Author Posts

ရွှေ့ပြောင်းမျိုးစိတ် ၅ စိတ်မှာ မျိုးစိတ်တစ်ခုက မျိုးတုန်းသွားနိုင်တယ်လို့ ကုလ ဆိုပြီ

ရွှေ့ပြောင်းနေထိုင်သော တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ပြောင်းလဲမှု၏ အညွှန်းများအဖြစ် လုပ်ဆောင် သော်လည်း ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရှုပ်ထွေးသောဂေဟစနစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နှစ်စဉ် သန်းပေါင်းများစွာသော တိရိစ္ဆာန်များသည် ကုန်းမြေ၊ ပင်လယ်နှင့် ကောင်းကင်များကို ဖြတ်၍ ရွှေ့ပြောင်းသွားလာကြသည်။ နိုင်ငံများနှင့် တိုက်ကြီးများကို ဖြတ်ကျော်ကာ အချို့သည် အစာရှာဖွေရန်နှင့် မျိုးပွားရန် ကမ္ဘာတဝှမ်း ကီလိုမီတာ ထောင်နှင့်ချီ၍ ခရီးသွားကြသည်။ သို့သော် ယခုအချိန်အထိ ဤတိရစ္ဆာန်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေးအခြေအနေ သို့မဟုတ် ဦးရေ လမ်းကြောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အချက်အလက်မတွေ့ရှိရသေးပါ။ ပထမဆုံးအကြိမ်အဖြစ်၊ ယခု သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များအကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေပြီဖြစ်သည်။ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူစာချုပ် (UN Biodiversity Treaty) အရ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ […]

ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောနှစ်မြုပ်ပြီး ဆီကွက်တွေ ကမ်းလာကပ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

တောင်အမေရိကတိုက် မြောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်းမှာ ရှိတဲ့ ထရီနီဒတ် တိုဘာဂို ကျွန်းနိုင်ငံမှာ ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောမှောက်ပြီး ဆီကွက်တွေ ကမ်းလာကပ်တဲ့အတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ထရီနီဒက်နှင့် တိုဘာဂို ဝန်ကြီးချုပ်က ကာရေဘီယံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းအနီးတွင် ရေနံယိုဖိတ်မှုကြောင့် “နိုင်ငံတော် အရေးပေါ်အခြေအနေ” ဖြစ်လာကြောင်း ပြောကြားခဲ့ပါတယ်။ Tobago ရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ကမ်းခြေအများအပြားတွင် ရေနံကွက်များ ဖုံးအုပ်ထားပြီး ၎င်းတို့ကို ရှင်းလင်းပြီး သိုလှောင်ရန် သင်္ဘောသားများ ရုန်းကန်နေကြရပါတယ်။ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က Tobago အနီးတွင် တိမ်းမှောက် ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောပိုင်ရှင်ကို အစိုးရက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီးချုပ် Keith Rowley က […]

လွမ်းဖွယ်ကောင်းတဲ့နွေဦးရာသီ

ပျော်ခင်းငယ်မှ သာလှ သည်ချိန်ကျလျှင် တောဝဂနိုင်၊ စုံသာမြိုင်မှာ မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့ ထောင်းထောင်းငယ်လျံငွေ့ လောင်ဓလေ့နှင့် လွမ်း၍ငယ်တစေ အလိုသေရချည့် စိတ်ဖြေလို့မရနိုင် ဘယ်နှယ့်လူခိုင်ပါ့မယ် ( ဦးယာ) လွမ်းစရာကောင်းလိုက်တဲ့ ရာသီအချိန်ဟာရောက်လာခဲ့ပြီ။ မြို့ပေါ်မှာတော့ နွေဦးရဲ့ သရုပ်ကို ဗံဒါပင်တွေကအရင်ပြ ပေတယ်။ အရွက်ကြီးကြီးတွေနဲ့ အုပ်နေတဲ့ ဗံဒါပင်က ရိုးတံကျဲကျဲကိုမြင်ကတည်းက နဂိုကမှ မပျော်ရွှင်သူတွေရဲ့စိတ်ထဲ လွမ်းဖွယ်ရာသီဟာ လာခဲ့ပြီ။ ပူနေတဲ့စိတ်ကို အငွေ့ပျံစေတဲ့ရာသီ။ ဆွေးနေတဲ့စိတ်ကို အလွမ်းစိတ်ပြန်ပေါ်လာအောင် ကိုင်လှုပ်တဲ့ရာသီ။ အမြုပ်တစီစီထနေတဲ့ ထန်းရည်ကို မသောက်ရတော့တဲ့သူတွေ၊ ကိုယ့်ဇာတိရွာတောတန်းကလေးကို မငေးနိုင်တော့တဲ့သူတွေဟာ ဒီနွေကို ဘယ်လိုကျော်ဖြတ်ကြရပါ့။ သူတို့အတွက် နွေဟာ အပူသက်သက်ကိုကြီးယူလာခဲ့လေပြီ။ တော်ထဲကသစ်ရွက်တွေကြွေသလို မျော်လင့်ချက်တွေကြွေကြပြီ။ တောထဲက စမ်းချောင်းတွေလို ပျော်ရွှင်မှုတွေ ခမ်းကြပြီ။ တောမီးလောင်သလို စိတ်တွေလောင်ကြပြီ။ နာရေးကဖွင့်တဲ့ အသံချဲ့စက်သံတွေဟာ […]

လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း

လက်ပံပင်ကြီး ဆက်ရက်တွေဆူညံပျော်မြူးကြ ငါတို့တွေဆော့ကစားကြ။ ငါတို့ငယ်ဘဝအားလုံး သူ့အရိပ်အောက်မှာ။ ဆောင်းနှောင်းနွေဦး လရောင်အောက် လက်ပံပွင့်ကောက်ခဲ့တုန်းက ကိုယ့်အရိပ်ဟာ လွမ်းစရာလို့ ကလေးတစ်ယောက် မတွေးတတ်ခဲ့ပါ။ ” ဆက်ရက်ကလေးတွေရေ ငါ့အတွက် လက်ပံပွင့်လေးတစ်ပွင့်လောက်ပါ” ကျွန်တော်တို့ငယ်စဥ် လက်ပံပင်အောက်ကနေ အပင်ပေါ်ကိုမော့ကြည့်ရင်း ပြောခဲ့ရသောစကားဖြစ်သည်။ လက်ပံပင်ကြီးက မြင့်တော့ လက်ပံပွင့်အကြွေကိုသာ စောင့်ကြရသည်။ အပင်ပေါ်မှာ ဆက်ရက်တွေကဆူညံပျော်မြူးနေကြသည်။ သူတို့ကိုယ်ပြောတာနားမလည်မှန်းသိသော်လည်း အော်ပြောခဲ့ကြသည်။ ဆက်ရက်ကလေးတွေ နှုတ်သီးနှင့်ဆိတ်လို့ ကြွေကျလာသည့် လက်ပံပွင့်က လတ်လတ်ဆတ်ဆတ် ရဲရဲနီနေပါသည်။ လက်ပံပွင့်သည့်အချိန်က ဆောင်းနှောင်းနွေအကူးအချိန်။ ကျွန်တော်တို့စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလဆန်းပိုင်းဆို လက်ပံပွင့်တွေစပွင့်ပြီဖြစ်သည်။ ဆရာကြီးက ညကျောင်းခေါ်သဖြင့် ကျောင်းကအပြန် ကျောင်းဝင်းထဲက လက်ပံပင်ကြီးအောက်မှာ လရောင်ထဲမှာ ဆီမီးခွက်ကလေးတွေနဲ့ လက်ပံပွင့် ကြွေရှာရသည်။ ပွင့်ဦးကာလမို့ တပွင့်တလေသာရပါသည်။ ရံဖန်ရံခါ တဝဲဝဲကြွေလာသည့် လက်ပံပွင့်ကို အောက်ကနေ အချင်းချင်း […]

ရွှေ့ပြောင်းတွေကို စစ်ပွဲထက် ပိုကြောက်ရတယ်လို့ စစ်တမ်းတစ်ခုက ဆို

မကြာခင်ကျင်းပမယ့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မြူးနစ်ညီလာခံအတွက် အကြိုစစ်တမ်းတစ်ခုကို ပြုလုပ်တဲ့ နေရာမှာ စက်မှုထိပ်သီး ၇ နိုင်ငံအပြင် ဘရာဇီး ၊ အိန္ဒိယ ၊ တရုတ် နဲ့ တောင်အာဖရိကတို့မှ လူ ၁၂၀၀၀ တို့ကို မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ် ။ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မေးခွန်း ၃၂ ခုကို ဖြေခိုင်းရာမှာ အများဆုံး တူညီတဲ့ အဖြေတစ်ခုကတော့ ရုရှားနိုင်ငံရဲ့ ရန်လိုမှုကြောင့် ဖြစ်လာမယ့် စစ်ပွဲထက် ‌ရာသီဥတု အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမယ့် ရွှေ့ပြောင်းတွေရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်မှုအရှိဆုံး ဆိုတဲ့ အဖြေတစ်ခုပေါ်ထွက်လာပါတယ်။ လာမယ့် သောကြာနေ့မှာ ဂျာမဏီနိုင်ငံမြူးနစ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံများက နိုင်ငံရေးနဲ့ ကာကွယ်ရေး အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲအကြို လုပ်တဲ့စစ်တမ်းဖြစ်ပါတယ် ။ […]

ငါးစွန့်ပစ်မြေဩဇာ

ကျွန်တော် ‌အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာအစုံ သင်ယူလေ့ကျင့်သုံးစွဲခဲ့သည့် ငါးအမိုင်နိုအက်စစ် အကြောင်းလေးမျှဝေပါရစေ ငါး တစ်ဆ ထန်းညိုတစ်ဆ ကိုတလခန့်ချဉ်ဖေါက် သုံးစွဲသည့်နည်းပညာလေးပါ ငါး (မည်သည့်ငါးမဆိုသုံး၍ဖြစ်ပါသည်) ၁။ဈေးမှငါးခုတ်သားရောင်းသည့်ဈေးတန်းမှလူစားရန် မသင့်သော ဂျီးခွံ အူ ချေး ပါးဟတ် ဆူးတောင် ၂။လူအများစားသုံးနိုင်သော ငါးများ ၃။ငါးသေးငါးနုတ်များ ထန်းလျက်အညို (အောက်ပါပစ္စည်းများသုံးစွဲ၍ရ) ၁။မုန့်လုပ်ရန်အခဲကြီးများအိုးချအခဲများ ၂။တင်လဲ‌ရည် ၃။သကါရည် ပြုလုပ်ရန် ထန်းလျက် ၆၀ကျပ်သားကို ကြိုချက်ပြီးသာအရည်၁လီတာရအောင်ကြိုချက်ပါ ဥပမာ။ ။ ငါး ၁ ပိဿာနှင့်ပြုလုပ်မည်ဆိုပါလျင် ထန်းလျက်ညို၁ပိဿာကိုကြိုချက်ရ ၁.၇၅ လီတာရအောင်ကြိုချက်ပါ ငါးစိမ်းနှင့်ထန်းလျက်ရည့််ကိုစဉ်းအိုး(စဉ်းအိုးအရွယ်အစား ငါး၁ပိဿာချဉ်ဖေါက်ရန် ၇ပိဿာခန့်ဆန့်ရ ပါမည်) အတွင်းထည့်ပြီးလေလုံ ၁၅ရက်ခန့်ထားရပါ မည် ။၁၆ရက်မြောက်သောနေ့မှစ၍ အဖုံးဖွင့် မနက် တကြိမ်ညနေတကြိမ်သစ်သားမွှေတန်အသုံးပြု ၍ နေ့စဉ်မွှေပေးရပါမည် ။စုစုပေါင်းရက်၃၀ အကြာ ရေကြက်အေး […]

နွေဦးကာလ မြူထတဲ့အချိန် (၁)

ဘာပဲသောက်သောက် သောက်တတ်မှ ကောင်းတာကလား၊ ထန်းရေသောက်တာတော့ ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။ ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ ပဲကြီးလှော်ကြဲ၊ ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ၊ ခြေဆင်းလဲလူ အပူအပင်မရှိ။ ပဲစိကို တစီစီကောက် အလျားမှောက်ပြီး သောက်တာကို လက်ချော်ပြီး၊ ခွက်မကျော်ရင် ပျော်ရွှင်ဖွယ်အတိ၊ အလွန်စည်းစိမ်ရှိတာကလား။ မောင်စွမ်းရည် သည်လိုမြူထသည့် နွေဦးကာလသို့ရောက်လျင် မွေးရပ်မြေကိုသတိရသည်။ မွေးရပ်မြေက လက်ပံတွေ၊ ထန်းပင်တွေ၊ တောတန်းတွေ၊ ဆွေမျိုးတွေနှင့် ငယ်ပေါင်းတွေကိုလည်း ကျွန်တော်သတိရပါသည်။ အထူးသဖြင့်တော့ သည်လိုမြူထသည့်အချိန်မှာ အမြုပ်တစီစီနှင့်ပင်ကျထန်းရည်ကိုလွမ်းရသည်။ အဝေးရောက်အညာသားအများစုလည်း ကျွန်တော့်လိုပင် လွမ်းကြပေလိမ့်မည်။ ဇာတိရပ်ရွာကို လွမ်းသည့် ခုလိုနွေဦးမှာ ဆရာမောင်စွမ်းရည်၏ ရွာလွမ်းချင်းကဗျာက နှလုံးသားမှ နှုတ်ဖျားသို့တက်တက်လာတတ်ပါသည်။ ထိုကဗျာကို ရွတ်ဆိုပြီး ဇာတိလွမ်းစိတ်ကို နှစ်သိမ့်ရပါသည်။ ဆရာစွမ်းက ထန်းရည်သောက်ရင် ထန်းပင်အောက်မှာ အကောင်းဆုံးဟုဆိုသည်။ ကျွန်တော်တို့ ငယ်ဘဝတုန်းကလည်း […]

ပြောင် အထီး ၂ကောင်ကို မိုင် ၂၀၀ အကွာကို ပို့ဖို့ WWF ရန်ပုံငွေ ရှာနေ

ယူကရိန်းနိုင်ငံအခြေစိုက် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ ( WWF) က ပြောင်အထီး တစ်ကောင်ကို မိုင် ၂၀၀ ‌ကျော်အကွာက တိရစ္ဆာန်ဥယျာဉ် တစ်ခုကို ပို့ဖို့အတွက် ရန်ပုံငွေ ရှာနေတယ်လို့ သိရပါတယ် ။ မြို့တော်ကိဗ် ရဲ့အ‌ရှေ့ဖက် ဇာလစ်ဆီယား သဘာဝ အမျိုးသားဥယျာဉ် မှာ မွေးထားတဲ့ ပြောင်ထီးတွေ တစ်ကောင်မှ မရှိတော့လို့ မျိုးဆက်ပွားရန်အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် အနီးဆုံးနေရာ ဗင်နီတစ်စီးယားက ပြောင်ထီးတစ်ကောင်ကို ပို့ဖို့အတွက် အစီအစဉ်တစ်ခုလုပ်ရာမှာ သယ်ယူပို့ဆောင်ရေးတွက် ရန်ပုံငွေ လိုအပ်နေတာပါ ။ ပြောင်ဆိုတဲ့ အမွေးရှည် နွားနောက်တွေကို ဥရောပမှာ ၁၇ ရာစုကနေ ၁၉ ရာစုအတွင်းမှာ မျိုးပြုန်းသွားလောက် အောင်ကို သတ်ဖျက်ခဲ့ကြပါတယ်။ ၁၉၀၀ လောက်မှာ ပြောင်တွေကို ဘီလာရုစ်နဲ့ ပိုလန် နယ်စပ်က ဘိုင်ရာလိုဝီဇာ […]

နွေဦးကာလနွေဦးကာလ မြူထတဲ့အချိန် (၂)

မိုးဦးကျခါစ ပုတတ်ကလေး တကောင်နှစ်ကောင် ရအောင်အရင်ရှာရမယ်၊ ပုတတ်ကလေး နီကျင်ကျင် နွယ်ကြိုးရှည်နဲ့ မငင်လေနဲ့ ခွေးမြင်ရင် ခုန်ဟပ်မယ်၊ ဖုန်ကပ်မယ် ခါးပုံစမှာ အသာခွေထည့်ပါ ရွာအခြေထန်းတဲကိုရောက်ရင် ထန်းလျက်ဖိုမှာ ကင် ကင်ပြီးတော့ထောင်း၊ ထောင်းပြီးတော့ကြော်။ ကြက်သွန်နီနဲ့၊ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးပွ လေးစိတ်စိတ် အိုးအဖုံးမပိတ်ဘဲ မီးလေးမပူ့တပူမှာ ဆီပူလေးတလိမ့်နှစ်လိမ့် လိမ့်လိုက်ရက်ကွယ် ဆိမ့်လိုက်မယ့်ဖြစ်ခြင်း။ မောင်စွမ်းရည် မိုးဦးကျချိန်မဟုတ်သော်လည်း နွေရာသီ တွင်း မိုးကလေးတဖြိုက်ကျတဲ့အချိန်တွေမှာ ပတတ်တို့မြွေတို့ ရတတ်ပါသည်။ မိုးကလေးကျပြီးပြီဆိုသည်နှင့် ခွေးသုံးလေးကောင်နှင့် တောထဲကို ပတတ်လိုက်၊ မြွေရှာသွားတတ်ကြသည်။ တောလိုက်စရာ တောတောင်တွေ၊ သစ်ပင်တွေကလည်း ကောင်းကောင်းကြီးရှိသေးသည်။ ရွာကထွက်တာနှင့်တောကိုရောက်သည်ဟုပင်ဆိုနိုင်သည်အထိ တောတန်းနှင့်ရွာသည် အနီးကလေးပင်။ပတတ်တို့၊ မြွေသားတို့ ပါလာသည့်သူတွေအဖို့တော့ ထန်းရည်ဝိုင်းမှာ မျက်နှာပွင့်သည်။ ပြီးတော့ သူတို့အဖို့ ထန်းရည်ဖိုးလည်း ထို့နေ့အဖို့ ကင်းလွတ်ခွင့်ရကြလေသည်။ […]

မားစ်ဂြိုလ်ပေါ်မှာတွေ့ရှိခဲ့တဲ့ ပန်းပွင့်လေးတစ်ပွင့်

မားစ်ဂြိုလ်ပေါ်မှာ စူးစမ်းလေ့လာမူတွေကိုပြုလုပ်နေတဲ့ Curiosity rover ယာဥ်ဟာပြီးခဲ့တဲ့လကအသေးစားတွေ့ရှိမူတစ်ခုရှိခဲ့ပါတယ်။အဆိုပါတွေ့ရှိမူဟာ ထူးဆန်းတဲ့အပြင်ချစ်စရာပါကောင်းနေပါသေးတယ်။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာလောက်က ဖြစ်တည်မူတစ်ခုကိုတွေ့ရှိခဲ့တာပါ။ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မားစ်ဂြိုလ်ပေါ်က ဂေးလ်ချိုင့်ဝှမ်းမှာ လေ့လာနေရင်း ရိုဗာယာဥ်ဟာ ပန်းလေးတစ်ပွင့်ကိုတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ့်ပန်းတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကဖြစ်တည်ခဲ့တဲ့ သန္တာ‌ကျောက်ကနေ ပန်းပွင့်ပုံစံဖြစ်နေတာလေးပါ။အဲ့ဒီကျောက်လေးကဘယ်လောက်တောင်သေးလဲဆို အ‌ကြွေစေ့တစ်စေ့ထပ်တောင်ပိုသေးပါတယ်။ဒီချစ်စရာပုံလေးနဲ့ပန်းပွင့်ကျောက်တုံးလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေထဲကမင်နရယ်တွေနဲ့ ကျောက်တွေကို ရောနှောလိုက်သလိုဖြစ်သွားပြီး ပုံပေါ်လာတာဖြစ်ပါတယ်လို့ နာဆာကထုတ်ပြန်ထားပါတယ်။ အဲ့ဒီပန်းပွင့်လေးပုံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရိုဗာကသူ့ရဲ့လက်တံမှာပါတဲ့ Mars Hand Lens Imager ကင်မရာနဲ့ရိုက်ကူးပေးပို့ထားခဲ့ပါတယ်။အဆိုပါတွေ့ရှိမူဟာ ရိုဗာရဲ့အရင်တွေ့ရှိမူတွေနဲ့လည်းဆင်တူပါတယ်။အရင်တုန်းကလည်း ဒီရိုဗာကနေပဲ ဘလူးဘယ်ရီပုံစံနဲ့ကျောက်လေးတွေကို တွေ့ရှိခဲ့ပါသေးတယ်။ဒီကျောက်တုံးတွေကလည်း ပန်းပွင့်လေးလိုပဲ ကျောက်တုံးတွေပေါ်ကို အရည်တမျိုးမျိုးက ဖြတ်သန်းစီးဆင်းတာကြောင့် ဖြစ်ပေါ်လာတဲ့ပုံစံလေးတွေဖြစ်ပါတယ်။ Curiosity ရိုဗာယာဥ်ဟာ မားစ်ပေါ်က မီးတောင်တွေ၊ချိုင့်ဝှမ်းတွေ၊တောင်ကုန်းပုံစံတွေကိုလေ့လာနေတဲ့ နာဆာပိုင်ယာဥ်တစ်စီးဖြစ်ပါတယ်။မားစ်ပေါ်ကို ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၅ ရက်နေ့ကစတင်ရောက်ရှိခဲ့ပြီး မကြာခင်မားစ်ပေါ်‌ရောက်နေတာ ၁၀ နှစ်ပြည့်တော့မဲ့ […]