ငှက်ကလေးတွေ
မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလဲ(လည်း) ငါ့ရှာ ငါလဲ(လည်း)မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)
မိုးကိုမောင်းထုတ် ဆောင်းသရုပ်ထဲ နှင်းအကွဲမှာ မင်းလဲ(လည်း) ငါ့ရှာ ငါလဲ(လည်း)မင့်လွမ်း ပြန်ဆုံခန်းကို တောပန်းမွှေးရီကြိုပါစေ… မောင်စိန်ဝင်း(ပုတီးကုန်း)
(၁) ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ပုပ္ပားဒေသမှာ မိုးသည်းထန်စွာပြီး မြေကျွံကျမှုတွေဖြစ်ပွားခဲ့တယ်။ လမ်းတွေ အက်ကွဲတယ်။ ကျွံကျတယ်။ အဆောက်အအုံတွေ အက်ကွဲတယ်။ ပုပ္ပားတောင်ကလပ်ကိုသွားတဲ့ လမ်းတစ်လျှောက်က လူတွေကို ရွှေ့ပြောင်းခဲ့ရတယ်။ ကားသွားလာမှု ပိတ်ခဲ့ရတယ်။ ဒေသခံတွေ ထိတ်ထိတ် ပြာပြာ ဖြစ်ခဲ့ရတယ်။ လူမှုကွန်ရက် ဖေ့ဘွတ်ခ်ပေါ်မှာ ပုပ္ပားမီးတောင် ပြန်လည်အသက်ဝင်လှုပ်ရှားလာပြီလို့ ရေးတဲ့သူကရေး၊ ပုပ္ပားတောင်ကလပ် စောင်းသွားတယ်လို့ ဖွတဲ့သူကဖွနဲ့ တော်တော်လေးပွဲဆူခဲ့တယ်။ ပုပ္ပားနဲ့ ဝေးတဲ့ဒေသက ပြည်သူတွေတောင် ထိတ်လန့်ကုန်ကြတာဆိုတော့ ဒေသခံပြည်သူတွေအတွက် ဆိုဖွယ်ရာ မရှိတော့။ ဒါကြောင့် ဘူမိဗေဒပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက အလျင်အမြန်ကွင်းဆင်းစစ်ဆေးခဲ့ကြတယ်။ စစ်ဆေးတွေ့ရှိချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းအသိပေး ရှင်းလင်းတင်ပြခဲ့တာတွေ့ရတယ်။ ကနေဒါနိုင်ငံဘူမိဗေဒဆိုင်ရာ အင်ဂျင်နီယာနဲ့ မြေပြိုကျခြင်းဆိုင်ရာကို အထူးပြုလေ့လာခဲ့တဲ့ ကျွမ်းကျင် ပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းက “ပုပ္ပားဒေသရဲ့မြေအနေအထားအရ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဖြစ်ပေမယ့် တောင်ကလပ်ဒေသရှိ […]
အကွေ့အကောက် အဝေ့အဝိုက် ဟော… နောက်တစ်နေရာ ဖြောင့်ဖြောင့်စင်းစင်း ဖြာစီးဆင်း မြစ်မင်းဧရာ… ဗေဒါ မစီနိုင်အဖြစ် ရေဇလာ မကြည်နိုင်သနစ် တို့ ဧရာ၀တီမြစ် ရေမနစ်နိုင်တော့ ရေမှမရှိတော့တာ ဘယ်ရေနစ်နိုင်တော့မလဲ ဒီကြားထဲ သောင်ထွန်း ကမ်းပြို အို… မြစ်ကောကြီးလို။ လက်ပံတောင်းတောင် ကြေးနီတောင် တောင်.. တောင်..တောင်.. မိုးထိုးမြင့်မား အမောက်ကြီးများ တလူလူထောင် ဘယ်လောက်များ လှလိုက်သလဲ ဘယ်လောက်များ ဝံ့ကြွားစရာလဲ အထင်အရှား လက်ညှိုးထိုးပြနိုင်ခဲ့ ဟော… အဲဒီအလှတရားက ခုတော့လေ အလကား တောင်တွေ ဖြိုချခံလိုက်တာ လွင်ပြင်ကြီးလို။ ကျွန်း ပျဉ်းကတိုး ပျဉ်းမ သစ်ရာ ပိတောက် နေတစ်ပြောက်တိုးဝင်မရ ကန္တာရမဖြစ်ခင်ကပေါ့… ခုတော့လည်း အဲဒီသစ်တော ဘယ်ဆီမှာမှ ရှာမရ ပျောက်ပျောက်သွားလိုက်တာ တောပြုန်းလို့ တောင်ပျက်သုဉ်းဆိုသလို။ […]
ဗြိတိန်ဝန်ကြီးချုပ် အမေရိကန်သမ္မတဘိုင်ဒန် ၊ ပြင်သစ်သမ္မတ မာခွန်တို့လို ကမ္ဘ့ာစက်မှုထိပ်သီးနိုင်ငံခေါင်းဆောင်တွေ ညီလာခံမှာ အယောင်ပြ မလုပ်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဂလက်စကိုရဲ့ လမတွေပေါ်မှာ ပါဖောင်မန့်တွေနဲ့ ဆန္ဒပြတာကို တင်ပြလိုက်ပါတယ်။ ဘယ်လိုတွေ လုပ်ကြတာလဲ.. ကြည့်လိုက်ပါဦး ခင်ဗျာ၊ ဘာသာပြန်ဆိုသူ- မောင်ယဿ
ဂျာမဏီအခြေစိုက် အီနပ်တာ ( Enapter ) ဆိုတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓာတ်အားပေးစက်တွေကို တီထွင်ဖို့ ကြိုးစားခဲ့တဲ့ သူက ပစ္စိဖိတ်တောင်ပိုင်းက ကျွန်းလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ ဗိုက်တီယာကိုဝမ် ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ သူမက ဘေးဖြစ်စေတတ်တဲ့ ဓာတ်ငွေ့တွေကို ထုတ်လုပ်တဲ့ ( ဓာတ်ဆီ ၊ ဒီဇယ် ၊ကျောက်မီးသွေး တို့လို ) ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေး စက်တွေနေရာမှာ အစားထိုးဖို့ သက်ရှိတွေကို ဘေးမဖြစ်စေတတ်တဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေကို ထုတ်လုပ် နေတာပါ။ ပြီးခဲ့တဲ့ လက ဗြိတိန်နန်းမွေခံမင်းသား ဝီလျှံ က သူမရဲ့ လုပ်ငန်းအတွက် Earthshot ဆု ကို “ၤFix our planet” အစီအစဉ် နဲ့ ဒေါ်လာသန်းချီ […]
ပြီးခဲ့သည့်ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းမှ ရေဆိုးများစွန့်ထုတ်မှုကြောင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ကျေးရွာရှိ ချောင်းအတွင်း ငါးကောင်ရေများစွာ သေဆုံးခဲ့ကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ ထိုရက်ပိုင်းက မိုးများလွန်းခဲ့ပြီး လက်ပံတောင်းကြေးနီစီမံကိန်းမှ ဒုတ္ထာနှင့် အက်စစ်ကန်ထဲမှရေများကို ပြွန်ပေါက်မှတစ်ဆင့် ဆည်တည်းရွာဟောင်းနှင့် ကျောက်ဖြူတိုင်ရွာတွင် စီးဆင်း နေသည့်ချောင်းထဲကို စွန့်ထုတ်ခဲ့သည်ဟု ယူဆကြောင်း၊ ထိုရေများကြောင့် ငါးများသေဆုံးခဲ့ရသည့်အပြင် ရေကိုသောက်သုံးမည့် အခြားသောသတ္တဝါများကိုပါ ထိခိုက်သေဆုံးစေနိုင်ကြောင်း ဒေသခံများက ပြောကြားခဲ့ သည်။ ထိုပြဿနာသည် လက်ပံတောင်းတွင် ယခုမှဖြစ်ပေါ်ခြင်း မဟုတ်ပေ။ ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လ အတွင်းကလည်း ယင်းကြေးနီစီမံကိန်းအတွင်းမှ အက်စစ်ဓာတ်များ ပါဝင်သည့် ရေဆိုးများ စွန့်ထုတ်လုပ်သည့် အတွက် စီမံကိန်း၏အရှေ့ဘက် ရွှေတံတားအနီးတွင် ငါးကြီးငါးသေးပါမကျန် သေဆုံးမှုမကြာခဏ ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရကြောင်းသတင်းများတွင် ဖော်ပြထားသည်။ […]
လက်ရှိ စကော်တလန် ဂလက်စကိုမြို့ မှာကျင်းပနေတဲ့ ကမ္ဘာရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ နိုင်ငံစုံ ညီလာခံ ( COP26 )မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ၂၀၅၀ရောက်တာနဲ့ အမေရိကားမှာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လို့မနေ့က ကတိကဝတ် ပြုခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်နေတဲ့ နိုင်ငံသီးသီးရဲ့ လုပ်ငန်းစဉ်တွေကို ဖွံ့ဖြိုး အောင် အကူအညီ ပေးဖို့ရယ် နဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ကိုလျှော့ ချရေးလုပ်ငန်းတွေမှာ အင်တိုက် အားတိုက် လုပ်နေတဲ့ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ လည်း လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။ “ ကျနော်တို့က တော့ ပထမအဆင့် ရေတိုလုပ်ငန်းအနေနဲ့ ၂၀၃၀ အရောက်မှာ ကမ္ဘာကြီး ယနေ့ဖြစ်နေတဲ့ အပူချိန်လျှော့ချနိုင်ဖို့ နည်းပညာတွေကိုအသုံးပြု ဖို့ […]
ဂလက်စကိုမြို့မှာ ကျင်းပနေတဲ့ကုလသမဂ္ဂကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ညီလာခံ COP26 မှာ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့စ်က ဆွေးနွေးမှုတိုင်းမှာ လူသားဆန်ဆန်တွေးပြီးပြောကြဆိုကြဖို့အတွက် နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာပဲ တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းက တက်ရောက်လာကြတဲ့ နိုင်ငံအသီးသီးရဲ့ခေါင်းဆောင် ၁၂၀ ကို တပ်လှန့်ပေးလိုက်သလိုဖြစ်သွားပါတယ် ။ ကမ္ဘာခေါင်းဆောင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို အဓိကထားဆွေးနွေး စေလိုပြီး တိုင်းပြည် အနေအထားကို ကြည့်ဘဲ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လူသားတွေပါလားဆိုတဲ့ အတွေးနဲ့ဆွေးနွေးစေလိုကြောင်း ပြောတာနဲ့ တူပါတယ်။ လက်ရှိ အရေးပေါ် လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘိုင်ဒန် ၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ ဂျာမဏီ အဓိပတိ မာကယ်လ်တို့ ကလည်း လုပငန်းစဉ်များနဲ့ ပတ်သက်တဲ့ ဆွေးနွေးတင်ပြချက်များကို မိန့်ခွန်းပြောခဲ့ပါတယ်။ ၂ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ […]
(၁) ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒီရေတောပြန်လည်ထူထောင်ရေးနှင့်ပတ်သက်သော သတင်းနှစ်ပုဒ်ကို 7Day Daily တွင်ဖတ်လိုက်ရသည်။နော်ဝေအခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Worldview International Foundation မှ ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံ၊ ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တို့တွင် ဒီရေတောပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်မည့်သတင်းနှင့်ဒိန်းမတ်အစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ဝမ်းပိုက်ကြိုးဝိုင်းနှင့် မြေပုံမြို့နယ်အတွင်း လစ်လပ်နေသည့် ဒီရေတောပျက်များကို ရွေးချယ်ကာ ဒီရေတောဧက ၅၀၀ ကျော် စိုက်ပျိုးမည့်သတင်း ဖြစ်သည်။ ထိုသတင်းနှစ်ပုဒ်ကို ဖတ်မိပြီး ရွှေလက်၏ အတွေးများသည် ဒီရေတောများထံသို့ ရောက်သွားလေတော့သည်။ ရွှေလက်က ဧရာဝတီမြစ်ဝကျွန်းပေါ်သားဖြစ်သည်။ ထို့ကြောင့် ဒီရေတောများနှင့် မစိမ်းခဲ့ပါ။ ဒီရေ တောများနှင့် အမြဲထိတွေ့နေရသောကြောင့် သူတို့၏ အရေးပါပုံကို ကောင်းကောင်းသိသည်။ စာတွေ့မဟုတ် လက်တွေ့ သိခဲ့ခြင်းဖြစ်သည်။ ဒီရေတောများက ကျေးလက်အိမ်များဆောက်လုပ်နိုင်သည့် သစ်များ၊ ထင်းများ၊ […]
COP26 ဆိုတာ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလည်မှု ဆိုင်ရာ ညီလာခံရဲ့ အမည်ပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးတယူ ဦးစီးဦးဆောင် ပြုလုပ်ကာ ညီလာခံအဖြစ်ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ညီလာခံ ကိုပြောတာပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ကျင်းပနေတဲ့ ညီလာခံဖြစ်ပါတယ်။ ဗြိတိန်ကျွန်းစု (ယူကေ) ရဲ့ စကော်တလန် ဂလက်စကိုမြို့မှာ ကျင်းပနေတာပါ။ ညီလာခံကို ယူကေနဲ့ အီတလီတို့က တွဲဖက် ဥက္ကဋ္ဌတွေ လုပ်ပြီး စီစဉ်ပေးထားပါတယ်။ ကုလသမဂ္ဂက ပါရီသဘောတူညီချက်ကိုလုပ်ပြီးနောက်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ မူဘောင်အောက်မှာ လုပ်တဲ့ အစည်းအဝေးတွေကိုကိုခေါ်တာပါ ။ ပါရီသဘောတူညီချက်မှာ လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံတွေ conference […]