Author Posts

သစ်တောပြုန်းတီးမှုကင်းသော ထုတ်ကုန်ဥပဒေကို ပြဌန်းရန် အီးယူ သဘောတူ

                ဥရောပ ပါလီမန်က ဥရေပသမဂ္ဂ ( အီးယူ ) အစိုးရများအပေါ် သက်ရောက်မှုရှိမယ့် သစ်တောပြုန်တီးမှုကင်း သော ထုတ်ကုန်ဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ပြဌန်းရန် မနေ့က မနက်ပိုင်းမှာ သဘောတူလိုက်တယ်လို့ သိရပါတယ် ။ အဲ့ဒိဥပဒေမှာ ကော်ဖီ ၊ ကိုကိုး နဲ့ ဆီအုန်တို့လို စျေးကွက်ဝင်သီးနှံတွေ ကို စိုက်ပျိုး ထုတ်လုပ်တဲ့ အခါမှာ သစ်တောပြုန်းတီးမှု သစ်တောယိုယွင်းမှုမရှိကြောင်း အာမခံချက် တစ်စုံတစ်ရာရှိမှာသာ ဥရောပ စျေးကွက် အတွင်းသို့ တင်သွင်းခွင့်ပြုမယ်ဆိုတာ ပါလာပါတယ် ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ စီးပွားဖြစ် သီးနှံစိုက်ပျိုးတဲ့ သူတွေအပေါ် ၂၀၂၀ ဒီဇင်ဘာလကနေ စပြီး ဥပဒေက […]

သဘာဝတရားမရှိရင် လူဆိုတာ ရှိမလာနိုင်ပါဘူးလို့ COP 15 မှာ ကုလ အတွင်းရေးမှူးချုပ်ဆို

              ကုလသမဂ္ဂဦးစီးပြီး ကျင်းပတဲ့ ဇီဝမျိုးကွဲညီလာခံ COP 15 ကို ကနေဒါနိုင်ငံ မွန်ထရီရာယ်မြို့မှာ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေပါတယ် ။ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက် တက်ရောက် တဲ့ အဲ့ဒိညီလာခံ အဖွင့်မိန့်ခွန်းမှာ ကုသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရေ့စ် က သဘာဝတရားသာ မရှိရင် လူဆိုတာ ရှိလာနိုင်စရာ မရှိဘူးလို့ ပြောသွားပါတယ် ။ နိုင်ငံပေါင်း ၂၀၀ နီးပါးမှ သိပ္ပံပညာရှင်များ၊ ဇီဝမျိုးကွဲ ဆိုင်ရာ ပညာရှင်များနှင့် ကိုယ်စားလှယ်များသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းနှင့် ၎င်းကို […]

ကာဗွန်ဖမ်းစက်ရုံစီမံကိန်း ခွင့်ပြုချက်ကျပြီ

               ဗြိတိန်အစိုးရက လေထဲမှာရှိတဲ့ ကာဗွန်ကိုဖမ်းယူတဲ့ စက်ရုံစီမံကိန်းကို ပထမဦးဆုံးအနေနဲ့ ခွင့်ပြုချက်ပေး လိုက်ပါတယ်။ တစ်နှစ်ကို ကာဗွန်တန်ချိန် ၁သန်းခွဲကျော် ဖမ်းယူနိုင်တဲ့ အဲ့ဒိကြီးမားတဲ့ စက်ရုံတည်ဆောက်ရေး စီမံကိန်းကို လင်ကွန်ရှိုင်းယားမှာ တည်ဆောက်မှာဖြစ်ပြီး စက်ရုံ ၃ ရုံပါဝင်မှာဖြစ်ပါတယ် ။ အဲ့ဒိသတင်းက ဗြိတိန်ဆောက်လုပ်ရေးဝန်ကြီး မိုက်ကယ်ဂိုဗီက အင်္ဂလန်ကျွန်းမှာ ကျောက်မီးသွေးတွင်းအသစ် တစ်ခုကို ခွင့်ပြုချက်ပေးလိုက်ပြီး နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ သတင်းပဲဖြစ်ပါတယ် ။ အဲ့ဒိ ကျောက်မီးသွေး တွင်း က တစ်နှစ်ကို ကာဗွန်တန်ချိန် ၄ သိန်း ထုတ်လွှတ်မှာဖြစ်ပါတယ် ။ အဲ့ဒိပမာဏက လမ်းပေါ်မှာမောင်းနှင် နေတဲ့ ကားအစီးရေ ၂သိန်းက ထုတ်လွှတ်တဲ့ ကာဗွန်ပမာဏနဲ့ […]

အောင်မြင်သွားအိန္ဒိယမှာတဲ့ ကန္တာရတော်လှန်ရေ

               ကျနော်တို့ ဒီကိုရောက်တဲ့အချိန်မှာ မြေကြီးက အုတ်ခဲတွေအလား အောင့်မေ့ရတယ် ။ မာတောင်နေတာပဲ ။ ကျနော်တို့ရဲ့ ၇နှဈတာကွိုးစားအားထုတျမှုမှာ မြေကြီးက ရေမြုပ်လိုပျော့ပျောင်းသွားပါပြီ ။ ဘာအပင်မဆို စိုက်လို့ ရနေပါပြီ ရာမီးရှက် ဟာနူမီရာ ( ကန္တရတော်လှန်ရေး လယ်သမား ) ရာမီးရှက် ဟာနူမီရာက နီညိုရောင်ရှိတဲ့ မြေကြီးကို တစ်တောင်လောက်တူးလိုက်တယ် ။ ပြီးတော့ မြေကြီးထဲမှာ တီကောင်တွေ ပိုးကောင်တွေ လုံးထွေးနေတဲ့ မြေကို အနံ့ခံကြည့်တယ် ။ စစ်ဆေးတယ် ။ ပြီးမှ သဘောကျစွာပြုံး လိုက်ပါတယ် ။ အိန္ဒိယ နိုင်ငံတောင်ပိုင်းက အန်ဒဟာရာပြည်နယ် က ခရိုင်တစ်ခုဖြစ်တဲ့ အာနန်တပူရ […]

ရာသီဥတုဖောက်ပြန်တော့ တိရိစ္ဆာန်တွေလည်း ကြောင်တောင်တောင်ဖြစ်ကုန်ပြီ

                အီဂျစ်နိုင်ငံမှာကျင်းပခဲ့တဲ့ ကုသမဂ္ဂ ဦးစီးတဲ့ ကမ္ဘာရာသီဥတုညီလာခံ COP27 မှာ ယူဂန်ဒါနိုင်ငံက တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး လုပ်ငန်း များအဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နာဘွာမီက သူမရဲ့အလှည့် ဆွေးနွေးပွဲမှာ ရာသီဥတုဖောက်ပြန်လို့ တိရိစ္ဆာန်တွေတောင် ကြောင်တောင်တောင် ဖြစ်ကုန်ပြီလို့ ပြောသွားပါတယ် ။ ကျမတို့လို နိုင်ငံတွေက လယ်သမားတွေက ရာသီဥတုနဲ့ ပတ်သက်လာရင် တိရိစ္ဆာန်တွေရဲ့ အပြုအမှုကို ကြည့်ပြီး လယ်ယာလုပ်ခွင်မှာ ပြင်ဆင်သင့်တဲ့ အလုပ်တွေကို လုပ်ကြရတာပါ။ ဥပမာပြောရရင် ပုရွက်ဆိတ်တွေရဲ့ လမ်းကြောင်း ဘယ်ဖက်ကို ဦးတည်နေသလဲ ။ မနက်စောစောမှာ လင်နို့တွေ ဘယ်လိုအသံပေးသလဲ ။ ပင်ကူတို့လို့ အစားအစာစုတတ်တဲ့ အကောင်တွေက အစာဘယ်လောက်စုနေလဲ […]

ရေခဲတွေအရည်ပျော်ခြင်းက မုန်တိုင်းတွေကို အားကောင်းစေပြီ အာတိတ်သမုဒ္ဒရာကို အက်ဆစ်ဓာတ် ပိုလာစေတယ်

                 မကြာသေးမီက ထုတ်ဝေခဲ့တဲ့ SCIENCE ဂျာနယ်မှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ဖော်ပြချက်အရ မြောက်ဝင်ရိုးစွန်း က ရေခဲတွေ အရည်ပျော်လာမှုက အာတိတ်သမုဒ္ဒရာထဲမှာ အက်ဆစ်ဓာတ် ပိုမိုမြင့်မားလာ စေတဲ့အတွက် အစာကွင်းဆက်ဆိုင်ရာ ပြဿနာများကို ပိုမိုဖြစ်ပေါ်နေပါတယ် လို့ ပါရှိပါတယ် ။ အဓိက အကြောင်းရင်းက ဂေဟစနစ်ကို ထိခိုက်လာတာကြောင့်ဖြစ်ပါတယ် ။ အက်ဆစ်ဓာတ်မြင့်တက်လာတဲ့အခါမှာ ဓာတုဖွဲ့စည်းမှုပြောင်းလဲသွားပြီး အစားအစာကွန်ယက်တစ်ခုလုံး ကို ထိခိုက်ကာ အာတိတ်ရေခဲပြင်နေ သတ္တဝါများကို ထိခိုက်မှု ဖြစ်လာစေပါတယ် ။ University of Delaware မှ သိပ္ပံပညာရှင်များ ဦးဆောင်သော နိုင်ငံတကာအဖွဲ့တစ်ခုက အာတိတ်သမုဒ္ဒရာသည် ၁၉၉၆ ခုနှစ်မှ ၂၀၂၀ […]

အီဂျစ် COP27 အေပါ် သက်‌ရောက်မှု အတိုင်းအတာတစ်ခု ရှိနေတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ပညာရှင်များ၏ သုံးသပ်ချက်များ

—————————-(ရာသီဥတုဆိုင်ရာ အင်တာဗျူး)………………….. ပြီးခဲ့တဲ့သြဂုတ်လ စောပိုင်းက အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပလိုစီက တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ ကြားကေန ထိုင်ဝမ်ကျွန်းကို အလည်အပတ်သွားခဲ့ပါတယ် ။ အဲ့ဒိကိစ္စရဲ့နောက်ဆက်တွဲမှာ တရုတ်အစိုးရနဲ့ အမေရိကန် အစိုးရကြား ပြုလုပ်ထားတဲ့ ရာသီဥတုဖောက်ပြန်မှု ထိန်းသိမ်းရေး ပူပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်အဝေးတွေ အကုန်လုံး ရပ်သွားပါတယ် ။ ပါရီသေဘာတူညီချက်နှင့် COP26 ရာသီဥတုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို မြှင့်တင်ရာတွင် အဓိက ကျသောနှစ်နိုင်ငံဆက်ဆံရေးသည် အခုချိန်မှာ အနိမ့်ဆုံးအဆင့်ကို ကျရောက်သွားပါပြီ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဆက်ဆံ‌ရေးကျွမ်းကျင်သူတွေရဲ့ ပြောပြချက်ကို ဖော်ပြပေးလိုက်ပါတယ်။ လီရှူး (Greenpeace East Asia ၏ ကမ္ဘာ့မူဝါဒရေးရာ အကြီးတန်းအကြံပေး) ကမ္ဘာ့ကာဗွန်ထုတ်လွတ်မှု အများဆုံး နှစ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေ ရပ်ဆိုင်းလိုက်တယ်ဆိုတာ […]

ရေအောက်ရောက်နိုင်သည့် မြန်မာ့ကမ်းရိုးတန်းဒေသကြီးများ

မင်းချစ်နိုင်ရေးသားသည်—-၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတချို့ အပါအဝင် အာရှတိုက်ရှိ ဒေသများ ရေအောက်ရောက်သွားနိုင်သည့် အခြေအနေသည် ယခင်ခန့်မှန်းထားသည်ထက် သုံးဆပို၍ ထိခိုက် နိုင်ကြောင်း နယူးဂျာစီပြည်နယ်အခြေစိုက် သိပ္ပံအဖွဲ့အစည်းတစ်ခုဖြစ်သည့် Climate Centralက သတိပေး ထုတ်ပြန်ထားသည်။ Climate Central က ထုတ်ပြန်သည့် ထိုလေ့လာမှုအသစ်တစ်ရပ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထိုလေ့လာမှုကို မထုတ်ပြန်ခင် လွန်ခဲ့သော နှစ်များအတွင်းကလည်း ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာပြီး ဧရာဝတီမြစ်ဝကျွန်းပေါ် အစိတ်အပိုင်းအချို့ နှင့် အာရှဒေသရှိ ကမ်းရိုးတန်း အစိတ်အပိုင်းအချို့ ရေအောက် ရောက်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုခဲ့ဖူးပါသည်။ တွေးကြည့်ရုံနှင့် ထိတ်လန့် ကြောက်ရွံ့စရာ […]

ကမ္ဘာကြီးပူနွေးလာမှုအတွက် နယူးယောက်ခ် ကျောင်းသားတွေ လမ်းပေါ်တက်ဆန္ဒပြ

AP သတင်း၏အဆိုအရ သဘာဝဘေးဒဏ်သင့်နိုင်ငံများမှ ခေါင်းဆောင်များသည် ၎င်းတို့၏ပြဿနာများကို ကုလသမဂ္ဂထံ တင်ပြကာ အကူအညီတောင်းခံခဲ့ပါတယ်။ နယူးယောက်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေက စာသင်ခန်းကိုစွန့်ပြီး သူတို့ကို ထောက်ခံဖို့ လမ်းတွေပေါ်တက်ကာ ချီတက်ဆန္ဒကြမှုတွေ လုပ်နေကြပါတယ် ။ တက်ကြွလှုပ်ရှားသူ လူငယ်များက ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကို နိုင်ငံတကာက အာရုံစိုက်လာ စေရန် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုသပိတ်ကို စီစဉ်ခဲ့ကြပါတယ် ။ ဆန္ဒပြသူများက ဆိုးရွားသော ရာသီဥတု ဒဏ်ခံရသော ဆင်းရဲသောနိုင်ငံများအတွက် အကူအညီပိုမိုပေးဖို့အတွက် တောင်း ဆိုခဲ့ကြပါတယ် ။ ၂၀၁၅ ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် နိုင်ငံများက လုံလုံလောက် လောက် မလုပ်ကြဘူးလို့ သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ ဒါကြောင့် မျိုးဆက်သစ်များသည် မျှော်လင့်ချက်ကို ယူဆောင်လာပြီး အပြောင်းအလဲတစ်ခုပြုလုပ်ရန် […]

ရာသီဥတု​ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမှုဘောင်ညီလာခံ အမှုဆောင်အတွင်းရေးမှူးနှင့်တွေ့ဆုံခြင်း

  ဩစတြေးယား၊ ဂျာမနီ ၊ ဆလိုဗေးနီးယားနဲ့ ဆလိုဗက်ကီးနီးယား နိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဖီလစ်ပီကယ်ဒါ ရွန်ရဲ့ ဝန်ကြီးများအဖွဲ့မှ နိုင် ငံခြားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စစ်ပက်ထရိရှာအက်စပင်နိုဆာကန်တယ်လာနိုကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ၂၀၁၆ မေလမှာ ရာသီဥတုပြောင်းလဲခြင်းဆိုင် ရာ ကုလသမဂ္ဂမှုဘောင်ညီလာခံ UNFCC ရဲ့အမှုဆောင် အတွင်းရေးမှူးရာထူးခန့် အပ်ခဲ့ပါ တယ်။သူဟာကမ္ဘာကြီးပူနွေး လာမှု ကိုတိုက် ဖျက်ရာမှာ အမြော် အမြင် ကြီးတဲ့ ပါရီသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။သူရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သတ်လို့ ယူရိုနယူးစ်သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။ ​မေး ။ ။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရတာဟာ အချိန်လုပြီးလုပ်ရတဲ့အလုပ်လား။ ဖြေ ။ ။ […]