ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ
လက်ရှိ ကုလသမဂ္ဂမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ လူသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေး စာချုပ်ချုပ်ဆိုဖို့အတွက် ကျန်းမာရေးပညာရှင် ၁၀၀၀ ကျော်နဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့ ၁၇၅ ဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကုသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသင်း ဖက်ဒရေးရှင်း ( WFPHA) တို့ ပူးပေါင်းပြီးကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီး က အစိုးရတွေကို ရုပ်ကြွင်းလောင်စာနဲ့ ၎င်းထွက် ပစ္စည်းများ အသုံးမပြုဖို့အတွက် သဘောတူစာချုပ်ချုပ်ပေးရန် လက်မှတ်ထိုးတောင်းဆိုတဲ့ စာတွေပို့ပေးသွားမယ်လို့ သိရပါတယ်။ WHO အကြီးအကဲ ဒေါက်တာ တီးဒရို့စ်က “ ခေတ်သစ်ရုပ်ကြွင်း လောင်စာစွဲလမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံ လောက်နဲ့ […]