတစ်ဦးကပြောကြားသည်။ ၎င်း“ကဆက်လက်ပြီး “ဒီငါးတွေကို တွေ့နေရတာ သုံးလေးနှစ်လောက်ရှိပြီ။ ခါ တိုင်း ဒီငါးတွေက အကောင်သေးပေမယ် အခုနောက်ပိုင်း ဖမ်းမိရင် ငါးတွေက အရင်က ထက် နှစ်ဆ၊ သုံးဆလောက်ပိုကြီးလာတဲ့ အနေအထားမျိုးတွေ့ရတ ယ်။ အရှည်က တစ်ပေလောက်၊ လုံးပတ်က ငါးလက်မ […]

အေဂရိုဗို့တစ် ဆိုတာ ၂ စီးပွားဖြစ်လို့ အနာဂတ် စိုက်ပျိုး-စီးပွားရဲ့လမ်းပြဖြစ်လာမှာပါ

လယ်ယာလို့ပြောလိုက်ရင် စားသောက်ကုန်ထုတ်လုပ်တဲ့ စီပွားရေးကဏ္ဌ တစ်ရပ်လို့မြင်နေတဲ့ အမြင်က ဒီကနေ့ကမ္ဘာမှာ အပြောင်အလဲ ဖြစ်နေပါပြီ။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသီးအနှံတွေကို ပျိုးထောင်၊ ရိပ်သိမ်း ၊ အနှံခြွေလောက်နဲ့ မလုံလောက်တော့ပါဘူး။ ခေတ်မီတဲ့လယ်သမားတွေကတော့ စိုက်ခင်းတွေကနေ သီးနှံတွေအပြင် လျှပ်စစ်စွမ်းအင်တွေကို ထုတ်လုပ်နိုင်အောင် ရင်းနှီးမြုပ်နှံလာကြပါပြီ ၊ အေဂရိုဗို့တစ်လို့ခေါ်တဲ့ လယ်ယာထွက်လျှပ်စစ်တွေကို စီးပွားဖြစ်လုပ်ဖို့ကြိုးစားလာကြပါပြီ ။ စိုက်ခင်းတွေနဲ့ ဆိုလာခင်းတွေကို တွဲနိုင်အောင်လုပ်လာကြပါပြီ။ သီးနှံထုတ်မယ် ၊ ပြီးတော့ လျှပ်စစ်ထုတ်မယ်ပေါ့။ အမေရိကားက မက်ဆာချူးဆက်ပြည်နယ်မှာ Blue Wave လို့ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ ပရောဂျက်တွေ လုပ်တဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ အဲ့ဒိ ကုမ္ပဏီက ဂေဟစနစ်မပျက်စီးစေဘဲ စီးပွားရေးအရ အောင်မြင်တဲ့အပြင် သန့်စင်တဲ့စွမ်းအင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ရရှိရေးအတွက် စီမံကိန်းတွေ ရေးပေးနေတာပါ ။ အဲ့ဒိကုမ္ပဏီရဲ့ ညွှန်ချုပ် […]