Author Posts

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ

အပြောင်းအလဲမှာ အကျိုးဆက်တွေရှိပါတယ်။ ဒါပေမဲ့ အချို့သော ရည်မှန်းချက်တွေက သင့်လျော်တဲ့ ရှုထောင့်မှာ လျင်မြန်စွာ ချဲ့ထွင်ဖြေရှင်းမှုများရဲ့ ဖြစ်နိုင်ချေရှိတဲ့ ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားထားရန် အရေးကြီးပါတယ်။ အဲ့ဒိအချက်က ပြန်လည်ပြည့်ဖြိုးခြင်းစွမ်းအင်အသုံးပြုမှုရဲ့ နောက်ကွယ်က အကြောင်းတွေမှာလည်း အကျုံးဝင် ပါတယ်။ REN21 ဆိုတာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒအပေါ် အာရုံစိုက်ထားသည့် တွေးခေါ်ပညာရှင်နှင့် အစုအဖွဲ့ပေါင်းစုံ အုပ်ချုပ်မှုအဖွဲ့ဖြစ်ပါတယ် ။ REN21 ရဲ့ ရည်မှန်းချက်က မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာ ဖလှယ်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ လျင်မြန်သော ကမ္ဘာလုံးဆိုင်ရာအကူးအပြောင်းသို့ ဦးတည်သော ပူးပေါင်းလုပ်ဆောင်မှုများကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါတယ် ။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု ကို ပံ့ပိုးရန်နဲ့ အရှိန်မြှင့်ရန်အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က အတူတကွပူးပေါင်းခဲ့တဲ့ REN21 မှ မကြာသေးမီက ထုတ်ဝေခဲ့တဲ့ စွမ်းအင်နှင့် […]

အစိမ်းရောင်အနာဂတ်ရဲ့ အကျိုးကျေးဇူးများနဲ့ သက်ရောက်မှုများ ဆိုင်ရာ အမေးအဖြေ အပိုင်း ၂

REM ။ ။ အမေရိကန်ပြည်ထောင်စုမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အခြေခံတဲ့ စီးပွားရေးစနစ်ဆီ ပြောင်းလိုက် တာဟာ အမေရိကန် အလုပ်သမား လူတန်းစားအားလုံးကို အေးခဲသွားစေမယ့် အချက်ပါပဲ။ သက်ကြီးလုပ်သား တွေနဲ့ သတ္တုတူးဖော်ရေး လို လုပ်ငန်းတွေမှာ အလုပ်ရှင်တွေအတွက် အခက်ဆုံးဖြစ်လိမ့်မယ်လို့ ပြောကြပါတယ်။ ဒါကို မင်းဘာပြောမလဲ။ Adib ။ ။ဒါက အရမ်းလိုအပ်တဲ့ ဆွေးနွေးမှုပါ။ စွမ်းအင်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို ကြည့်ရှုပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ရုပ်ကြွင်းလောင်စာကဏ္ဍများကို နှိုင်းယှဉ်ဖော်ပြတဲ့ အစီရင်ခံစာတစ်ခုကို ကျမ ဖတ်ရပါတယ်။ ရုပ်ကြွင်းလောင်စာနဲ့ ပတ်သက်တဲ့ အလုပ်တွေရဲ့ ၇၀% ကို ပြန်လည်မလေ့ကျင့်ဘဲနဲ့တောင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို တိုက်ရိုက်လွှဲပြောင်းပေးနိုင်တယ်ဆိုတာပါပဲ။ ဥပမာအားဖြင့်၊ သတ္တုတူးဖော်ရေးနဲ့ပတ်သက်လာရင်၊ ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုတွေကို တိုက်ရိုက်လွှဲပြောင်းနိုင်တဲ့ နယ်ပယ်တစ်ခုကတော့ ဘူမိအပူဓာတ်ပါပဲ။ လက်ရှိဆွေးနွေးမှုရဲ့ နောက်ထပ်ကဏ္ဍတစ်ခု […]

တပိုင်တနိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၂)

အပြင်ထွက်စျေးဝယ်ရာမှာလဲ သယ်ဆောင်ထုတ်ပိုးဖို့ ခြင်းတောင်း၊ အဝတ်အိတ်စတာတွေကိုယူဆောင်သွားပြီး တခါသုံးပလစတစ်အိတ်နဲ့သယ်ယူတာကိုလျော့ချခြင်းဟာလဲ ပါတ်ဝန်းကျင်ကိုထိမ်းသိမ်းခြင်းပါပဲ။ ဆွေးမြေ့စေတဲ့စက္ကူအိတ်ကိုသုံးတာဖြစ်လို့ပါတ်ဝန်းကျင်ညစ်ညမ်းမှုမရှိပါဘူးလို့ပြောနိုင်ပေမဲ့ အဲဒီစက္ကူဖြစ်လာဖို့ ပါတ်ဝန်းကျင်ထိခိုက်မှုတွေအများကြီးလုပ်ဆောင်ခဲ့ရတာကြောင့် စက္ကူအခြေပြုပစ္စည်းများသုံးစွဲခြင်းကိုလဲ အတတ်နိုင်ဆုံးလျော့ချကြရပါ့မယ်။ ထို့အတူ တခါသုံးပစ္စည်းစုတွေကိုထုတ်လုပ်ရာမှာလဲ သဘာဝပါတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတာတွေအများကြီးရှိနိုင်တာကြောင့် တခါသုံးပစ္စည်းတွေသုံးစွဲမှုကိုအတတ်နိုင်ဆုံးလျော့ချကာ ပြန်လည်ဆေးကြောသုံးစွဲနိုင်တဲ့အရာတွေကို အသုံးပြုဖို့အားထုတ်ကြရပါ့မယ်။ ဒါကြောင့် တခါသုံးတူတွေအစား သေချာပြုလုပ်ထားတဲ့တူတွေကို စနစ်တကျပြန်လည်ဆေးကြောကာအသုံးပြုခြင်း။ စက္ကူတစ်ရှူးတွေအစားချည်ထည်နဲ့ယက်လုပ်ထားတဲ့လက်သုတ်ပုဝါတွေကိုလျော်ဖွတ်ကာအဖန်ဖန်ပြန်လည်အသုံးချခြင်း။ တခါသုံး ပုလင်း၊ ခွက်၊ ပန်းကန်တွေအစား ဆေးကြောအသုံးပြုလို့ရတဲ့ ဖန်၊ ကြွေ၊ စတီးအစရှိတဲ့လူသုံးပစ္စည်းတွေကိုအများစုအသုံးပြုခြင်းတို့ကိုဆောင်ရွက်ကြရပါ့မယ်။ ပုလင်း၊ ဗူး၊ ပုံးခွံ စတာတွေကို ဆေးကြောသန့်စင်ကာ လိုအပ်တဲ့နေရာမှာပြန်သုံးတာမျိုးကလဲ ပါတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျော့ကျစေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ မိမိအိမ်မှာ စက်ယာဥ်နဲ့ပါတ်သက်ပြီးပြုပြင်ဆေးကျောရာမှာသုံးတဲ့ စက်သုံးဆီ၊ချောဆီအဟောင်းတွေကို အလွယ်တကူ မြောင်းထဲ၊ မြေပြင်ပေါ် စွန့်ပြစ်ခြင်းမပြုပဲ စနစ်တကျထဲ့သွင်းသိုလှောင်ကာ အသုံးတဲ့မှုရှိအောင်ကြံဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစတာတွေကလဲ သဘာဝပါတ်ဝန်းကျင်ကိုထိမ်းသိမ်းစောင့်ရှောက်ခြင်းနဲ့အကျုံးဝင်တာပါပဲ။ သွားလာလှုပ်ရှားရာမှာလဲ ကား၊ဆိုင်ကယ် အစရှိတဲ့ ကာဗွန်ရုပ်ကျွင်းလောင်စာသုံးယာဥ်တွေသုံးစွဲမှုကို လိုအပ်သလောက်သာသုံးပြီး စက်ဘီးကဲ့သို့လူ့စွမ်းအားသုံးယာဥ်တွေကိုသုံးစွဲခြင်းအားဖြင့် မီးခိုးထုတ်လွတ်မှုလျော့နဲစေတာကလဲ […]

အန္တာတိကတိုက်ကိုတောင် ငှက်တုတ်ကွေး ရောက်နေပြီ

ကူးစက်မှုပြင်းထန်တဲ့ ငှက်တုတ်ကွေး ( HPAI ) က ကမ္ဘာ့တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး ငှက်တွေကိုရောဂါကူးစက်နေလို့ ဒေသတွင်း ပင်ဂွင်းငှက်ဦးရေကို ခြိမ်းခြောက် နေပါတယ်။ စပိန်နိုင်ငံ၊ Severo Ochoa Molecular Biology Center မှ သိပ္ပံပညာရှင်များက အန္တာတိက ကျွန်းဆွယ်ရှိ အာဂျင်တီးနား သိပ္ပံသုတေသနစခန်း Primavera မှာ သေဆုံးသွားတဲ့ skuas နှစ်ကောင်မှာ H5N1 ဗိုင်းရပ်စ် ရှိနေကြောင်း အတည်ပြုခဲ့ပါတယ် ။ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်ဖြစ်တဲ့ တောင်ဂျော်ဂျီယာနှင့် တောင် Sandwich ကျွန်းစုရှိ ငှက်ကျွန်းတွင်လည်း ငှက်တုတ်ကွေး ဖြစ်ပွားခဲ့တာကို albatross ငှက်အချို့သေဆုံးနေတာနဲ့ပတ်သက်ပြီး သတင်းပို့ထားပါတယ်။ နမူနာများကို ယခုလအစောပိုင်းတွင် စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာပြီးနောက် […]

မိုးခေါင်တာ စပိန်တင်မဟုတ်ဘူး မြေထဲပင်လယ်‌ဒေသတစ်ခုလုံး ဖြစ်လာတော့မယ်လို့ ခန့်မှန်းကြပြီ

စပိန်နိုင်ငံရဲ့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ တောင်ဘက်ဒေသနဲ့ အရှေ့မြောက်ပိုင်း ဒေသတို့မှာ မိုးခေါင်နေတာ ၃ နှစ်တောင် ရှိသွားပြီဖြစ်ပါတယ်။ ရေလှောင်ကန်တွေ ဆည်တွေမှာ အရေးပေါ်အမှတ် အောက်များစွာ ကျဆင်း သွားပြီး ဒေသခံတွေသုံးစွဲဖို့အတွက် ၁၆ ရာခိုင်နှုန်းအောက် ရောက်သွားပြီဖြစ်လို့ ရေသုံးစွဲမှု ကန့်သတ်ချက် အမိန့်တွေကို သက်ဆိုင်ရာအာဏါပိုင်တွေက ထုတ်ထားရပြီ ဖြစ်ပါတယ်။ မိုးခေါင်တဲ့ ဖြစ်စဉ်က စပိန် တစ်နိုင်ငံတည်းဖြစ်နေတာမဟုတ်ပါဘူး ။ ဥရောပတိုက်ကုန်မြေရဲ့ ၁၇ ရာခိုင်နှုန်းက ထိခိုက်နေတာပါ ၊ အများစုကတော့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့နေရာတွေပါပဲ ။ အဲ့ဒိထဲက ၁ရာခိုင်နှုန်း ကတော့ လုံးလုံးကြီးကိုအရေးပေါ်အခြေအနေပါ ။ “ဇန်နဝါရီလကုန်အထိ ကျွန်တော်တို့ရရှိထားတဲ့ နောက်ဆုံးရ အချက်အလက်တွေအပေါ် အခြေခံပြီး လက်ရှိ အခြေအနေတွေကို ကြည့်မယ်ဆိုရင် မြေထဲပင်လယ်ဒေသက နေရာတော်တော်များများဟာ […]

ရာသီ‌ခြောက်သွေ့လာချိန်မှာ လေထုညစ်ညမ်းမှုတိုးလာလို့ မီလန် အာဏါပိုင်တွေ သတိပေးနေရပြီ

အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီ‌ဒေသမှာ အပူချိန်တိုးလာကာ ရာသီဥတုခြောက်သွေ့လာတာကြောင့် လေထုညစ်ညမ်းမှုတိုးလာမှာကို အာဏါပိုင်တွေ စိုးရွံ့လာပြီး အမိန်အသစ်တွေကို ထုတ်ပြန်လိုက်ရပါတယ်။ နေအိမ်များကို အပူပေးခြင်း၊ ကောက်ပဲသီးနှံစိုက်ခင်းများတွင် မိလ္လာများထည့်ခြင်း နဲ့ နေ့ဘက်တွင် မော်တော်ကားများ ထူထပ်စွာ အသုံးပြုခြင်းတို့အပေါ်မှာ ကန့်သတ်ချက်များ ချမှတ်လိုက်ပါတယ်။ အင်္ဂါနေ့အထိ၊ မီလန် အပါအဝင် ဒေသ၏ ပြည်နယ် ၁၂ ခုအနက် ကိုးခုသည် မီးခိုးမြူများစွာ ဖုံးလွှမ်းမှုရှိလာသောကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။ လေထုညစ်ညမ်းမှုက ဒေသတွင်း၌ အထူးအဆန်းမဟုတ်ပေမဲ့ဆောင်းရာသီအတွင်းက မိုးရွာသွန်းမှုနည်းပါးခြင်းနဲ့ ရာသီမဟုတ်အပူချိန်မြင့်မားမှုကြောင့် ယခုသီတင်းပတ်အစောပိုင်းတွင် စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိ ခဲ့ပါတယ်။ မီလန်က ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပါတယ် ။ ဆောင်းရာသီတွင် ပုံမှန်မဟုတ်သော အပူချိန်မြင့်မားမှုနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မီးခိုးမြူပြဿနာကို ပိုမိုဆိုးရွားလာစေတယ်လို့ အာဏာပိုင်များက တနင်္လာနေ့တွင် […]

တနိုင်တပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၁)

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလို့ဆိုလိုက်တာနဲ့လူအများစုအမြင်မှာ သစ်မခုတ်ဖို့၊ သစ်ပင်စိုက်ဖို့ဆိုတာကို ဦးစွာပထမ ဖြစ်ပေါ်လာတတ်ကြပြီး ဘယ်မှာလဲမြေ၊ ဘယ်မှာလဲစိုက်စရာသစ်ပင်၊ ခုတ်တဲ့သူတွေတော့မတားနိုင်ပဲ ဆိုပြီး အမြင်စောင်းစရာတွေလဲဖြစ်လာတတ်ကြပါတယ်။ သစ်တောသစ်ပင်ဆိုတာကလည်း လူသားတို့ရဲ့မွေးရာပါမိတ်ဆွေတွေလဲဖြစ်လို့ အထက်ကအမြင်ဟာလည်း မမှားပါဘူး။ အိုးအိမ်အတွက်၊ လောင်စာအတွက်၊ လမ်းပမ်းဆက်သွယ်ရေးအတွက်၊ စိုက်ပျိုးရေးအတွက် အစရှိတဲ့ လိုအပ်ချက်ခေါင်းစဥ်တွေအောက်ကနေ သစ်တောသစ်ပင်တွေကိုခုတ်ယူနေကြရတာကလည်း ပကတိအရှိတရားပါပဲ။ တကယ်တမ်း သစ်တောပြုန်းတီးမှုတားဆီဖို့က သစ်ပင်ခုတ်တာတွေရပ်ရမယ်၊ သစ်ပင်တွေစိုက်ရမယ်။ ဒီလောက်လုပ်ရင်လုံလောက်ပြည့်စုံပြီလားဆိုရင်တော့ မရသေးပါဘူး။ သစ်တောပြုစုစောင့်ရှောက်မှုဟာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းစုကြီးနဲ့ယှဥ်ကြည့်ရင်တော့ ရေပေါ်မှာပေါ်နေတဲ့ရေခဲတောင်ရဲ့အစိတ်အပိုင်းတခုလောက်ပဲရှိနေသေးပြီး အခြားလုပ်ငန်းစုတွေက ရေအောက်ကရေခဲတုံးလောက်ထိကြီးမားများပြားလှပါတယ်။ နိုင်ငံ၊ ဒေသတခုမှာ တရားဥပဒေစိုးမိုးမှုအားနည်းချိန်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအများဆုံး၊ အမြန်ဆုံးဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေ အခြေယိုင်တဲ့ကာလပါပဲ။ အဲလို မတည်ငြိမ်တဲ့ ကာလမှာ ဘာမှမလုပ်ပဲထိုင်ကြည့်နေရတော့မှာလားလို့ မေးလာရင်တော့ ကြီးမားကျယ်ပြန့်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုညလုပ်မရနိုင်ပေမဲ့ တကိုယ်ရေတကာယနဲ့ မိသားစုအလိုက် လုပ်ဆောင်နိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုတော့ လုပ်ဆောင်နိုင်ကြရပါမယ်။ ဘာတွေ လုပ်ရမလဲဆိုရင်… မီးဖိုချောင်ကထွက်တဲ့ ဆွေးမြေ့လွယ်တဲ့ အမှိုက်တဖြစ်လဲ […]

ဝတ်ရည်နှင့်ရနံ့ လုပွဲ

ကံကော်တွေစပွင့်ကြလေပြီ။ နွေဦးကံ့ကော်တွေစပွင့်ကြလေပြီ။ စျေးထဲတွင် ကံ့ကော်ပန်းကုံးတွေကို မြင်ရလေပြီ။ တကုံးကိုငါးရာရောင်းတာလည်းရှိသည်။ သုံးရာရောင်းတာလည်းရှိသည်။ ပန်းကုံးတွေကတော့ အရွယ်အစားတူတွေ။ သူ့ဖောက်သည်နှင့်သူဝယ်ကြလေသည်။ ကံ့ကော်ပန်းမှာ ရှားသေးသည့် ပွင့်ဦးကံကော်တွေမို့ အရောင်းသွက်သည်။ စျေးရသည်။ ” ကံ့ကော်ပန်းကို စျေးမဆစ်သင့်ဘူး” ဟု ကံ့ကော်ပန်းခူးဖူးသူတွေကပြောကြသည်။ ကံ့ကော်ပန်းတွေက ကိုင်းဖျားကိုင်းနားတွေမှာ ပွင့်သည်။ ခက်ခက်ခဲခဲတက်ပြီး ကံ့ကော်ပန်းပန်းလှလှရအောင် ခူးရသည်။ပြုတ်မကျအောင် ကိုင်းတို့၊ ငြမ်းတို့ဆွဲပြီးတက်ရသည်မှာ လက်အံသေမတတ်ဖြစ်သည်။ တနည်းအားဖြင့် ကံ့ကော်ပန်းခူးရသည့်အလုပ်သည် အသက်နှင့်ရင်းရသည့်အလုပ်ဖြစ်သည်။ စာရေးသူလည်း ကံကော်ပန်းကောက်ဖူးသည်။ တကယ်မလွယ်သည့် အလုပ်ဖြစ်သည်။ ကောင်းကောင်းမွန်မွန်ငြမ်းမဆင်ထားပါက ပိုခက်သည်။ ကိုင်းဖျားမှာပွင့်နေသည့် ကံ့ကော်ပန်းကို ကိုယ့်ဆီရောက်လာအောင် ကိုင်းကိုတဖြည်းဖြည်းဆွဲယူရသည်။ ကျန်လက်တစ်ဖက်ကလည်း အခြားကိုင်းတစ်ခုကိုမြဲမြဲကိုင်ထားရသေးသည်။ လူ့ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်သည့်လှုပ်ရှားမှုနှင့် အကိုင်း၊ အပင်သည် ယိုင်းထိုးနေတတ်သည်။ သည်ကြားထဲမှာမှ ကံ့ကော်ပန်းကို မနာအောင်ယုယုယယ ကောက်ယူရသည်။ ကံကော်ပန်းကောက်ရသည့်အချိန်က မနက်စောစော။ […]

လက်ဖက်ခြောက်ထုတ် ၊ အသင့်စားနဲ့ ဟော့‌ဒေါ့တွေမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ အများကြီးပါတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပြီ

အမေရိကန်နိုင်ငံ ကတ်ခ်ဆေးကျောင်းက ပတ်ဝန်းကျင်ကျန်းမာရေး ဌာနမှာ ဒေါက်တာဘွဲ့စာတမ်းတင်နေတဲ့ ဟေးလေးဟမ်ဆင် ဆိုသူရဲ့စာတမ်းပါ အချက်အလက်အရ အသင့်စား အစားအသောက်တွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေ ၊ လက်ဖက်ခြောက်အထုတ်လေးတွေ နဲ့ ဟော့‌ဒေါ့လို စားသောက်ကုန်တွေမှာ သွေးထဲမှာ မပျော်သွားဘဲ ခန္တာကိုယ်တွင်း တစ်နေရာရာမှာ အနည်ကျသွားစေပြီး ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဖော်အဲဗားဓာတုပစ္စည်း ( PFAS ) တွေ ပါဝင်မှုမြင့်မားတယ်လို့ သိရပါတယ်။ သူမနဲ့ အဖော်သုတေသီများက လူတွေရဲ့ အစားအသောက်များက အချိန်ကြာလာသည်နှင့်အမျှ သူတို့ရဲ့ သွေးထဲတွင် ထာဝရဓာတုပစ္စည်းများပါဝင်မှုနှုန်းနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ဆန်းစစ်ရန် ပထမဆုံး လေ့လာမှုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ အားကစားသမားတွေသောက်တဲ့ နို့အချိုရည်များ၊ လက်ဖက်ရည် နဲ့ ရေနွေးကြမ်း ကဲ့သို့သော အချို့သော အစားအစာများနဲ့ အဖျော်ယမကာများကို […]

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၂)

”မဟုတ်ဘူးအန်တီရဲ့၊ အဖြူရောင်များတာတော့များတာတော့များပါရဲ့။ ဒါပေမယ့် တချို့Glacier ခေါ်တဲ့ ရေခဲမြစ်တွေက အရည်မပျော်တော့ဘူး။ အမြဲခဲနေတယ်။ အဲဒီရေခဲမြစ်တွေက အဖြူရောင်အပြင် အပြာရောင်၊ တချို့ဆိုရင် အစိမ်းရောင်တောက်နေတယ်” ”ဟယ်. . သိပ်ကိုလှမှာပဲနော်။ အပြာတို့၊ အစိမ်းတို့က တောတွေတောင်တွေ သစ်ပင်တွေရဲ့ အရောင်ဟပ်တာများလာမသိဘူး။ ဘာပဲဖြစ်ဖြစ် အဲသလိုလှတဲ့ သဘာဝမြေပြေ တို့နိုင်ငံမှာရှိတယ်ဆိုတာ ပြချင်လိုက်တာ။ ဦးသိန်းအောင်ရဲ့ နယ်ရှင်နယ်ပတ်ခ်ကြီးပြီးရင် ဒီရေခဲတောင်ကိုကြည့်ဖို့ လူတွေလာလာချင်ကြမှာပဲ။ အပန်းဖြေစခန်းအမြန်ဆောက်၊ ရဟတ်ယာဉ်ကွင်းလုပ်၊ Ski စီးလို့ရအောင်စီစဉ်၊ သိပ်ပိုက်ဆံရမှာပဲနော်။ အဲဒီကျ ကိုစောလွင် တိုးကုမ္ပဏီဖွင့်ပါလား” ကိုစောလွင်က ရယ်နေသည်။ ”အဲဒီ တိုးရစ်ကိစ္စကျ ကျွန်တော်ဝါသနာမပါဘူး အန်တီ။ ခါကာဘိုရာဇီအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေမိသားစုက ကျွန်တော် တိုးကုမ္ပဏီလုပ်ချင်ရင် ကူညီမယ်လို့ပြောပါတယ်။ ကျွန်တော်က သစ်ခွပဲ” သူဟာ အတော်သစ္စာကြီးသူပေပဲ။ ”ကဲ. . […]