ရေဇလာသင်ဖျာခင်းရင်ပေါ့ (၆)
“ရေသေရေထ ရက်တွက်မနေနဲ့။ ကြုံရာတက်နဲ့ဖြစ်အောင်ခတ်ပါ”တဲ့။ ဒီဒေသမှာ နေထိုင်ခေါင်းချသွားခဲ့သော ရှေးလူကြီးများက အစဉ်အဆက်တလျောက် နူတ်တိုက်ချပေးထားခဲ့တဲ့ စကားပုံတစ်ခုပါ။ ဒီစကားပုံက ဘယ်သူတွေကို အထူးပြု ရည်ညွှန်းဆိုထားသလဲဆိုတာ တွေးမိကြပါသလား။ အခြားသူတွေအတွက် ဟုတ်နိုင်ရိုးလို့လား။ ကိုသာအေးတို့လို ကပ်ပါးတံငါသည်တွေအတွက် သီးသန့်ညွှန်း ထားပေးခဲ့တဲ့ စကားပုံတစ်ခုပါပဲ။ လရာသီကား ဗမာပြက္ခတိန်မူအားဖြင့်ဆိုပါလျှင် တော်သလင်းလကွယ် လွန်မြောက်လို့ သီတင်းကျွတ်လအနီးအနားသို့ပင် ချဉ်းကပ်နေခဲ့ပါပြီ။ မိုးကုန်စပြုပြီဆိုတော့ လယ်တွေထဲရေခန်းစပြုလာခဲ့ပါတယ်။ ရှူ့မြင်လေရာအရပ်ရပ်မျက်နှာထံဝယ် ရွှေမြသားအဆင်းနှယ် ပမာဆောင်ထားသော စပါးနှံများက လယ်တောတစ်ခိုဝယ် ကိုင်းညွှတ်အိကျလျက်ပင်ရှိနေပါ၏။ လယ်တောထဲမှာ သားငါးရှာဖွေရသော ရာသီကတော့ ကုန်ဆုံးလွန်မြောက်သလောက်ဖြစ်ရပြီပေါ့။ ကိုသာအေးအဖို့ စားကျက်အသစ်ဆီသို့ ရွှေ့ပြောင်းရှာဖွေရပါတော့မယ်။ ဘယ်ကိုရွှေ့ရမလဲဆိုတော့ ချောင်းမကြီးကခွဲထွက်လာတဲ့ ရိုးတိုကလေးတွေဆီကိုပါပဲ။ ဒီအခါကာလမှာ ရိုးတိုလေးတွေထဲ ကျက်စားနေလေ့ရှိသော မျှင်ပုစွန်များကိုဖမ်းဆီးလုပ်ကိုင်ရတဲ့ မျှင်ရာသီသို့ တစ်ကျော့ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။ သင်္ဘောစင်အပေါ်မှာတင်ထားသော မြှုံးပိုက်အသီးသီးရဲ့ အပေါက်အပြဲအနာအဆာများကို ဖာထေးလို့ပြီးစီးပြီမို့ […]