Author Posts

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။ ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။ “Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။ အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက […]

မြောက်ပြန်လေရဲ့ ဆိုရိုးစကား

ဒီရာသီ ရောက်လာရင် ဓနိရည် အေးမြမြနဲ့ ဆောင်းဦး မနက်ခင်းကို လွမ်းပါရဲ့။ လမ်းလျှောက်ရင်း ခြေသလုံးမှာ နှင်းတွေဖတ်ဖတ်စိုပြီး ကပ်ငြိနေတဲ့ မြက်ဖျားသီးကလေးတွေက ယားကျိကျိ အရသာ။ ထိကရုန်း စူးမိတဲ့ ဒဏ်ရာတွေက ရှတတ အေးမြမြ။ အားပါးတရ ရှူ ရှိုက်ပြီး ပြန်လည် မှုတ်ထုတ်လိုက်တဲ့အခါ စီးကရက်မီးခိုးလို အထွေးလိုက် ပြန်ထွက်လာတဲ့ ဆောင်းငွေ့များ။ ရုတ်တရက် ဘင်္ဂလား ပင်လယ်အော်ဆီက ဖြတ်ပျံတိုက်ခတ်လာတဲ့ လေနွေးများ။ အုန်းပင်တန်းဆီကနေ အိပ်တန်းထ အုပ်ဖွဲ့ ပျံသန်းလာကြတဲ့ ဗျိုင်းအုပ်ဖွေးဖွေး မြူ ထွေးထွေး။ သစ်ပင်မြင့်တို့ဆီက တတောက်တောက် ကျဆင်းနေသော နှင်းသီးပေါက်များ။ နေရောင်ကို ငံ့လင့်တောင့်တနေသော မှိုင်းပြပြ ဝပ်စင်းနေတဲ့ ပတ်ဝန်းကျင်။ ခြံစည်းရိုးတိုင်ထိပ်မှာ သူ့ဝတ်ရုံလွှာကို တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ စာခေါင်းကြီးတစ်ကောင်နဲ့အတူ အျခား ဆိုက်ဘေးရီးယား […]

သစ်တောပညာရှင်ဦးအုန်း ရေးသောစာများ၊ ဦးအုန်းအကြောင်းကို ရေးဖွဲ့ထားသောစာများ စုစည်းထားသည့်စာအုပ်..

အခုမိတ်ဆက်ပေးမယ့် စာအုပ်လေးကတော့ ‘ကမ္ဘာမြေချစ်သူ ဆရာကြီးဦးအုန်း’ ဆိုတဲ့စာအုပ်လေးပါ။ စိမ်းရောင်စို စာပေကနေ ၂၀၁၉ ခုနှစ် ဩဂုတ်လက ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သစ်တောပညာရှင် ဦးအုန်းရဲ့အကြောင်း၊ ကမ္ဘာမြေချစ်သူအကြောင်းတွေ စုံစုံလင်လင်နဲ့ သစ်တောပညာရှင် ဦးအုန်း ရေးသားပြုစုခဲ့တဲ့ ဆောင်းပါးနဲ့ သုတေသန စာတမ်းတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဝယ်ယူဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ကျွန်တော်တို့ကတော့ မှတ်ချက်ပြုချင်ပါတယ်။ တန်ဖိုး- ၃၀၀၀ ကျပ် စိမ်းရောင်စိုစာပေ အမှတ် ၁၅၉(က)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။ ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ #News Watch

ဇာတိ

အမေရိကမှာ မစ္စစ္စပီမြစ်ကြီးလှသလို ငါတို့ဆီမှာ ဧရာ၀တီမြစ်ကြီးသိပ်လှတယ်။ ဧရာ၀တီကိုမင်းမစွန့်ခွာပါနဲ့။ ပြင်သစ်မှာ နိုက်တင်ဂေးလ်ငှက်ကလေးတွေလှသလို ငါတို့ဆီမှာ နွေဥဩကလေးတွေသိပ်လှတယ်။ နွေဦးကိုမင်းမစွန့်ခွာပါနဲ့။ ဂျပန်မှာ ဖူဂျီယာမတောင်ကြီးလှသလို ငါတို့ဆီမှာ ရိုးမတောင်ကြီးသိပ်လှတယ်။ ရိုးမကိုမင်းမစွန့်ခွာပါနဲ့။ ကနေဒါမှာ မေပယ်လ်ရွက်ကလေးတွေလှသလို ငါတို့ဆီမှာ ပိတောက်ခက်ကလေးတွေသိပ်လှတယ်။ ပိတောက်ကိုမင်းမစွန့်ခွာပါနဲ့။ ချောချောမွေ့မွေ့ အဆင်ပြေပြေ လွယ်လွယ်ကူကူမဟုတ်ပေမယ့် မင်းရဲ့အလံတော်ကို မင်းစိုက်ထူနိုင်တဲ့နေ့အထိ ဒီမြေကို မင်းလုံး၀မစွန့်ခွာနဲ့။ မိုဃ်းဇော် T. Club လူငယ်မဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၁၂ ခုနှစ်။ ဓာတ်ပုံ-MCN

ပဒုမ္မာကြာဖြူတွေသာပွင့်တဲ့ မန်းလေးအနီးက ရွှေလှံဗိုလ်ကန် (သို့) မြလိပ်တောင်ကြာကန်

ကြာကန်တော့ ကြာကန်ပဲ။ ဒီကြာကန်ရဲ့ထူးခြားချက်က ကြာဖြူတွေပဲပွင့်တယ်။ ကြာဖြူတောင်ရိုးရိုးကြာဖြူမဟုတ်ဘူး။ ပဒုမ္မာကြာဖြူကြီးတွေတဲ့ မျက်စိတဆုံး ရေပြင်ကျယ်ကြီးရယ် စိမ်းစိုနေတဲ့ကြာပင်တွေထဲမှာ ဟိုတပျောက်ဒီတပျောက်ပွင့်နေကြတဲ့ကြာဖြူလေးတွေရယ်၊ နောက်ခံမြလိပ်တောင်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှတဲ့ ကဗျာတပုဒ်ပါပဲ ။ ဘယ်မှာရှိတာလဲ **************** မန်းလေးနဲ့ ၄၅ မိနစ်လောက်ပဲဝေးတဲ့ ရွှေစာရံဘုရားနားက ရွှေလှံဗိုလ်ကန်ထဲမှာရှိတာပါ။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးရွာအနီး မြလိပ်တောင်ခြေမှာရှိလို့ မြလိပ်တောင်ကြာကန် လို့လဲခေါ်ပါတယ်။ ဘယ်လိုသွားရလဲ ****************** မန်းလေး -ပြင်ဦးလွင် လမ်းအတိုင်းသွားလို့ အုန်ချောရောက်ရင် မီးပွိုင့်ကနေ ရွှေစာရံဘုရားသို့ ဆိုတဲ့လမ်းမကြီးအတိုင်းတည့်တည့်ကြီးဝင်သွားလိုက် ၅ မိနစ်လောက်မောင်းပြီးရင် လမ်းဆုံတခုတွေ့လိမ့်မယ်။ လမ်းနှစ်ခွမှာ ရွှေစာရံဘက်ကိုမလိုက်ပဲ ခရိုင်ချင်းဆက်လမ်းအမှတ် ၂ လမ်းထဲတည့်တည့်ကြီးလိုက်သွားပါ ဒုဌဝတီတံတားကိုကျော်လိုက်ရင် စက်ရုံအကြီးကြီးတခုတွေ့လိမ့်မယ်။ စက်ရုံအကျော်လေး လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ စိုက်ပျိုးရေးရွာ ဆိုင်းဘုတ်တွေ့မယ် ၊ ရွာထဲကိုလမ်းဆုံးတဲ့ထိဖြတ်မောင်းသွားလိုက်ပါ။ ရွာလမ်းဆုံးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ၊ […]

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (ကုလားတန်မြစ်)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မွ် စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါသည်။ မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ် ပေါ်စေပါသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤျမစ္ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တလျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်းတသန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။ Ref: […]

ပလပ်စတစ်အန္တရာယ်ကို ဖြေရှင်းပေးမယ့် ပလပ်စတစ်စား ဘတ်တီးရီးယား

၂၀၁၆ မှာ ဂျပန်သိပ္ပံပညာရှင် တစ်ယောက်က ပလပ်စတစ်တွေကို စားတဲ့ ဘက်တီးရီးယားတစ်မျိုးကို တွေ့ခဲ့တယ်။ အဲ့ ဒိဘက်တီးရီးယားက PETase နဲ့ MHETase ဆို တဲ့ အင်ဇိုင်း ၂မျိုး ကို ညစ်ထုတ်ပြီး ပလပ်စတစ်တွေ ကို ချေဖျက်ပစ်လိုက်တာကို တွေ့ ခဲ့တာပါ။ ပလပ်စတစ်ဗူးတွေကို အဲ့ဒိအင်ဇိုင်းက ချေဖျက်နိုင်ပါတယ်။ ပလပ်စတစ်စား ဘက်တီးရီးယားတွေက သူတို့ ရဲ့ အင်ဇိုင်း တွေကို ပလပ်စတစ်ပေါ်ကို ညစ်ထုတ်ချ လိုက်တယ်။ ပေါ်လီမာတွေ ဖြစ်တဲ့ ပလပ်စတစ်တွေ ရဲ့ ဓာတုစည်းနှောင်မှုတွေကို အဲ့ဒိအင်ဇိုင်းတွေက ဖျက်ဆီးလိုက်တဲ့အခါမှာ ပေါ်လီမှာတွေ စည်းနှောင်မှု ပျက်ပြီး ကြေပျက်သွားကြတာပါ ။ အဲ့လိုကြေပျက်သွားတဲ့ ပေါ်လီမာတွေက ထွက်လာတဲ့ ဓာတု ကလာပ်စည်းတွေကို ဘတ်တီးရီးယားတွေက သူတို့ရဲ့ […]

သစ်ပင်များကို မိမိဘာသာ ကြီးထွားနိုင်သည့်အထိ ရှင်သန်အောင် စိုက်ပျိုးပေးပါ

ဆေးပညာတွင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည် ဆိုသကဲ့သို့ပင် သဘာဝပတ်ဝန်းကျင်ကိုလည်း ပျက်စီးသွားပြီးမှ ပြုပြင်ပေးခြင်းထက် ပျက်စီးနိုင်ခြေရှိသည့်အချိန်ကို ဆန်းစစ်ကာ လိုအပ်သလို ထိန်းသိမ်းပေးခြင်းက များစွာ ပိုမိုကောင်းမွန် အကျိုးရှိလေ့ ရှိသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ပျက်စီးခါနီး သို့မဟုတ် ပျက်စီးပြီးကာမှ အရေးပေါ် နှင့် ပင်ပမ်းတကြီး လုပ်ဆောင်ရခြင်းထက်၊ ပျက်စီးနိုင်ခြေရှိသည့်အချိန်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းက အချိန်၊ လုပ်အားနှင့် ကုန်ကျစရိတ် စသည်များကို များစွာ သက်သာစေပြီး ဂုဏ်ယူစရာ အလုပ်များ ဖြစ်လာစေမည် ဖြစ်သည်။ သက်ရှိ သက်မဲ့ ဝတ္ထုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ယင်းတို့၏ ဘဝဖြစ်စဉ်များနှင့်အတူ ဖြစ်တည်ပျက်စီးမှုပုံစံများကိုပါ သိရှိနားလည်ရန် လိုအပ်သည်။ ဘဝဖြစ်စဉ်များအတွင်း ပျက်စီးနိုင်မှုဖြစ်နိုင်သည့် အဆိုးဆုံးအခြေအနေများတွင် ဂရုတစိုက် အလေးထား ထိန်းသိမ်းပေးခြင်းဖြင့်၊ ယင်းတို့၏ ဘဝဖြစ်စဉ်များကို ပိုမိုကောင်းမွန်အောင် […]

နံနက်ခင်း

အိပ်မက်တွေအစား အောက်စီဂျင်ကိုငါရှူသွင်းလိုက်တယ်။ အလွမ်းအမောတွေအစား ပီအိတ်ချ်ဆဲဗင်းကိုငါမော့သောက်လိုက်တယ်။ အချစ်သီချင်းတွေအစား မိုင်ခြောက်ထောင်ကျော်အဝေးပြေးလမ်းပေါ်က ဟာလီဒေဗစ်ဆန်မော်တော်ဆိုင်ကယ်ကြီးတွေရဲ့ အင်ဂျင်စက်သံကို ငါအရသာခံလိုက်တယ်။ မပြီးသေးတဲ့ ခရီးကိုဆက်ဖို့ ပြီးခဲ့တာတွေထားလိုက်တော့ အရှုံးတွေကို အမှိုက်ပုံးထဲထည့်လိုက်တော့ ဘလက်ကော်ဖီခွက်ထဲမှာ မနက်ကြယ်ကတောက်ပလို့ ကျားသစ်တစ်ကောင်လို ကမ္ဘာထဲငါခုန်ချလိုက်တယ်။ ။ မိုဃ်းဇော် ပိတောက်မြေမဂ္ဂဇင်း၊၂၀၀၆ခုနှစ်။