Author Posts

သီပေါတွင် ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

သီပေါမြို့ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်ကို နိုဝင်ဘာ ၁ ရက်နေ့ တင်ခဲ့တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ထားပါတယ်။ အမြင့်ဆုံးအပူချိန်ကို မိုးလေဝသ စခန်းဖွင့်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၅၈ နှစ်အတွင်း မှတ်တမ်းရယူခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က အမြင့်ဆုံးအပူချိန် ၃၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်( ၉၄ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)နဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၉ ရက်ကလည်း အပူချိန် ၃၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့ပြီး ယခုနှစ်မှာ ယင်းထက်အပူချိန် ပိုမြင့်ခဲ့ပြီး ယခုလ (၂၀၂၃ နိုဝင်ဘာ) ၁ ရက်က စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်ဖို့ တွေ့ကြ၊ ဆုံကြ၊ ဆွေးနွေးကြပြီ

အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) သည် ကမ္ဘာ့သမုဒ္ဒရာများ ကို ကာကွယ်ရန် ရည်မှန်းချက်ကြီးမားသော ပဏာမခြေလှမ်းသစ် တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။ ယခုလအစောပိုင်းတွင် IUCN မှ စီစဉ်ကျင်းပသည့် ညီလာခံတစ်ခုအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် အပြောင်းအလဲပြုလုပ်သူများ ဆွစ်ဇာလန်တွင် တွေ့ဆုံခဲ့ကြသည်။ IUCN ခေါင်းဆောင်များဖိုရမ်၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုတွင် ပါဝင်သူ ၄၀၀ ကျော်သည် သဘာဝကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ- တိုးတက်မှုကို ခြေရာခံခြင်း၊ အောင်မြင်မှု ဘဏ္ဍာငွေထောက်ပံ့ခြင်း’ ဖြစ်သည်။ အခမ်းအနားအတွင်း IUCN ဥက္ကဋ္ဌ Razan Al Mubarak က အဏ္ဏဝါထိန်းသိမ်းရေး၊ သမုဒ္ဒရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေကြောင်းပို့ဆောင်ရေး၊ […]

ကမ္ဘာပေါ်မှာ အကောင်ရေ တစ်သောင်းလောက်ပဲ ရှိတော့တဲ့ နေဝက်ဝံတွေကို ကာကွယ်ဖို့လုပ်ကြရပြီ

ကမ္ဘာပေါ်က ဝက်ဝံတွေထဲမှာ လျှာအရှည်ဆုံး ဝက်ဝံကတော့ နေဝက်ဝံတွေပဲဖြစ်ပါတယ်။ ၎င်းတိုရဲ့ လျှာက ၁ပေလောက်ကို အပြင်ထုတ်နိုင်ပါတယ်။ ကမာ္ဘ့အသေးဆုံး ဝက်ဝံတွေလည်း ဖြစ်ကြပါတယ်။ ပိုလာရေခဲဝက်ဝံတွေထက် ၁၀ ဆ လောက်ကို သေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပိုလာဝက်ဝံတွေရဲ့ အရွယ်အစား နဲ့အတူတူပါပဲ ။ နေဝက်ဝံလို အမည်ရတာက သူတို့ရဲ့ ရင်ဘတ်ပေါ်က အဖြူ‌ရောင်အကွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အပူပိုင်း မိုးသစ်တောတွေမှာ နေထိုင်ကြပါတယ်။ သူတို့မှာ သန်မာတဲ့ ခြေသည်း လက်သည်းတွေရှိပါတယ်။ ပြီးတော့ ခြေဖဝါးကလည်း အကြီးကြီးပါပဲ ။ ခြေဖဝါးမှာ လူတွေလိုပဲ အမွေးမပေါက်ပါဘူး ။ ဝက်ဝံတွေထဲမှာတော့ အဲ့ဒိအကောင်တွေလောက် သစ်ပင်တက်ကောင်းတဲ့ အကောင်မရှိပါဘူး ။ သူတို့ရဲ့ သက်တမ်းတော်တော်များများက သစ်ပင်တွေပေါ်မှာပဲ ကုန်ဆုံးကြတာပါ […]

နီပေါရေခဲတောင် ၃ပုံ ၁ ပုံလောက်အရည်ပျော်နေပြီ လို့ ကုလသတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရေ့စ်က ကမာ္ဘ့ကြီးပူနွေးလာမှုကြောင့် နီပေါနိုင်ငံက ရေခဲတောင်တွေ အရည်ပျော်မှုက မြင့်တက်လာပြီး အခုဆိုရင် ရေခဲပမာဏက ၃ ပုံ ၂ ပုံလောက်ပဲ ကျန်တော့တယ် လို့ ဒီကနေ့ ( အောက်တိုဘာ ၃၁ ) မှာသတိပေးပြောကြားလိုက်ပါတယ်။ အဲ့ဒိသတင်းစကားကို ကမာ္ဘ့အမြင့်ဆုံး တောင် လို့ခေါ်တဲ့ ဧရဝက်တောင် နယ်နမိတ်ထဲကို အလည်အပတ် ရောက် နေတဲ့ အတွင်းရေးမှုးက ပြောလိုက် တာပဲ ဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ကမ္ဘာ၏ အပူချိန်သည် ပျမ်းမျှ ၀.၇၄ ဒီဂရီ စင်တီဂရိတ် တိုးလာသော်လည်း တောင်အာရှ ဟိမဝန္တာ တောင်တန်းများ တစ်လျှောက် ပူနွေးလာမှုမှာ ကမ္ဘာ့ ပျမ်းမျှ ပျမ်းမျှထက် […]

ကာဗွန်ဘတ်ဂျတ်ကြောင့် ၂၀၃၀ မှာ ကမ္ဘာကြီး ပျက်ကိန်း စတော့မှာလား

တနင်္လာနေ့ထုတ် Nature Climate Change ဂျာနယ်ပါ ဆောင်ပါး တစ်ပုဒ်မှာ ဖော်ပြတဲ့ လေ့လာမှုတစ်ခုအရ ၂၀၃၀ မှာ ကမာ္ဘကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့ ၁.၅ ဒီကရီမှာမြဲနေအောင်လုပ်ဖို့အတွက် နိုင်ငံတကာ ကတိကဝတ် ဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေး လိုက်ပါတယ် ဆိုပြီး ပါရှိပါတယ် ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမာ္ဘနိုင်ငံရေးအ‌ခြေအနေတွေနဲ့ နိုင်ငံတကာစီးပွားရေးယှဉ်ပြိုင်မှုတွေကြောင့် ကမာ္ဘ့ လေထုထဲကို ကာဗွန်ထုတ်လွှတ်မှုက လျော့ကျသွားနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ် ။ ၂၀၂၉ ခုနှစ် အစောပိုင်းကာလ (၅) နှစ်ကျော်အတွင်း၊ လက်ရှိနှုန်းဖြင့် ရုပ်ကြွင်းလောင်စာများကို ဆက်လက် လောင်ကျွမ်းနေပါက ကမ္ဘာကြီးပူနွေးလာမှုအတွက် နိုင်ငံတကာက သဘောတူထားသည့် အပူချိန်ကန့်သတ်ချက် ၁.၅ ဒီကရီ အောက်၌ ရှိနိုင်မည်မဟုတ်ပေ။ လေ့လာမှုသည် ကမ္ဘာကြီးသည် ဤပြင်းထန်သော […]

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…) ×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………) ×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………) ××(အချိန်က […]

ဒီနှစ်ဆောင်းကို ယူကရိန်းသားတွေ ဘယ်လိုဖြတ်သန်းကြမလဲ

(ဒီအင်တာဗျူးခေါင်းစဉ်ကို မြင်ရရုံနဲ့ ဟဟ လုပ်သွားသူတွေရှိတယ်။ ကျနော်တို့ အပြစ်မမြင်လိုပါဘူး။ ဒါပေမယ့် ကျနော်တို့ ပို့စ်တစ်ခုကို ဘယ်တော့မှ အကြောင်းမဲ့မတင်ပါဘူး။ ကျနော်တို့ပြောချင်တာတွေ အများကြီး၊ ပြချင်တာတွေ အများကြီးပါ။ မြင်တတ်ဖို့ပဲလိုပါတယ်။) ဆောင်းဝင်လာပြီဖြစ်လို့ ယူကရိန်းသားတွေအတွက် အနွေးဓာတ်ရဖို့ရာ စွမ်းအင်တစ်ခုခုကို မှီခိုရတော့မှာ ဖြစ်ပါတယ် ။ တကယ်လို့ ရုရှားတွေက ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဒရုန်းနှင့် ဒုံးကျည်များကို ပစ်လွှတ်ကာ ပြည်တွင်းဓာတ်ငွေ့ထုတ်လွှတ်မှုနှင့် ဖြန့်ဖြူးရေးကွန်ရက်များကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုတဲ့အတွေးက ယူကရိန်းသားတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ယူကရိန်း စီးပွားရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်ရေးအဖွဲ့ Razumkov Centre မှ စွမ်းအင်ဆိုင်ရာ ပရိုဂရမ်များ ဒါရိုက်တာ Volodymyr Omelchenko က ယူကရိန်းသည် အေးခဲနေသော နေ့ရက်များအတွင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံရနိုင်မယ်လို့ အကြံပြုထားပါတယ်။ […]

ဘူတန်တောင်တန်းတွေပေါ်က စမ်းပေါက်တွေကို သဘာဝမပျက် စီမံထိန်းသိမ်းခြင်း

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ IUCN Asia က ဘူတန်နိုင်ငံ ရေဌာန၊ စွမ်းအင်နှင့် သဘာဝအရင်းအမြစ် ဝန်ကြီးဌာန နှင့် International Centre for Integrated Mountain Development (ICIMOD) တို့ ပူးပေါင်း၍ သဘာဝအတိုင်း တောင်တန်းဒေသများရှိ ရေထွက် စမ်းပေါက်ရေများ စီမံခန့်ခွဲမှုသင်တန်းကို စီစဉ်ကျင်းပခဲ့ပါသည်။ ဘူတန်နိုင်ငံ ခရိုင်တစ်ခုစီမှ ဒေသခံခေါင်းဆောင် ၂၀ နှင့် နိုင်ငံတစ်ဝှမ်းရှိ စမ်းပေါက်များ ခြောက်သွားခြင်း အန္တရာယ်များကို သတိပြုမိစေရန် ရည်ရွယ်ပြီး သဘာဝအခြေခံချဉ်းကပ်နည်းဖြင့် ၎င်းတို့အား ပြန်လည်ရှင်သန်စေမည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ “ရေဆိုတာ မရှိမဖြစ် လိုအပ်သလို နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာတောင် စမ်းချောင်းတွေနဲ့ ရေတွေ ခန်းခြောက်နေတာကို […]

ရာသီကပ်ဘေးဒဏ်သင့် မဲဇာမြစ်ရိုးက တောင်သူများ (အပိုင်း-၂)

တောင်သူတွေနဲ့ မရင်းနှီးသည့် စနစ်အပြောင်းအလဲနှင့် နည်းပညာ အပြောင်းအလဲ ၂၀၁၉ ခုနှစ်မှာ ဝါဆို၊ဝါခေါင် လယ်ကွင်းထဲ ဖုန်တထောင်းထခဲ့သည့် နှစ်က တောင်သူတွေက ဖြစ်တဲ့နည်းနဲ့ ပက်ကြဲခင်းတွေ စခဲ့သည်ဟုဆိုသည်။ ဒေသအခေါ်က တစ်တန်ကြဲဟုဆိုသည်။ အစေ့ချကိရိယာတွေ မပါတော့ မညီညာတာတွေ၊စိပ်တာ ကျဲတာတွေ ၊ပေါင်းရှင်း ရပြဿနာတွေ အဓိက ဖြစ်သည်။ ” ကြဲခင်းတော့ ပေါင်းထတာပဲ။ ပေါင်းနိုင်ရင် စိုက်ခင်းထက် ကောင်းတယ်။အစေ့ချ စနစ်ဆိုရင် ပိုကောင်းတာပေါ့။ ဘယ်အဖွဲ့ကမှ ပညာပေးတာတော့ မရှိဘူး။ သူ့အခင်း ဝင်ကြည့်၊ကိုယ်အခင်း သူဝင်ကြည့် ကောင်းတဲ့စနစ် ယူပြီး လုပ်နေတာ ။ဒီလိုမိုးနဲ့ စိုက်စနစ်သွားနေရင် ဆီဖိုးနဲ့တင် မွဲသွားမှာ ” မဲဇာမြစ်ရိုးတွင် ကြဲခင်းလုပ်နေသည့် တောင်သူ ထွန်းထွန်းဝင်းက ဆိုသည်။ မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ချုပ် […]

ရာသီဥတုဖောက်ပြန်မှုကြောင့် ဂျပန်နိုင်ငံမှာ နကျယ်နဲ့ ပျား တိုက်ခိုက်မှု ပိုမိုများပြားလာ

ကျွမ်းကျင်ပညာရှင်များအဆိုအရ ပူပြင်းသောနွေရာသီအပြီး ဒီနှစ်ဆောင်းအဝင်မှာ နကျယ်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားနေရတယ်လို့ ဆိုလာပါတယ်။ အဲ့ဒိဖြစ်စဉ်က ရာသီဥတုဖောက်ပြန်မှုနဲ့ အများကြီးသက်ဆိုင်တယ် လို့လည်း ပြောကြပါတယ်။ ဂျပန်မှာဖြစ်နေတာက သာမန်လူတွေ အတုတ်ခံနေရတာထက် အပြေးသမားတွေက အများကြီး ပိုတုတ်ခံ နေရတာပါပဲ ၊ ဒါ့အပြင် နကျယ်ကောင်ရှင်းလင်းရေးလုပ်တဲ့ မီးသတ်သမားတွေတောင် ဝတ်စုံထဲကိုဝင်တုတ်လို့ ပြဿနာတွေ တက်နေရပါတယ်။ ပညာရှင်တွေရဲ့အဆိုအရ အပူချိန်မြှင့်တက်လာခြင်းက နကျယ်ကောင်တွေကို ပုံမှန်ထက်စောပြီး အသိုက်ဖွဲ့တဲ့လုပ်ငန်းကိုလုပ်ကိုင်ကြပါတယ်။ ပိုမိုကြီးမားတဲ့ အသိုက်တွေနဲ့ ပိုမိုကြီးမားတဲ့ လုပ်သားကောင်တွေကိုဖြစ်စေပါတယ်လို့ သိရပါတယ်။. အောက်တိုဘာ ၈ ရက်နေ့က Gifu စီရင်စု၊ Takayama ရှိ Hida-Kuraiyama အပြေး ပြိုင်ပွဲတွင် တောင်ခြေလမ်းများ ဖြတ်၍ အပြေးသမားများ ပါဝင်ယှဉ်ပြိုင်ရာမှာ နကျယ်ကောင်းတွေ နဲ့ပျားတွေ လိုက်တုတ်လို့ ဆိုးရွားသောနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ် […]