Author Posts

ဂတ်စ် နဲ့ရေနံတွင်းတွေ နားမှာနေတဲ့ ကလေးတွေ သွေးဖြူဥ ကင်ဆာအဖြစ်များ

                ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ သုတေသနတစ်ခုအရ ရေနံနဲ့ ဂတ်စ်တွင်း တွေနဲ့ မနီးမဝေးမှာ နေထိုင်တဲ့မိသားစုတွေမှ ကလေးတွေ က သာမန်မိသားစုတွေမှ ကလေးတွေ ထက် သွေးဖြူဥကင်ဆာ ရောဂါဖြစ်နိုင်ချေ ၃ ဆပိုများတယ်လို့ သိရပါတယ်။ အဲ့ဒိ အရေးပေါ်အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့ထုတ် Environmental Health perspectives ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ရေနံတွင်းတွေနားက ၇နှစ်နဲ့ ၁၂နှစ်ကြား ကလေး ၂၅၀၀ ကို သုတေသနလုပ်ရာမှာ အယောက် ၄၀၀ က သွေးဖြူဥ ကင်ဆာရောဂါလက္ခဏါဖြစ်တဲ့ သွေးဖြူဥအားနည်းတဲ့ ရောဂါကို တွေ့ရှိခဲ့ရပါတယ်။ လူကေးမီးယားလို့ခေါ်တဲ့ သွေးဖြူဥကင်ဆာ ရောဂါက […]

ထန်းတောင်သူ့တဲ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက် ) ဒီစာအုပ်လေးကတော့ ပဒေသာပင်ဘ၀တွေထဲမှထန်းတောင်သူတွေရဲ့ဘ၀အကြောင်းနဲ့အညာမြေရဲ့ထန်းအလှကို ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်‌ဖြစ်ပြီး ထန်းပင်တွေနဲ့ပတ်သက်တဲ့သတင်း၊ ဆောင်းပါး၊ ကဗျာစတဲ့ ခံစားမှုအစုံကို ဖတ်ရှုရမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အမှာစာကို မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က ရေးသားထားပြီး ထန်းမိတ်ဆက်ကို စာရေးဆရာကြီးမောင်မောင်ဖြူ၊ စောနိုင်ဦး ၊ ကာတွန်းကြည်ဝင်းတို့က ရေးသားထားပါတယ်။ စာအုပ်ထဲမှာ ထန်းရဲ့အသုံးဝင်ပုံအမျိုးမျိုးကို ဓာတ်ပုံများနဲ့ ဝေဝေဆာဆာဖော်ပြထားပြီး ၂၀၁၇ ခုနှစ် ဇွန်လက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ စိမ်းရောင်စိုစာပေက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာအုပ်ကို ဆိုင်တွေမှာ ဝယ်ယူရရှိဖို့ မသေချာပါဘူး ။ Greenness အနေနဲ့ ဗဟုသုတအနေ ဖြင့် ဖော်ပြရခြင်း ဖြစ်ပါတယ် ။ CAKE #greenness

ဆင့်ကဲပြောင်းလဲမှု မှတ်တိုင် (သို့) လမ်းလျှောက် ငါးမန်း

အိပ်မက်ဆိုး မက်တယ်လို့ပဲ ပြောရမှာပါ။ သိပ္ပံပညာရှင်တွေ က ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမန်းမျိုးစိတ် တစ်ခုကို လေ့လာနေပါတယ်။ အီပေါ်လက်တီ လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်က ငါးမန်ငယ်တွေက ရေ ထဲမှာရော ကုန်ပေါ်မှာပါ သွားလာနိုင်ကြပါတယ်။ သူတို့က သူတို့ရဲ့ လှော်တက်ပုံစံ ဆူးတောင်တွေကို သုံးပြီး သွားလာနိုင်ကြတာပါ။ အဲ့ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေက ရှင်သန်ခြင်းရဲ့ စည်မျဉ်းအားလုံးကို ရိုက်ဖျက်ချိုး ခြင်းလို့ခေါ်ကြပါတယ်။ သန္တာကျောက်တန်းတွေမှာနေထိုင်တဲ့ အဲ့ဒိမျိုးစိတ်က အောက်စီဂျင်မရှိ ဘဲ ၂ နာရီကျော် ကြာအောင် အသက်ရှင်နိုင်ကြပါတယ်။ သြစတေးလျှတိုက် တောင်ပိုင်းမှာ ရှိတဲ့ မဟာအတားအဆီး ( Great Barrier ) သန္တာကျောက်တန်းကြီး မှာနေထိုင်တဲ့ အီပေါ်လက်တီ ငါးမန်းမျိုးတွေက ဒီရေတက်လာရင် လိုက်လာပြီး ကုန်းပေါ်ကိုတက်လေ့ရှိပါတယ်။ အခြားလမ်းလျှောက်တဲ့ ငါးမန်းတွေကို […]

ရာသီဥတုဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအားကျစေတယ်လို့ ဆို

လေ့လာမှုအသစ်တစ်ခုက လူသားတွေကို ရောဂါဖြစ်စေတဲ့ ပိုးတွေထဲမှ ၅၈% ကျော်က ပိုဆိုး လာတယ်လို့ ဆိုလိုက်ပါတယ်။ မနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ဟာဝိုင်ရီက မာမိုအာတက္ကသိုလ် သုတေသနပညာရှင်တစ်စု က သူတို့ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းများအရ အထက်ဖော်ပြပါအဆိုကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကြောင့်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ၎င်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း က ရောဂါပိုးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့က ကမ္ဘာကြီးပူနွေးလာမှု ၊ မိုးခေါင်ခြင်း ၊ အပူလှိုင်းကျရောက်ခြင်း ၊ တောမီး ၊ မိုးကြီးခြင်း ၊ ရေလွှမ်းမိုးခြင်း ၊ မုန်တိုင်းများ ၊ ပင်လယ်ရေမြင့်တက်လာခြင်း ၊ ဇီဝဘူမိဓာတုပြောင်းလဲမှု နဲ့ အပေါ်ယံမြေမျက်နှာပြင် ပြောင်းလဲမှုတို့ကို […]

ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ရယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ က စတင်ပြီး သက်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက အဲ့ဒိအထိမ်းအမှတ်နေ့ကို လက်ခံပြီး ဆင်တွေအတွက် သီးသန့်ပွဲ လုပ်ပေးနေပါတယ်။ ဂေဟပညာရှင်တွေကတော့ ဆင်တွေက ဂေဟစနစ်စောင့်ရှောက်မှု ပေးပုံကို အကျယ်တဝင်ရှင်းပြပြီး ကမ္ဘာသားတွေအနေနဲ့ ကုန်းမြေပေါ်ကို အကြီးဆုံး သက်ရှိ သတ္တဝါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေကြောင့် ရေးသားဖော်ပြနေကြပါတယ်။ အစားအစာအတွက် မဟုတ်ဘဲ လူတွေရဲ့ ဇိမ်ခံပစ္စည်းတွေအလှဆင်ဖို့ အတွက် အရိုးနဲ့ အစွယ်ကို ရယူဖို့ ဆင်တွေကို ခိုးယူသတ်ဖြတ် နေကြပါတယ်။ ကုန်နေ အကောင်ကြီးတွေ မျိုးတုန်းသွားနိုင်လောက်တဲ့အထိ မှောင်ခို ခံနေရတာနဲ့ ပတ်သက်ပြီး ယူရိုနယူးစ်က ကမ္ဘာ့ဆင်များနေ့တည်ထောင်သူ […]

ဒက်ချ်တွေလိုသာ စက်ဘီးစီးကြမယ်ဆိုရင် တစ်နစ်ကို ကာဗွန် တန်ချိန် သန်း၇၀၀ လောက် လျှော့သွားမယ်

ဒိန်းမတ်နိုင်ငံတောင်ပိုင်း က တက္ကသိုလ်တစ်ခု က ပြုလုပ်တဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ နယ်သာလန် နိုင်ငံသားတွေ လိုမျိုး စက်ဘီးစီးကြမယ်ဆို တစ်နှစ်ကို ကာဗွန်တန်ချိန် သန်း၇၀၀ လျှော့ချနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒိစစ်တမ်းအကြောင်းကို ဩဂုတ် ၂၀ ရက်ကထွက်တဲ့ Communications Earth & Environment ဂျာနယ်မှာ အသေးစိတ်ဖော်ပြပါရှိပါတယ်။ ဒက်ချ်လူမျိုးတစ်ယောက်စီက တစ်နေ့ကို အနည်းဆုံး ၂.၆ ကီလိမီတာ စက်ဘီးစီးကြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး အဲ့လိုမျိုးစက်ဘီးကို အဓိကထားပြီး စီးမယ်ဆိုရင် ကမ္ဘာ့လေထုထဲက နေ တစ်နှစ်ကို ကာဗွန်တန်ချိန် ၆၈၆ သန်း လျှော့ချနိုင်မယ်လို့ သူတို့ရဲ့စစ်တမ်းက ဆိုပါတယ်။ သယ်ယူပို့ဆောင်ရေးကြောင့် ကာဗွန်ထုတ်လွှတ်မှု များတဲ့ ယူကေ ၊ ကနေဒါ၊ ဆော်ဒီအာရေဗီးယား နဲ့ သြစတေးလျှတို့မှာ အဲ့ဒိအလေ့အထဖွံ့ဖြိုးသွားပါက […]

တောမီးတွေကြောင့် ပင်လယ်ပျော်ငှက်တွေ အကြီးအကျယ်ဒုက္ခများနေရ

ဩစတေးလျက သုတေသနပညာရှင် တစ်စုက အမြီးတိုဇင်ယော်တွေလို ပင်လယ်ပျော်ငှက်တွေကို လေ့လာရင် လူသူမနီးတဲ့ ကျွန်းတွေမှာ တောမီးကြောင့် ပင်လယ်ပျော်ငှက်တွေအသိုက်ပျက်ပြီး အကြီးအကျယ် ဒုက္ခ ရောက်ရတယ်လို့ ဆိုလာပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းတွေမှာ မိုးကြိုးပစ်လို့ သစ်ပင်တွေ မီးလောင်ရင်းက တောမီး လောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ပိုဆိုးတာက ကမ္ဘာကြီး ပူနွေးလာမှုနဲ့ အတူ မိုးခေါင်ရေရှား ဖြစ်လာတဲ့ အတွက် ကျွန်းနေတိရစ္ဆာန်တွေမှာ အခက်အခဲတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ တောမီးနဲ့ ပတ်သက်ပြီး တောတွင်းသားတွေကိုင်တယ်ဖြေရှင်း နိုင်ရင်အများကြီးအကျိုးရှိနိုင်မယ်လို့လည်း သူတို့ အဖွဲ့ က အစိုးရကို အကြံပြုထားပါတယ်။ မနှစ်ကဆိုရင် ပစ္စိဖိတ် သမုဒ္ဒရာအတွင်းက သြစတေးလျှပိုင် ကျွန်း ၈ကျွန်း မိုးကြိုးပစ်လို့ တောမီးလောင် ခဲ့ပါတယ်။ အဲ့ဒိကျွန်းတွေက လူသူမနီးတဲ့အတွက် ဘယ်သူမှ မီးမငြိမ်းသက်ပေးနိုင်ခဲ့ပါဘူး […]

အမေဇုံကို ကာကွယ်ဖို့ တောတွင်းသားတွေ အဖွဲ့ ဖွဲ့ပြီ

အီကွေဒေါနိုင်ငံမှာ တောတွင်းသားတွေနဲ့ ဒေသခံ အစိုးရတို့ ပေါင်းပြီး အီကွေဒေါနိုင်ငံအတွင်းက အမေဇုံမိုးရေခံသစ်တောတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ် လုပ်နေကြပါတယ်။ အဲ့ဒိအစီအစဉ်ကို အီကွေဒေါနိုင်ငံအတွင်းက အန်ဂျီအိုတွေက စတင်ပြီး အကောင်အထည်ဖော်ခဲ့တာပါ။ သူတို့က မိုးရေခံ သစ်တောတွေကို ခိုးထုတ်နေတာနဲ့ ပတ်သက်ပြီး တစ်စု တစ်ဖွဲ့ချင်းကာကွယ်တာထက် အစုအဖွဲ့တွေပေါင်းပြီး ကွန်ယက်ဖွဲ့ကာ ကာကွယ်ဖို့ လုပ်နေကြတာပါ။ ကျနော်တို့ရဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မပူးပေါင်းချင်တဲ့ အချို့ ဒေသခံအစိုးရအဖွဲ့တွေ ရှိနေပါသေးတယ်။ တောတွင်းသားတွေက သစ်တောထဲမှာ သစ်ပင်တွေ ခိုးခုတ်နေတာကို အသိပေးမယ် ၊ အန်ဂျီအိုတွေက တိုင်တန်မှုတွေကို တရားဝင်ဖြစ်အောင် နဲ့ မီဒီယာကနေဖော်ပြမယ် ၊ အစိုးရ ပိုင်းက တိတိကျကျ အရေးယူနိုင်အောင် လုပ်ဖို့အတွက် ဒီဇိုင်းရေးထားတဲ့ အစီအစဉ် ဖြစ်ပါတယ်လို့ အန်ဂျီအိုအဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ […]

မျိုးစေ့ကျွန်

ကျွန်ဆိုတာ ကိုယ့်ဘဝကို သူများလက်ထဲ ထည့်ထားရတာ…။ မျိုးစေ့ကျွန် လို့ဆိုလေတော့….မျိုးစေ့အတွက် နဲ့ ကိုယ့်ဘဝကို မျိုးစေ့ရောင်းသူလက်ထဲ ထည့် ရတော့တာ..။ သြဂဲနစ် စိုက်ပျိုးရေး မှာ GMO .ကို စိုက်ခွင့်မပေးဘူး .. Hybrid ကိုစိုက်လို့ ရတယ် ဆိုပေမဲ့ မျိုးစေ့ကိုF2 မှာ ထိန်းထားလို့ မရတဲ့အချက် ကို သိပ်သဘောမကျ ပါ..။ ဖြစ်နိုင်ရင်တော့…မျိုးစေ့ထိန်းလို့ရတဲ့ ဒေသ မျိုးတွေ ပြန်လည် ဖေါ်ထုတ် ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်..။ မျိုးစေ့ ဆိုတာ စိတ်ဝင်စားစရာ…. သေးငယ် သော်လည်း ကြီးထွားရှင်သန် စေတဲ့ ဓာတ်သတ္တိ များ ကိန်းအောင်း နေတဲ့ သက်ရှိ တွေပါ…။ သူတို့ကို ထိန်းသိမ်းတတ်စေချင်တယ်… ဝေမျှစေချင်ပါတယ်…။ ဒီနေ့ မှော်ဘီဘက်က သင်တန်းဆင်း စိုက်ပျိုးရေးသမားလေးတစ်ဦး […]

ကာဗွန်အခက် ဆိုလာအချက် အမေရိကန် အစိမ်းရေးတော်လှန်ရေး ခေတ်ဦး

အမေရိကားမှာ အစိမ်းရောင်တော်လှန်ရေးလုပ်ဖို့အတွက် ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကြမ်းကို မနေ့က ဆီနိတ်အဖွဲ့ က အတည်ပြုပေးလိုက်ပါတယ်။ အဲ့ဒိဥပဒေထဲမှာ အိမ်းသုံးပစ္စည်းတွေအားလုံးနဲ့ ယာဉ်တွေအားလုံးကို ရုပ်ကြွင်းလောင်စာ အစား လျှပ်စစ်ပစ္စည်းတွေနဲ့ အစားထိုးမှာ ပါပါတယ်။ လောင်စာသုံး အင်ဂျင်တွေ အားလုံးနေရာမှာ လျှပ်စစ်စွမ်းအင်သုံး အင်ဂျင်တွေ အစားထိုးပြီး ကာဗွန် လျှော့ချရေး လုပ်ငန်းအတွက် ပထမအဆင့်အနေနဲ့ စတင်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒိဥပဒေက လျှပ်စစ်ကားတွေကို ရောင်းအားတက်လာဖို့ ဖြစ်လာသလို ဆိုလာပြားတွေ ရောင်းအားက ထင်ထားတာ ထက်ပိုပြီး ဈေးကွက်မှာ အရောင်းတက်လာပါတယ်။ ဘတ်ထရီသုံး နည်းပညာတွေကလည်း မထင်မှတ်လောက်အောင်ကို အလုပ်ဖြစ်လာပါတယ်။ ရေတင်ဖို့ ၊ အခန်းအပူပေးဖို့ ၊ အဲယားကွန်းသုံးဖို့ နဲ့ ချက်ပြုတ်ဖို့ အတွက် အဆင့်မြင့်နည်းပညာတွေ က မရှိမဖြစ် လိုအပ်လာပါပြီ ။ […]