Author Posts

ဘောလုံးပွဲတွေမှာ လေကြောင်းလိုင်းကြော်ငြာတွေ မထည့်ဖို့ UEFA ကို တောင်းဆို

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဘောလုံးအသင်းများကို ကမာ္ဘ့လေထုကို ညစ်ညမ်းစေတဲ့ လေကြောင်း လိုင်း စပွန်ဆာများနှင့် ‘လမ်းခွဲရန်’ တိုက်တွန်းလိုက်ပါတယ် ။ ယူအီးအက်ဖ်အေ (ဥရောပဘောလုံးအဖွဲ့များသမဂ္ဂ) က လေကြောင်းလိုင်းတွေမှပေးတဲ့ စပွန်ဆာများကို အမြတ်ထုတ်နေခြင်း အတွက် အစိမ်းရောင်တက်ကြွ လှုပ်ရှားသူများရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံနေရပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသည် ယခုအပတ်တွင် “ရာသီဥတု ပျက်ယွင်းစေတဲ့ လေကြောင်းလိုင်းစပွန်ဆာများနှင့်အတူ ပြန်လည်ရောက်ရှိလာပါတယ် “လို့ လှုတ်ရှားရေးအဖွဲ့ Fossil Free Football က ၎င်းတို့ရဲ့ တွစ်တာတွင် ဖော်ပြခဲ့ပါတယ် ။ ယခု Valentine’s Day တွင် ဘောလုံးအသင်းတွေအား လေထုညစ်ညမ်းစေသော လုပ်ဖော်ကိုင်ဖက်များနှင့် “လမ်းခွဲရန်” လှုံ့ဆော်ရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။ UEFA ကို တူရကီလေကြောင်းလိုင်း မှ စပွန်ဆာ ပေးထားပြီး ချန်ပီယံလိဂ် ၁၆ […]

ကလေးတွေကို သဘာဝအစားအစာတွေ စားတတ်အောင် လေ့ကျင့်ပေးကြမယ်

ဒီကနေ့ နေ့လယ် လမ်းဘေးဘိတ်မုန့်ဆိုင်လေးကနေ ဘိန်းမုန့်နှစ်ခုဝယ်စားဖြစ်တယ်။ ဘိန်းမုန့်သည်က သူ့ဘိန်းမုန့်ကလေးတွေကို ဆန်ကာထဲထည့်ပြီး ဖုန်တွင်မတင်နိင်အောင် အဝတ်ပါးပါးလေးနဲ့အုပ်ထားပါတယ်။ ဘိန်းမုန့်တစ်ခုကိုနှစ်ရာတဲ့။ အဖြူနဲ့ အမဲ ရှိရာမှာ ဆိမ့်တဲ့အရသာကြိုက်သူမို့ အဖြူကိုဝယ်စားဖြစ်ခဲ့တယ်။ အချိုကြိုက်တဲ့သူတွေကတော့ ထန်းလျက်ပါတဲ့ အမဲကိုဝယ် စားကြတာပေါ့။ တစ်ခုမှနှစ်ရာတဲ့။ ဘိန်းမုန့်ပူပူလေး။ ကျနော်တို့ ရိုးရာအစားအစာတွေဟာ စျေးချိုပြီး အဟာရပါတယ်လို့ တွေးမိပါတယ်။ အဟာရ အများကြီးမပါရင်တောင်မှ အန္ဒရာယ်ဖြစ်စေတဲ့ ဓာတုဆေးတွေမပါဘူးလို့ ဆက်တွေးမိပါတယ်။ ခုခေတ်ကလေးလေးတွေဟာ သဘာဝမုန့်တွေကို မစားတတ်ကြတော့တာကိုတွေ့ရတယ်။ ရိုးရာမုန့်တွေနေရာမှာ ပလစ်စတက်ရောင်စုံနှင့် ထုတ်ပိုးထားတဲ့ မုန့်တွေဟာ အမျိုးပေါင်းဘယ်လောက်ရှိမှန်းမသိပါဘူး။ သူတို့တွေအတင်းကျွေးတဲ့အချိန်စားကြည့်မိတဲ့အခါတိုင်း ဘယ်မုန့်အမျိုးအစားဖြစ်ဖြစ် တူတာတစ်ခုက စားပြီးရင် ပါးစပ်ထဲမှာ ချွဲပြီးကျန်ခဲ့တာပါပဲ။ ဒီပလစ်စတစ်လေဖောင်းမုန့်တွေဟာ အဟာရဘယ်လောက်ပါသလဲ ၊ သူတို့လေးတွေရဲ့ကျန်းမာရေးအတွက် ကောင်းလားဆိုးလား သေသေချာချာမသိကြရပါဘူး။ နောင်သူတို့တွေကြီးလာတဲ့အချိန်မှာတော့ ဒီမုန့်တွေရဲ့ ကောင်းကျိုးဆိုးကြိုးမြင်ကြ၊သိကြရမယ်ထင်ပါရဲ့။ လောလောဆယ်မြင်သာတာကတော့ […]

အကောင်ရေတိုးလာတဲ့ ဝက်ဝံညိုတွေနဲ့နေထိုင်ဖို့ အီတလီသားတွေ အခက်အခဲဖြစ်နေ

အီးယူမှ ထောက်ပံ့ပေးထားသည့် ပရောဂျက်ကြောင့် တောရိုင်းဝက်ဝံညိုများ ပြန်လည်ရှင်သန်လာခဲ့သော်လည်း ယခုအခါမှာ ၎င်းတို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြန်လည် သုတ်သင်နေရပါတယ်။ အီတလီနိုင်ငံမြောက်ပိုင်းရှိ အာဏာပိုင်များသည် လူသားများအတွက် အန္တရာယ်ရှိသည်ဟု ယူဆရသော ဝက်ဝံညိုတစ်ကောင်ကို အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများနှင့် အီတလီ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ကြားမှာ ပဋိပက္ခတွေဖြစ်ပွားနေပါတယ်။ M90 လို့ နာမည်ပေးထားတဲ့ အဲ့ဒိဝက်ဝံညိုကို အဲလ်ပ်စ် အရှေ့ပိုင်းရှိ Sole Valley တွင် သစ်တော အဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။ ဝက်ဝံကြီးက “မြို့ပြဒေသမှာ ယုံကြည်မှုလွန်ကဲပြီး မကြာခဏ သွားလာခြင်း” ကို ပြသခဲ့ပြီး မကြာသေးမီက တောအုပ်လမ်းတစ်ခုတွင် တောင်တက်သမားစုံတွဲတစ်တွဲ ကိုတိုက်ခိုက်ခဲ့တယ် လို့ ခရိုင်အာဏါပိုင်တွေက ပြောပါတယ်။ အဲ့ဒါအပြင် အီတလီနိုင်ငံ၏ Ispra […]

ဇီဝမျိုးစုံမျိုးကွဲများနှင့်အင်းလေးကန်ဇီဝအဝန်းနယ်​မြေ

ကမ္ဘာပေါ်မှာ အလှဆုံးကန်၊ အကြီးဆုံးကန်များရှိကြသည်။ တချို့ဆိုအသည်းပုံရေကန်များ၊ အနီရောင်ရေကန်များ၊ အပြာရောင်ရေငန်များစသည်ဖြင့် ရှိကြသည်။ စာရေးသူတို့နိုင်ငံမှာလည်း ကမ္ဘာ့ ရေကန်များနည်းတူ အသည်းပုံရေကန်လည်း ရှိပါသည်။ ထို့အတူ အကြီးဆုံးရေကန်များနှင့် ရေအိုင်များလည်း ရှိပါသည်။ ချင်းပြည်နယ်ရှိ အသည်းပုံရိဒ်ရေကန်၊ အင်းတော်ကြီးအိုင်၊ မိုးယွင်းကြီး အင်းနှင့် ယခုဖော်ပြမည့် အင်းလေးကန်တို့ဖြစ်သည်။ အင်းလေးကန်ကိုမြန်မာသာမက ကမ္ဘာကပင် သိကြသည်။ ကောင်းကင်ပြာပြာအောက်မှာ လှချင်တိုင်းလှနေသည်။ ရေပြင်ပေါ်တွင်စိမ်းစိုသော ကျွန်းမျှောစိုက်ခင်းများ၊ ရေပေါ်အိမ်များ၊ ခြေဖြင့်လှေလှော်နေသူများသည် အင်းလေးကန်၏ အလှပင် ဖြစ်ပါသည်။ အင်းရေပြင်ပေါ်တွင် စျေးရောင်းနေသောမြင်ကွင်း၊ လှေလှော်နေသောမြင်ကွင်း ၊ အင်းရေပင်ပေါ်တွင်ပျံသန်းနေသော ငှက်များ စသည်တို့သည် ရောင်စုံပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။ အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ညောာင်ရွှေမြို့အနီးတွင် တည်ရှိသည်။​ မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံးကန်ကြီး ဖြစ်သည်။ တောင်နှင့် မြောက် […]

ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ကျောင်းသားကို တေလာဆွစ်တစ်ယောက် တရားစွဲဖို့ စီစဉ်နေ

ကိုယ်ပိုင်ဂျက်လေယာဉ်တွေက ကမ္ဘာ့လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုက်တွေ တိုက်ရိုက်ထည့်သွင်းနေတာ ဖြစ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူငယ်တွေက ကိုယ်ပိုင်ဂျက်လေယာဉ်ဝယ်စီးနိုင်တဲ့ သူတွေရဲ့ ခရီးစဉ်တွေကို ခြေရာခံမှတ်သားပြီး သူတို့တွေ ကမာ္ဘ့လေထုထဲကို ကာဗွန်တွေ ဘယ်လောက်လွှတ်ထုတ်နေပါတယ်ဆိုပြီး ဖောက်ချ နေကြပါတယ်။ အခုလည်း ကမ္ဘာကျော်ဆယ်လီတစ်ဦးဖြစ်တဲ့ အမေရိကန် တေးရေ ၊ တေးဆို တေလာဆွစ်ရဲ့ ကာဗွန်ခြေရာတွေကို လိုက်လံဖော်ထုတ်တဲ့ ကျောင်းသားတစ်ဦးကို တရားစွဲမယ်ဆိုပြီးတော့ တေလာဆွစ်တို့ဘက်က စီစဉ်နေတယ်လို့ သိရပါတယ်။ ပေါ့ပ်စတားရဲ့ရှေ့နေများက စင်ထရယ်ဖလော်ရီဒါတက္ကသိုလ်တွင် သတင်းအချက်အလက် နည်းပညာလေ့လာ နေတဲ့ အသက် ၂၂ နှစ်အရွယ် Jack Sweeney ကို ဒီဇင်ဘာလတွင် တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်စာတစ်စောင် ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ Sweeney သည် ဘီလျံနာများ၊ နိုင်ငံရေးသမားများနှင့် အခြားနာမည်ကျော်များ၏ ကိုယ်ပိုင်ဂျက်လေယာဉ်များကို ခြေရာခံရန် အများသူငှာဒေတာနှင့် […]

လေတာဘိုင်ခေါင်းကိုင်ကုမ္ပဏီ ၂ခုကို အဲလိစဘတ် အင်ဂျင်နီယာဆု ချီးမြှင့်

ဒိန်းမတ် Henrik Stiesdal နှင့် ဗြိတိန် Andrew Garrad ကုမ္ပဏီတို့အား လေအားဖြင့်စွမ်းအင်ထုတ်ယူသည့် လုပ်ငန်းကို အစဉ်အဆက် မြှင့်တင်ရန် နှစ် ၅၀ ခန့် လုပ်ဆောင်ခဲ့ကြပြီးနောက်မှာတော့ အင်ဂျင်နီယာပညာရပ် အတွက် ဂုဏ်သိက္ခာရှိတဲ့ Queen Elizabeth ဆုကို ချီမြှင့်ခဲ့ပါတယ်။ အဆိုပါ လေစွမ်းအင်ဆိုင်ရာ ဥရောပရှေ့ဆောင်ကုမ္ပဏီ နှစ်ခုကို လေစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏ အရေးပါသော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် “အင်ဂျင်နီယာနိုဘယ်လ်ဆု” ဆုရရှိပါတယ်လို့ ဆုချီးမြှင့်ရေး အဖွဲ့က မနေ့က ‌ကြေညာခဲ့ပါတယ် ။ ၎င်းတို့၏ တီထွင်ဆန်းသစ်မှုများသည် ယနေ့ခေတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နဲ့ ဓာတ်အားရောနှောမှုတွင် အရေးပါသော အခန်းကဏ္ဍကို ဖြည့်ဆည်းရန် လေစွမ်းအင်မှ ထုတ်ပေးခဲ့ကြောင်း ဆုရွေးချယ်ရေးဖွဲ့က ပြောကြားခဲ့ပါတယ်။ ယနေ့ထုတ်ပြန်သည့် […]

မသုံးတော့တဲ့ သတ္တုတွင်းကို မြေသားဘတ်ထရီလုပ်ဖို့အတွက် ပြင်ဆင်နေ

ဖင်လန်နိုင်ငံမှာရှိတဲ့ အသုံးမပြုတော့တဲ့ ဥရောပ အကြီးဆုံး သတ္တုမိုင်းတစ်ခုကို စကော်တလန်ကုမ္ပဏီတစ်ခုက လျှပ်စစ်သိုလှောင်ဖို့အတွက် မြေသားဘတ်ထရီ တစ်ခုပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒိနက်ရှိုင်းတဲ့ သတ္တုမိုင်းထဲကို လိုအပ်ရင်ပြန်သုံးဖို့အတွက် တိုင်းပြည်ကထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်တွေထဲက ပိုလျှံလျှပ်စစ်တွေကို သိုလှောင်ထားမှာဖြစ်ပါတယ်။ အဲ့လို သိုလှောင်ဖို့အတွက် ကမာ္ဘမြေဆွဲအားကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲ့ဒိသတ္တုမိုင်း Pyhäjärvi က မြို့တော် Helsinki ရဲ့မြောက်ဘက် ၄၅၀ ကီလိုမီတာ အကွာ ဝေးလံခေါင်သီတဲ့ နေရာမှာ ရှိပါတယ် ။ ကမာ္ဘာမြေမှ မီတာ ၁၄၀၀ ကျော်အနက်က သွပ်နှင့် ကြေးနီတွေ ထုတ်လုပ်ပြီးနောက် မှာတော့ သတ္တုတွင်းကို ရပ်ဆိုင်းလိုက်ပါတယ် ။ အခုတော့ စကော့တလန်အခြေစိုက် Gravitricity ကုမ္ပဏီကို အငှားချထားလိုက်ပါတယ် ။ ကုမ္ပဏီက အလေးချိန်အတင်အချလုပ်ပေးတဲ့ […]

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၁)

မြစ်ကြီးနား၏ ညနေခင်းသည် မှုန်ရီစွာလှပနေသည်။ ကချင်တောင်တန်းများပေါ်မှ ပြေးဆင်းလာသောလေက သစ်ရွက်စိမ်းနံ့ကို သယ်ဆောင်လာကာ သစ်ပင်များ ကျန်းမာလျက်ရှိကြောင်းပြော ဆိုကြလေသည်။ ‘’ခါကာဘိုရာဇီတောင်တန်းမှာ လေရှူရတာ သိပ်ကိုအရသာရှိမှာပဲနော်” မျက်နှာချင်းဆိုင်မှ အေးအေးဆေးဆေးထိုင်နေသော ဦးစောလွင်ကိုကျွန်မ နိဒါန်းမေးခွန်း မေးလိုက်ခြင်းဖြစ်၏။ ကျွန်မသည် မနက်တုန်းက ဦးသိန်းအောင်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆောက်ရေးအကြောင်း စကားစပြီးကတည်းက ခါကာဘိုရာဇီကို တွေ့ချင်နေလေပြီ။ ယခုညဘက်အစီအစဉ်မှာ ဟောပြောပွဲမလုပ်ဘဲ ခါကာဘိုရာဇီခရီးအကြောင်း မှတ်တမ်းတင် ဗီဒီယို ခွေပြမည်ဟုလည်း ကြေညာထားသည်။ ဗီဒီယိုမှာမမြင်ရမီ ကြိုပြီး သိထားချင်တာလေးတွေ ရှိသဖြင့် ညစာထမင်းစားပြီးခါစ ရေနွေးကြမ်းဝိုင်းမှာ ထမင်းလုံးစီဆဲ ဦးစောလွင်ကို အရအမိမေးရပေတော့မည်။ “အန်တီက လေကို တန်းဖိုးထားတယ်ဆိုရင် ခါဘိုရာဇီဟာ အဖိုးမဖြတ်နိုင်တဲ့ လေထုကြီးပါပဲ’’ ဦးစောလွင်က ကျွန်မကို သူများတွေခေါ်သလို ‘ဆရာမ’ ဟုမခေါ်ပေး အန်တီဟု […]

“”ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ””

သံပခြုပ်များသည်ရေအောက်ကြမ်းပြင်တွင်နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ရေနေ သတ္တဝါ(Spiny Marine Invertabrate) အုပ်စုဝင်များ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင် ကျောက်သွေးဟုလည်း ခေါ်ကြပါသည်။ အမဲရောင်လည်းရှိပြီး ထန်းသီးအသေးအရွယ်အစား နီးပါးရှိကြသည်။ တချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက်တန်းများပေါ်နှင့် အဆင်ပြေရာကျောက်ခေါင်းများထဲတွင်လည်း ခိုအောင်းနေတတ်လေ့ ရှိကြပါသည်။ရေကျချိန်တွင် သံပခြုပ်ကောင်လေးများသည် ပင်လယ်အောက်ကကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးများကို စုပ်ယူကာ အသက်ရှင်နေထိုင်လေ့ရှိကြပါသည်။ သံပခြုပ်သည် ဒေသအခေါ်ဖြစ်ပြီး အဂ်လိပ်အမည်မှာ ‘Sea Urchin’ ဖြစ်သည်။မြန်မာနိုင်ငံတွင် သံပခြုပ်ကို ချောင်းသာ၊ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစုကမ်းခြေများတွင် တွေ့မြင်နိုင်ပါသည်။ မြိတ်ကျွန်းစု၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။အပူပိုင်း ဒေသတစ်လျှောက်တွင်ရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။ သံပခြုပ် (Sea urchins)များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine)များ ပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ […]

ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြရပြီ

နွေကို ပီပီပြင်ပြင်မရောက်သေးခင်မှာပင် ရေရှားပါးမှုပြဿနာကို အချို့နေရာဒေသတွေမှာ ရင်ဆိုင်နေကြရပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အစဉ်အဆက် ပျက်ယွင်းခဲ့သည့်ကြားက တိုင်းပြည်အခြေအနေကမောက်ကအခြေအနေမှာပင် ရေရှားပါးမှုပြဿနာနှင့်အတု ပြည်သူတွေမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြရ‌တော့မည် ဖြစ်သည်။ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းတွေထဲမှာ နေရာရွှေ့ပြောင်းနေထိုင်ကြရခြင်းသည်လည်းအကြောင်းတရားတစ်ခုဖြစ်လာပါသည်။ ပြည်သူတွေသည် မိမိတို့ တည်ဆောက်ထားခဲ့သော၊ ရှိပြီးသော ရေအရင်းအမြစ်တွေကို စွန့်ခွာရသောအခါ နွေရာသီတွင် ရေအလွယ်တကူရရှိဖို့ မလွယ်တော့ပါ။ ” အဓိကကတော့ ချောင်းတွေ၊ မြောင်းတွေကို ဆည်ပိတ်ပြီးသုံးကြရတာ။ နွေရာသီရေကမလာတော့ ရေနည်းလာတယ်။ ရေက သန့်ရှင်းမှုမရှိတော့ဘူး” လို့ မကွေးတိုင်းအတွင်းက ပြည်သူတစ်ဦးက တွေ့ကြုံနေရသည်ကို ပြောပြသည်။ ဟိုအရင်ခေတ်က တောထဲတွင် တောင်ယာလုပ်ရင်းနေထိုင်သူတွေသည်သောက်သုံးရေအတွက် ချောင်းနံဘေးတွင် စမ်းရေတွင်းတွေတူးပြီး သောက်သုံးရေကို ဖြေရှင်းခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင်တော့ ချောင်းဘေးနားကမြေအောက်ရေသည် နွေရာသီတစ်ရာသီလုံးအတွက် မလုံလောက်တော့ပါ။ ” ရေကသဲပြင်အောက်မှာ မိုးတုန်းက စုကျန်နေခဲ့တဲ့ […]