Author Posts

သတင်းအမှောင်ချခံခဲ့လိုက်ရတဲ့ ဂီနီယာပင်လယ်ကွေ့ က ရေနံကွက်ကြီး

ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက မက္ကဆီကို ပင်လယ်ကွေ့မှာ BP ရေနံ ကုမ္ပဏီရဲ့ Deep Water Horizon ကမ်းလွန်ရေနံလုပ်ငန်းက ပေါက်ကွဲပြီး ရေနံစည် သန်း၄၀ ကျော် ပါတဲ့ ရေနံကွက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက ကမ္ဘာ့ သတင်းမီးီယာတွေမျာ လတော်တော်ကြာအောင် ခေါင်းကြီး သတင်းအနေနဲ့ ပါခဲ့လို့ လူတော်တော်များများ သိခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၂ ကနေ ၂၀၁၂ လောက်အထိ ၁၀စုနှစ် တစ်ခုစာ ရှိခဲ့ အာဖရိကတိုက် အနောက်ဖက်ကမ်းခြေ ဂီနီယာ ပင်လယ်ကွေ့က ရေနံကွက်ကြီးအကြောင်း ကိုတော့ ဘယ်သူမှ တစ်စွန်းတစ မသိလိုက် ကြပါဘူး ။ အဲ့ဒိတုန်းက ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံ အထောက်အထားအရ ဂီနီယာပင်လယ်ကွေ့ မှာ ရှိခဲ့တဲ့ ရေနံကွက်ကြီး […]

မိန်းမလှကျွန်း

ဗြုံးမွှေးကျွန်း ဖရီဒါရုံးရှေ့ရှိ ပင်လယ်ရေမျက်နှာပြင်သည် ငြိမ်သက်လျက်ရှိ၏။ အချိန်ကား နံနက် (၅) နာရီခွဲ။ ဇူလိုင်လ မိုးရာသီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်းနေပြီး အရှေ့အရပ်ဆီမှ နေရောင်ဖျော့ဖျော့လေးကိုသာ လှမ်းမြင်နေရ၏။ ပင်လယ်ဘက်မှတိုက်ခတ်လာသော လေအေးကလေးကလည်း နံနက်ခင်းကို လတ်ဆတ်နေအောင် အားဖြည့်သကဲ့သို့ရှိနေ၏။ ကျွန်ုပ်လည်း ရုံးရှေ့ကွက်ပျစ်ပေါ်တွင် ထွေရာလေးပါးကိုစဉ်းစားရင်း အတွေးနယ်ချဲ့နေစဉ် ရုတ်တရက် ခေါ်သံတစ်ခုကြောင့် အတွေးတို့သည် လွင့်စင်ကွယ်ပျောက်ကုန်၏။ ကိုမျိုးမြင့်။ ။ ‘ကျော်မျိုးလွင်ရေ … မနက်စာ ထမင်းကြော် ရပြီဟေ့။ စားရအောင် လာခဲ့တော့။’ ကျွန်ုပ်။ ။ ‘ဟုတ် အကို … လာပါပြီ။’ ကျွန်ုပ် ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်မိသည်နှင့် … ကိုမျိုးမြင့်။ ။ ‘မနက်ခင်းလေးမို့ ရုံးရှေ့ပင်လယ်ရေဟာ ငြိမ်နေတာ။ အခုတောင် ပင်လယ်ဘက်ကနေ ဒီရေ […]

အင်ဒီးစ်တောင်တန်းကြီးပေါ်မှာ မျိုးဆက်ခွင့်ရသွားတဲ့ ကယ်လီဖိုးနီးယား လင်းတငှက်များ

ကမ္ဘာပေါ်က မိုးပျံ ငှက်မျိုးစိတ်တွေထဲမှာ ကယ်လီဖိုးနီးယားက လင်းတတွေက အကြီးဆုံးပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ လူသားတွေရဲ့ အဆိပ်ချ တာတွေ ၊ အမဲလိုက်တာတွေ နဲ့ အသိုက်ဖျက်ခံရတာ တွေကြောင့် ၁၉၈၀ ဝန်းကျင်မှာ ကယ်လီဖိုးနီးယားမှာ လင်တတွေ ပျောက်ကွယ်သွားသလိုဖြစ်သွားပါတယ်။ ဒေသတွင်းနေထိုင်တဲ့ ဇီ၀ မျိုးစိတ်တစ်ခုပျောက်ကွယ် တော့မယ့် အရေးကို အဲ့ဒိတုန်းက ပတ်ဝန်းကျင်ထိန်း သိမ်းရေး သမားတွေနဲ့ အုပ်ချုပ်ရေး အာဏါပိုင်တွေကြားမှာ အခြေအတင်ဖြစ်ခဲ့ရပါတယ်။ လင်းတ မျိုးစိတ် တွေ မပျောက်ဖို့ ထိန်းသိမ်းဖို့ လိုတဲ့အကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ကတိုက်တွန်းပေမဲ့ အာဏါပိုင်တွေကတော့ သက်သက်အကြောင်းရှာတယ်လို့ ပဲ မြင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ကယ်လီဖိုး နီးယားမှာ ရှိတဲ့ လက်ကျန် လင်းတတွေကို အကုန်ဖမ်းပြီး ယူတက်ပြည်နယ်က ဇီးယွန်အမျိုးသား ဥယျာဉ်ထဲမှာ […]

မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

“ မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေအတက်အကျ လုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာ စီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူ ပြုနေကြတယ်။ အခုနောက်ပိုင်း လူတွေက မြစ်တွေ ညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေ ခမျာ အသက်ကို ပုံမှန် မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက် ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ် ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်” အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ် တူညီတဲ့ စကားတွေကို စာရေးသူ သတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခု သစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘ တစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) […]

တစ်နှစ်ကို ဖန်တီးအမဲသား ပေါင် ၄သိန်းလောက် စထုတ်နိုင်ပြီလို့ ဆို

အမဲသားထုတ်လုပ်ဖို့အတွက် မွေးမြူရေးခြံ တွေတည်ဆောက် ရပါတယ်။ အဲ့ဒိခြံတွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်တဲ့ မီသိန်း တွေက အမြောက်အများကိုပဲ ကမ္ဘာ့လေထုထဲကိုရောက်လာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် လိုပဲ အပူကိုစုတ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို အားကောင်စေတဲ့ ထိတ်တန်းဓာတ်ငွေ့ ထဲမှာ ပါလာပါတယ်။ ကျနော်တို့ ရဲ့ စားသောက်ကုန်ဖြစ်တဲ့ မွေးမြူရေး လုပ်ငန်းတွေက ကျနော်တို့ကမ္ဘာကြီးကို ထိခိုက်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ တွေကို ထုတ်နေပါတယ်။ အဲ့ဒိပြဿနာကို သိပ္ပံပညာရှင်တွေ က အဖြေရှာကြရာမှာ နည်းလမ်း တစ်ခုကိုတွေ့ခဲ့ပါတယ်။ နွားတွေရဲ့ ဆဲလ်တွေ ကို ဓာတ်ခွဲခန်းမှာ မွေးမြူပြီး အသားတွေကို စမ်းသက်ထုတ်လုပ်ကြည့်ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး အရ တွက် ခြေကိုက်နိုင် မကိုက်နိုင် ကို ထည့်ပြီး စဉ်းစားတဲ့နေရာမှာ မကိုက်ဘူး ဖြစ်နေပါတယ်။ […]

အညာနဲ့ ထန်း အိုးစားမကွဲစေချင်ပါ

နွေဦးကာလ မြူထသောခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ဝန်ကြီးပဒေသရာဇာရေး တဲ့ ‘နွေဦးကာလ မြူထသောခါ’ တျာချင်းကဗျာရဲ့ နိဒါန်းအပိုဒ် လေး ဖြစ်ပါတယ်။ ရွှေလက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်း ခဲ့ရပေမယ့် အဲဒီကဗျာလေး ကြောင့် အညာဒေသနဲ့ ထန်းတောနဲ့ ထန်းတက်သမားမိသားစုနဲ့ စိတ်ထဲမှာ အလိုလိုရင်းနှီးကျွမ်း ဝင်ခဲ့ရတယ်။ အညာဒေသလို့ဆို လိုက်တာနဲ့ ထန်းပင်ထန်းတောကြီးတွေ၊ ထန်းတက်သမား မိသားစုဘဝတွေကို စိတ်အာရုံမှာ အလိုလိုမြင်ယောင်လာတဲ့ အထိ အဲဒီတျာချင်းကဗျာလေးက အ စွမ်းထက်လှပါတယ်။ အဲဒီကဗျာ ကြောင့်ပဲ နောက်ပိုင်းကာလတွေ မှာ အလုပ်တာဝန်တွေနဲ့ အညာဒေသရောက်တဲ့အခါမှာလည်း ထန်းပင်၊ ထန်းတောကြီးတွေဆီ အရောက်သွားခဲ့ တယ်။ ထန်းပင်ကျရည်ကို သောက်၊ ပဲကြီးလှော် နဲ့ […]

နှစ် ၂၀၀ကျော် ပျောက်ကွယ်သွားပြီးနောက် ရိုမေးနီးယားကို သားမင်းတွေပြန်လာ

ရိုးမေးနီးယားနိုင်ငံ ကာပါသီယံ တောင်တန်းတွေပေါ်မှာ မြင်ဖူးနေကျမဟုတ်တဲ့ ခွာရာတွေ သစ်ခေါက်တွေ ပေါ်က ဂျို ရာတွေကို တွေ့ ရလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ တော်တေ်ာ စိတ်ဝင်သွားခဲ့ကြပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ အဲ့ဒါက သားမင်း ဆိုတဲ့ အကောင်တွေဖြစ်နိုင်တယ်လို့ ဆိုလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ဝမ်းသာသွားကြပါတယ်။ ရိုမေးနီးယားမှာ သားမင်းကို နောက်ဆုံး တွေ့ခဲ့ လိုက်တာက ၁၉၂၇ ခုနှစ်ကပါ။ သားမင်းတွေ မျိုးတုံး သွားပြီးလို့ ပြောလို့ ရအောင်ကို ပဲ ရိုးမေးနီးယားမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကာပါသီယံကို ဘေးမဲ့တော ဖြစ်အောင် ပတ်ဝန်ကျင်ထိန်းသိမ်းရေသမားတွေ နှစ်အတော်ကြာအောင် ကြိုးစားခဲ့ပြီးနောက် မှာတော့ ရလဒ်အနေနဲ့ သားမင်းတွေက သူတို့ ရဲ့ နေရင်းဒေသကို ပြန်လာခဲ့ကြပါတယ်။ ကာပါသီယံတောင်တန်း ထိန်းသိမ်းရေး အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၁၂)

နိုင်းမြစ်(Nile River) နိုင်းမြစ်ဆိုပါက မသိသူ မကြားဖူးသူ မရှိသလောက်ပင် ရှားပါလိမ့်မည်။ နိုင်းမြစ်သည် အာဖရိကတိုက်၏ အရှည်ဆုံးမြစ်ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် ကမ်ဘာ့သမိုင်း အပြောင်းအလဲများတွင်လည်း အရေးပါခဲ့သော မြစ်တစ်စင်းဖြစ်သည်။ ထိုသို့ ခမ်းနားသော မြစ်တစ်စင်းသည် ကမ်ဘာ့အညစ်ညမ်းဆုံးမြစ်များထဲတွင် ပါဝင်နေသည်။ ထိုသို့ဖြစ်ရသည်မှာ မြစ်ကိုပိုင်ဆိုင်ခွင့်ရထားသော နိုင်ငံများနှင့် လူသားတို့၏ မြစ်အပေါ် တန္ဖိုးထားစောင့်ရှောက်ရန် မေ့လျော့နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုဒဏ် မြစ်အောက်ပိုင်းနှင့် မြစ်ဝဒေသရှိ ပြည်သူများ ခံစားကြရသည်။ မြစ်ကို ရှည်လျားစွာ ပိုင်ဆိုင်ခွင့်ရထားသော အီဂျစ်တွင် အဖြစ်အများဆုံးရောဂါများမှာ ဘက်တီးရီးယားဝမ်းလျှောရောဂါ၊ တိုက်ဖွိုက်အဖျားရောဂါနှင့် schistosomiasis ခေါ် ကပ်ပါးပိုး(သန်းကောင်ကဲ့သို့သော) ကြောင့်ဖြစ်သော ဝမ်းဗိုက်ဖောရောင်သော ရောဂါများဖြစ်သည်။ ထိုရောဂါ အားလုံးသည် မိလ္လာရေကဲ့သို့သော အန္တရာယ်ရှိသည့် မသန့်ရှင်းသော ရေများနှင့် ဆက်နွယ်ဖြစ်ပေါ်သော ရောဂါများဖြစ်သည်။ ဆိုလိုသည်မှာ […]

နွေးစေထွေး ဝေးဝေးနေ မိုးစက်တွေ

ညနေစောင်းလာတော့ အေအးဓာတ္က အနည်းငယ်ဝင်လာခဲ့ပြီ။ခြံရဲ့ တာထိပ္ကေန လယ်ကွင်းပြင်ဘက်ကို အကြည့်က အလိုလို ရောက်သွားခဲ့တယ်။တချို့ ထောင်လျက်သား စပါးပင်တွေ၊တချို့ ကိုင်းညွှတ်နေတဲ့ စပါးပင်တွေကို ကျွန်တော် ငေးကြည့်နေမိတယ်။မြောက်လေနဲ့အတူပါလာတဲ့ လယ်သင်းရနံ့တွေက ကျွန်တော့်စိတ်ထဲ တစ်မျိုးတစ်ဖုံ ကြည်နူးသွားသလို ခံစားလိုက်ရတယ်။ကျွန်တော် အသက္ကို တဝကြီး ရှုလိုက်မိတယ်။ကျွန်တော့် အဆုတ်ထဲမှာ ရိတ်သိမ်းလို့ရပြီဖြစ်တဲ့ စပါးနှံတွေ လေအတိုးမှာ ဝင်ရောက်လှုပ်ယမ်းသွားသလိုပဲ ခံစားလိုက်ရတယ်။ကောက်ရိတ်ပြီး ပြန်လာကြတဲ့ လယ်သူမတချို့ကို ဟိုးခပ်ဝေးဝေး လယ်ကန်သင်းရိုးပေါ်ကနေ လမ်းလျှောက်ပြန်လာကြတာကိုလည်း တွေ့နေရတယ်။တချို့က သီချင်းညည်းလို့။တချို့က ရယ်မော စကားပြောလို့။တချို့က တံစဉ်တွေကို ဘဝအပေါ် ထမ်းတင်လို့။ ညက ပျိုမျစ်လာခဲ့ပြီ။ဝန်းကျင်က အနည်းငယ် မှောင်လာခဲ့ပြီ။မြေမျက်နှာသွင်ပြင်က အရောင်တချို့ကို ပြောင်းလဲပစ်ဖို့ ကြိုးစားနေခဲ့ပြီ။လယ်ကွင်းပြင်ထဲမှာလည်း အနည်းငယ် မှောင်လာခဲ့ပြီ။စပါးပင်တွေလည်း ဝိုးတဝါး။သစ်ပင်တောတန်းတွေလည်း ဝိုးတဝါး။ကောင်းကင်ပြင်လည်း ဝိုးတဝါး။ဒါပေမဲ့ လပြည့်ကျော်ရုံ လမင်းကြီးကတော့ တောက်ပမှုအရောင် […]

ဖက်ဒရယ် သယံဇာတအုပ်ချုပ်မှုစနစ် (Resource Federalism) အောင်မြင်ဖို့ သစ်တော၊ သစ်ပင်စိုက်ကြစို့

ကောလင်းမြို့နယ်တွင်းရှိ ကျွန်တော့်ဇာတိမြေ နယ်အစွန်အဖျားရွာကလေးသို့ မရောက်ဖြစ်သည်မှာ (၄)နှစ်နီးပါးခန့် ရှိခဲ့ပေပြီ။ ယခုနှစ်ဆန်းပိုင်းတွင်ကား ကိုဗစ်ရောဂါအပြင် အရေးအခင်းကာလကြောင့် ကျွန်တော်အိမ်ပြန်ဖြစ်ခဲ့သည်။ မကြာမြင့်သောနှစ်ကာလများအတွင်း ကောလင်းမြို့နယ် အနောက်ဘက်ခြမ်း၏ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့ရသောကြောင့် ကျွန်တော်ဝမ်းသာမဆုံးရှိလှသည်။ လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ကောလင်း-ရွာဘက်လမ်းသည် အလွန်ဆိုးရွားသည်။ ယခုဆိုလျှင် သုံးပုံတစ်ပုံခန့် ကတ္တရာလမ်းခင်းပြီးပေပြီ။ လျှပ်စစ်မီးလည်း မြို့နယ်အနောက်ဘက်ခြမ်း ရွာအတော်များများ လင်းနေပြီဖြစ်သည်။ သို့သော် ကျွန်တော်စိတ်မကောင်းဖြစ်မိသည်မှာကား လမ်းမကြီးတစ်လျှောက်ရှိ တောဧရိယာအမြောက်အများမှာ စိုက်ပျိုးမြေအဖြစ်သို့ ပြောင်းလဲနေပေပြီ။ တစ်ရွာနှင့် တစ်ရွာအကြား အင်တိုင်းတောများမှာ ခပ်ကျဲကျဲသာကျန်တော့သည်။ အရိပ်အာဝါသကောင်းသော အချို့အပင်ကြီးများလည်း မရှိတော့ပြီ။ ကျွန်တော့်ဘိုးဘွားများလက်ထက်က ကောလင်းမြို့သို့ ‌ခြေလျင်၊ လှည်း၊ စက်ဘီးတို့ဖြင့် သွားခဲ့ကြရသည်။ ထိုခေတ်က ကောလင်းနှင့်ရွာဘက်ကို နေချင်းပြန်ဖို့ မလွယ်လှပေ။ ခမောက်တောင်ကွင်းမရောက်ခင် လမ်းခုလတ်တွင်ကား ‘လှံထိုးသရက်ပင်’ဟုခေါ်သော သရက်ပင်အကြီးကြီးတစ်ပင်ရှိခဲ့သည်ဟု […]