Author Posts

ဧရာဝတီကိုတော့ မလွမ်းချင်ပါ ဆောင်းပါးများနှင့်ရသစာစုများ

ဒီစာအုပ်ကတော့ ဆရာ ရွှေဥဒေါင်း ၊ သိပ္ပံမောင်ဝ ၊ ဒဂုန်တာရာ ၊ တိုက်စိုး ၊ မောင်ဝဏ္ဏ ၊ ညီပုလေး ၊ ဆူးငှက် ၊ ချစ်စံဝင်း ၊ ပါရဂူ နဲ့ အခြား နာမည်ကြီး စာရေးဆရာ ၊ အဆိုတော် ကြီးတွေရဲ့ သီချင်းများ ၊ ကဗျာများ ဆောင်းပါး မြောက်မြားစွာနဲ့ ရသစာစု‌ေတွကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး ဧရာဝတီမြစ်ကြီး အကြောင်း လေ့လာလိုသူတွေ သိချင်သူတွေအနေနဲ့က မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လို့ပြောလို့ရပါတယ်။ သစ်တောပညာရှင် ဆရာကြီး ဦးအုန်းနဲ့ လူထုစိန်ဝင်းတို့ရဲ့ ဧရာဝတီ အမှာစာတွေကို လည်း ဖတ်ရှုရမယ့် စာအုပ်တစ်အုပ်ပါ။၂၀၁၁ ခုနှစ် တွင် ပထမအကြိမ်အဖြစ် […]

အမေရိကန်တွေက ရေပေးတူးမြောင်းတွေပေါ်မှာ ဆိုလာတွေ တည်ဆောက်နေ

၂၀၁၅ ‌တုန်းက ကယ်လီဖိုးနီးယားမှာ ၄နှစ်ဆက် မိုးခေါင်မှု ဖြစ်ခဲ့ပါတယ်။ မြေကြီးခြောက်သွေ့ အက်ကွဲကုန် ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ပြည်နယ်အတွင်း ရေသုံးစွဲမှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖို့အတွက် အမိန့်ထုတ်ခဲ့သလို ရေအများအပြားသုံးစွဲတဲ့ လယ်သမားတွေကတောင် ရေသုံးစွဲမှုကို စေတနာ့ဝန်ထမ်းအဖြစ် လျှော့သုံးခဲ့ရပါတယ်။ ဘရောင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းတွေ အများကြီးလုပ်ခဲ့ပါတယ် ။ အဲ့ဒိနောက်မှာတော့ ကယ်လီဖိုးနီးယားမှာ ရာသီဥတုဖောက်ပြန်မှု လျော့ပါးလာတာကို တွေ့လာရပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေက ကယ်လီဖိုးနီးယားမှာ စံချိန်တင်အပူလှိုင်းကျတာတွေ ၊ တောမီးအကြီးအကျယ်လောင်တာတွေ ၊ ကော်လိုရာဒိုမြစ်ရေကျဆင်းသွားတာတွေ နဲ့ရာသီဥတုဖောက်ပြန်မှုဖြစ်လာတာတွေက စွန့်ဦးတီထွင်သူတွေ ဖြစ်တဲ့ ဂျော်ဒန်ဟာရစ်နဲ့ ရော်ဘင်ရာဂျ်တို့ကို ဆည်မြောင်ဖုံး ဆိုလာပြားတွေ တပ်ဆင်ဖို့အတွက် စိတ်ကူးရသွား စေပါတယ် ။ သူတို့ရဲ့ အိုင်ဒီယာကတော့ ရိုးရှင်းပါတယ် […]

ရွှေခရုအန္တရာယ် အချိန်မီ နှိမ်နှင်းကာကွယ်

မိုးသံလေသံလေးကြားတာနဲ့ ရွှေခရုအသံတွေက ပူညံပူညံ ထွက်ပေါ်လာပါတယ်။ မုတ်သုံမိုးက ခေါ်လာလေသလား မသိပါ။ ကြဲပြီး၊ စိုက်ပြီးစ စပါးခင်းတွေ၊ မိုးလေးနဲ့ အပင်ပေါက်ခါစ စပါးခင်းတွေမှာ ရွှေခရု တွေဖျက်လို့ စပါးခင်းလည်းကုန် ဖြစ်နေတယ် ဆရာတဲ့။ သူတို့ဆီမှာတော့ အတော့်ကို ဂျိုမွှေတဲ့ ရွှေခရုမို့ “မွှေခရု”လို့တောင် ခေါ်နေကြတယ်။ အဲ့ဒါ ရွှေခရုကို ဘယ်လို ကာကွယ်နှိမ်နင်းရမယ် အကြံလေးပေးပါဦး ဆရာလို့ ဆိုပါတယ်။ ရွှေခရုအကြောင်း ပြောရမယ်ဆိုရင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ ရွှေခရုကို အင်္ဂလိပ်လို Golden Apple Snail လို့ ခေါ်တယ်။ မျိုးရင်းကတော့ Gastropoda Ampullariidae ဖြစ်တယ်။ အခု နောက်ပိုင်းမှာ ပင်လယ် ကမ်းရိုးတန်း ဒေသတစ်လျှောက် ဒီရေနဲ့ အတူတူပါလာပြီး စပါးခင်းတွေကို ဖျက်ဆီးတာ […]

ကမ္ဘာပျက်နာရီကြီး နောက်ပြန်လည်အောင်အရေးပေါ်လုပ်ကြဖို့ အကြီးအကဲများအဖွဲ့ က သတိပေးလိုက်ပြီ

ရာသီဥတုဖောက်ပြန်မှု ၊ ကပ်ရောဂါများနဲ့ နျူကလိယားပြန့်ပွားမှုတွေကြောင့် အနာဂတ်ကမ္ဘာကြီးက ရပ်တည်လို့ မရအောင်ဖြစ်လာပြီး အဆုံးမှာကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်လို့ အကြီးအကဲများအဖွဲ့ ( The Elders ) က သတိပေး လိုက်ပါတယ်။ Doomsday Clock လို့ခေါ်တဲ့ ကမ္ဘာပျက်နာရီကြီးက တဖြည်းဖြည်းနဲ့အဆုံးသတ်ပိုင်းကို ကပ်လာပါပြီ ။ အဲ့ဒါကို နောက်ပြန်လည်သွားအောင် အရေးပေါ်လုပ်ရမယ့် အရေးကိုနှောင့်နှေး တုံ့ဆိုင်းမနေဖို့အတွက် သတိပေးလိုက် တာပဲ ဖြစ်ပါတယ်။ ရာသီဥတုအကျပ်အတည်း၊ ကပ်ရောဂါနှင့် နျူကလီးယားလက်နက်များအပါအဝင် လူသားမျိုးနွယ် ရင်ဆိုင် နေရသော ဖြစ်တည်မှုအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော အရေးတကြီး လုပ်ဆောင်မှုများအား ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ အကောင်အထည်ဖော်ဖို့အတွက်လည်း ဆိုလိုက်တာပါ ။ လက်ရှိဖြစ်ပေါ်နေသော ယူကရိန်း-ရုရှားစစ်ပွဲအတွင်းမှာ ရုရှားသမ္မတ ပူတင်ရဲ့ နျူကလိယားလက်နက် တွေနဲ့ ပတ်သက်ပြီး အဆင်ခြင်မဲ့ပြောဆိုခြင်းက […]

ရာသီဥတုဒဏ်ခံနေရတဲ့ နိုင်ငံများကို ဘယ်လိုပံ့ပို့ပေးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး အခြေတင်ဆွေးနွေးဖို့လိုနေပြီ

ဒီလကုန်မှာ ကျင်းပမယ့် COP 28 တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုညီလာခံမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်အသီးသီးအနေနဲ့ ကွာဟချက်ကြီးမားလာပြီဖြစ်တဲ့ ရာသီဥတုဒဏ်ခံနေရတဲ့ နိုင်ငံများကို ဘယ်လိုပံ့ပို့ပေးသွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေတင်ဆွေးနွေးဖို့လိုနေပြီလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရေ့စ်က သတိပေးလိုက်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှု နဲ့လိုက်လျောညီထွေဖြစ်အောင် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေဟာ အန္တရာယ် နည်းပါးသွားအောင် လုပ်နေတာပါ လို့ဆိုလိုက်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆင်းရဲသောနိုင်ငံများ၏ လိုအပ်သောငွေ နှင့် ရုပ်ကြွင်းလောင်စာကို အသုံးပြုပြီး ချမ်းသာနေသောနိုင်ငံများ ကြားက ဝင်ငွေသည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေပါတယ်။ “လိုအပ်ချက်တွေ များလာတာနဲ့အမျှ လုပ်ဆောင်ချက်တွေ ရပ်တန့်နေတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကဆိုပါတယ်။ ယခုနှစ်၏ လိုက်လျောညီထွေမှု ကွာဟမှု အစီရင်ခံစာတွင် ကွာခြားမှုသည် ယခင် ထင်ထားသည်ထက် ၅၀ […]

မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အင်း

မရောက်ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ ၊ ငယ်စဉ်အခါက ကိုယ်နေခဲ့တဲ့ အင်းတော်မြို့လေးကို မနှစ်က ရောက်ဖြစ်ခဲ့တယ်။ အင်းတော်မြို့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အထက် စွန်းမှာရှိတဲ့ မြို့နယ်ဖြစ်တယ်။ ကချင်ပြည်နယ်ရဲ့ မိုးညှင်းမြို့နယ်နဲ့ကပ်လျက် တည်ရှိတဲ့ မြို့နယ် ဖြစ်တယ်။ အင်း တော်မြို့မှာ အင်းတော်အင်းလို့ ဒေသခံတွေ ခေါ်ဆိုကြတဲ့ အင်းကြီးတစ်ခုလည်းရှိတယ်။ မြန်မာနိုင်ငံမှာကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်း‌တော်ကြီးကန်က အကြီးဆုံးဖြစ်ပြီး ဒုတိယအကြီးဆုံးက ရှမ်းပြည်နယ်ရှိ အင်းလေးကန် ဖြစ်တယ်။ တတိယအကြီးဆုံးကတော့ အင်းတော်မြို့နယ်က အင်းတော်အင်းပါ။ အင်းတော်အင်းကို တချို့တချို့သော စာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားတာကိုလည်း တွေ့ရှိ ဖတ်ရှု ဖူးတယ်။အင်းတော်ကြီးအင်းနဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေမှာ မန်လည်အင်းလို့ ရေးသားထားပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ မန်လည်အင်းလို့ ခေါ်ဆိုတာကို မကြားရတော့ပါ။ အင်းတော်အင်းလို့ပဲ […]

တောင်ဇလပ်ပန်းတွေပွင့်တော့မယ့်အချိန်

တောင်ဇလပ်ပန်းတွေ ပွင့်တော့မယ့် ဆောင်းကိုရောက်လျင် ချင်းတောင်ကို လွမ်းရပြီ။ တောင်ဇလပ်ပန်းတွေနှင့် မဆုံနိုင်သည်မှာလည်း ဆောင်းသုံးရာသီမကတော့ပါ။ ချင်းတောင်မှာ တောင်ဇလပ်ပန်း နီနီတွေက ဒီဇင်ဘာလောက်မှ ပွင့်တတ်ကြပါသည်။ တောင်ဇလပ်တွေ မပွင့်ခင် ပွင့်လင်းရာသီအစ ခုလိုနိုဝင်ဘာလကစပြီး ချင်းတောင်ကို ခရီးသွားဖို့ ကောင်းပါသည်။ ချင်းတောင်ကိုခရီးသွားရလျင် ဆိုင်ကယ်နှင့် သွားရတာအကောင်းဆုံးဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ တိမ်အုပ်များကို လွတ်လပ်စွာကြည့်လို့ရသည်။ တောင်ပေါ်က လတ်ဆတ်သည့် လေကို အားပါးတရရူရိူက်နိုင်သည်။ ရာသီဥတုကအေး၊ လေကလည်းတိုက်သည့် အတွက် လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဝတ်ဖို့တော့လိုပါသည်။ သိုင်းငင်းက စားသောက်ဆိုင်မှာဝင်ပြီး ချင်းဒေသထွက် စပျစ်ဝိုင်တစ်ခွက်က သင့်ကိုအနွေးဓာတ်ပေးပါလိမ့်မည်။ ကျွန်တော့အတွက်တော့ ချင်းတောင်ကို တစ်ရက်တာခရီးထွက်ရမည်ဆိုလျင် သိုင်းငင်းနှင့် တီးတိန်ကြားက လေထန်ကုန်းကိုသွားချင်သည်။ လေထန်တောင်ကုန်းပေါ်မှာ တောင်ဇလပ်ပင်တွေ တော်တော်များများရှိသည်။ တောင်ဇလပ်ပန်းနီတွေကကျစ်လျစ်ပြီး မာကျောသည်။ ချင်းတောင်ပေါ်က ချင်းလူမျိုးတွေကလည်း တောင်ဇလပ်ပန်းတွေလိုပဲ […]

ဥရောပမြောက်ပိုင်းကို မွှေသွားတဲ့ မုန်တိုင်း ကီရန်က ရာသီဥတုဖောက်ပြန်မှုနဲ့ ဆိုင်နေလား

နိုဝင်ဘာလ ( ၁ ) ရက်နေ့ ဗုဒ္ဓဟူးနေ့က ဥရောပမြောက်ပိုင်းကိုဝင်ရောက်ဿွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ကီရန်‌‌ကြောင့် သန်းပေါင်းများစွာသော ဥရောပသားတွေ လျှပ်စစ်မီးပြတ်တောက်သွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လိုက် ရပါတယ်။ ဒိုဘာရေလက်ကြားက ကျွန်းတွေဆီကို ဗုဒ္ဓဟူးနေ့ည ကနေ ကြာသပတေးနေ့မနက်အထိ လေတိုက်နှုန်း ကီလို မီတာ ၁၆၀ ကျော်နဲ့ ဖြတ်သန်းသွားခဲ့ပါတယ်။ စံချိန်တင် လေတိုက်နှုန်းနဲ့ အဆိုးရွားဆုံးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းရဲ့သက်ရောက်မှုကြောင့် မိုးသီးကြီးများကျဆင်းခဲ့သလို ရေလှိုင်တွေက ပေ ၃၀ လောက်နီးပါး အမြင့် ဖြစ်ခဲ့ပါတယ်။ ဒေသခံတော်တော်များများကို‌ ရွှေ့‌ပြောင်းရေးလုပ်ပေးခဲ့ရပါတယ်။ အင်္ဂလိပ်ရေလက်ကြားထဲက ဂျာစီကျွန်းပေါ်က မိုးလေဝသဌာနရဲ့ အဆိုအရ တိုက်သွားတဲ့ မုန်တိုင်းထဲမှာ တော်နဲဒိုလို လေဆင်နှာမောင်းတွေပါ ပါတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းများကိုတော့ ဗုဒ္ဓဟူးနေ့ […]

ဂရိတွေ ဓာတ်ငွေ့တူးဖော်မှု ရပ်တန့်ပေးဖို့ ဂရင်းပိစ်အဖွဲ့ တောင်းဆို

ဂရိနိုင်ငံ၏ Aegean ပင်လယ်တွင် သဘာဝဓာတ်ငွေ့ တူးဖော်မှု ပြုလုပ်ရန်အတွက် စမ်းသက်မှုများ လုပ်ကိုင် နေသောကြောင့် လင်းပိုင်နှင့် ဝေလငါးများကဲ့သို့သော ရေနေတောရိုင်းတိရစ္ဆာန်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမည်ကို Greenpeace မှ စိုးရိမ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဂရိအစိုးရကိုတောင်းဆိုမှုများ လုပ်ခဲ့ပါတယ်။ Greenpeace သည် မြေထဲပင်လယ်တွင်ဂရိနိုင်ငံ၏ရည်မှန်းချက်ကြီးသော ရေနက်ပိုင်းဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းကို စွန့်လွှတ်ရန် အသနားခံစာ ရေးပြီးတင်သွင်းခဲ့ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော သုတေသနကို ကိုးကား၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ အဆိုပါ စီမံကိန်း၏ သက်ရောက်မှုမှာ ယခင်က ယုံကြည်ထားသည်ထက် ကြီးမားသော အန္တရာယ်ရှိသဖြင့် ဝေလငါးများနှင့် လင်းပိုင်များအပေါ် အကျိုးသက်ရောက်မှုရှိသည် ဟု စောဒကတက်ခဲ့ပါတယ်။ ဂရိနိုင်ငံ အနောက်တောင်ပိုင်းနှင့် ကရေတေတို့ရှိ ရေပြင်တွင် စူးစမ်းလေ့လာတူးဖော်ရန် လျာထားသည့် ဧရိယာများတွင် ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက […]

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]