လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ
(၁) ရန်ကုန်မြို့နယ် ၆ မြို့နယ်ရှိ နေရာ ၉ နေရာတွင် လေထုညစ်ညမ်းမှုတိုင်းတာမှုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO) ၏ စံသတ်မှတ်ချက်ထက်ကျော်လွန်ပြီး လေထုညစ်ညမ်းနေကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက် ရသည်။ လေထုညစ်ညမ်းမှုကို စက်မှုဇုန်နေရာများ၊ ယဉ်ကြောသွားလာမှုများသည့်နေရာများဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေ လမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် စိမ်းလန်း အမိမြေ အသင်းကတိုင်းတာခဲ့ခြင်းဖြစ်သည်။ စိမ်းလန်းအမိမြေအသင်းသည် လေထုညစ်ညမ်းမှုတိုင်းတာခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ထိုသို့တိုင်းတာခဲ့သော နေရာများ အနက် ကြည့်မြင်တိုင်မြို့နယ်သည် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်။ ယင်းနေရာများတွင် လေထုညစ် ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် […]