Author Posts

ငလျင်နဲ့ပတ်သက်လို့ ကွယ်လွန်သူ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဒီလိုပြောခဲ့တယ်

ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင်တွေ လှုပ်တော့ ကောလဟလ သတင်းတွေ အမျိုးစုံကြားရပါတယ်။ သဘာ၀ဘေးကောလဟလတွေကလည်း သဘာ၀ဘေးတစ်ခုခုဖြစ်ပြီးတိုင်း နောက်ဆက်တွဲအနေနဲ့ ကြားရတတ်ပါတယ်။ ကြားလည်း ကြားနေကျပါ။ နာဂစ်မုန်တိုင်းပြီးတော့ နာဂစ်ထက်ကြီးတဲ့ မုန်တိုင်းကြီးပဲ လာတော့မလိုလို၊ ငလျင်ကြီး တစ်ခုလှုပ်ပြီးတော့ ည ၁၂ နာရီမှာပဲ သူ့ထက် အင်အားကြီးတဲ့ ငလျင်ကြီးပဲ ထပ်ဖြစ်တော့မလိုလို.. ကောလဟလသတင်းတွေ ထွက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ထိတ်လန့်တကြားပေါ့။ အဲဒီတုန်းကတော့ ပညာရှင်တွေ အထူးသဖြင့် မိုးလေဝသပညာ ဒေါက်တာထွန်းလွင်ဟာ ကောလဟလတွေကို ချက်ချင်းတုန့်ပြန် ဖြေရှင်းခဲ့လို့ ပြည်သူတွေ စိတ်အေး သက်သာ ရခဲ့ကြရပါတယ်။ အခုကတော့ ဆရာကြီးကလည်း မရှိတော့ဘူး။ တိုင်းပြည်ကလည်း ကံဆိုးမိုးမှောင်ကျ၊ ပြည်သူတွေမှာ ကျီးလန့်စာ စားနေရချိန်မှာ ငလျင်က ထလှုပ်တယ်။ ထပ်ကြီးမယ့် ငလျင်တွေ လာမယ်လို့ ပြောကြတယ်။ […]

စားစရာအတုတွေ ရှောင်ရှားကြ

လူမျိုးတစ်မျိုး၏ အထွေထွေကျန်းမာရေးသည် အလွန်အရေးကြိးသည်။ လူကျန်းမာမှအလုပ်လုပ်နိုင်မည်။ အလုပ်များများလုပ်နိုင်မှ နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်မည်။ လူတစ်ဦးစီ၏ကျန်းမာရေးကောင်းဖို့ရန်မှာ အစားအသောက်အပေါ်များစွာ တည်သည်။ အစားအသောက်ကောင်းချဉ်းမစားနိုင်သည့်တိုင်စစ်မှန်သော အစားအသောက်များကိုမူ မှန်မှန်စားရန်လိုသည်။ ယခုခေတ်တွင် နေရာတိုင်းအလိုလို၌ အတုအယောင်တွေ ရှောင်မလွတ်အောင် ပေါများလှသည်ဖြစ်ရာ အစားအသောက်ဆိုင်အချို့မှာ စားစရာအတုတွေကို မသမာသောနည်းဖြင့် ရောင်းချလျက်ရှိကြသည်။ ရန်ကုန်မြို့အပါအဝင် အချို့သောမြို့ကြီးများရှိ လမ်းဘေးနှင့်စျေးဆိုင်အချို့တွင် ရောင်းချလျက်ရှိသည့် အစားအသောက်များမှာ ကျန်းမာရေးရူ့ထောင့်မှ ကြည့်လျှင် ပြည်သူလူထု၏ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်နိုင်သဖြင့် ရင်လေးစရာ ကောင်းလှသည်။ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှ စစ်ဆေးခွဲစစ်ပြီးသမျှ အစားအစာ၊ အဖျော်ယမကာနှင့် ဆေးဝါးများတွင် စားသုံးသူတို့အား ဒုက္ခ အကြီးအကျယ်ပေးနိုင်သည့် ပစ္စည်းမျိုးစုံပါနေသည်ကို တွေ့ရသည်။ ထိုပစ္စည်းများသည် လူအများစားသုံးရန် လုံး၀မသင့်လျော်သည်သာမက လောလောဆယ်တွင် မည်သို့မျှ မဖြစ်သေးသော်လည်း နောင်ကြာလာသည့်အခါ အမျိုးမျိုးဒုက္ခပေးနိုင်သည်။ မသမာသူစျေးနှင့် စီးပွားရေးသမားများသည် မိမိတို့အမြတ်အစွန်းရရှိရေးတစ်ခုတည်းကိုသာကြည့်ပြီး […]

ဂေါ့ဖ် အားကစားက ဂေဟစနစ်ကို ဖျက်ဆီးနေတဲ့ အားကစားလား

အက်ဘီရစ်ချက်ဆိုတဲ့ သိပ္ပံ ဆောင်းပါးရှင်က ဂေါ့ဖ် အားကစားက ဂေဟစနစ်နဲ့ လူမှုဘဝကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အားကစား တစ်မျိုးဖြစ်တယ်လို့ စွတ်စွဲ ပြောဆိုလိုက်ပါတယ်။ မြို့ပြစနစ်ဖွံ့ဖြိုးလာတဲ့အခါမှာ တောမြေတွေကို အိမ်ယာစီမံကိန်း ၊ စုပေါင်းလယ်ယာနဲ့ ပြည်သူပန်းခြံ အစရှိတဲ့ နေရာတွေက တောမြေတွေကိုအများကြီး သုံးပစ်လိုက်ပါတယ်။ လူတွေနေထိုင်ဖို့အတွက် အိမ်ယာ တွေထက် သူတို့ အပန်းဖြေဖို့ မြေကို သုံးတာက ပိုများနေပါတယ်။ အဲ့လိုသုံးတဲ့အထဲမှာ ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးတဲ့ မြေက ပိုများ နေသလိုပါပဲ ။ ကမ္ဘာပေါ်မှာ ဂေါ့ဖ်ကွင်း ၄ သောင်းကျော်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘောလုံးကွင်း အရေအတွက် စုစုပေါင်းထက် ၂၆ ဆကျော် ပိုများတဲ့ မြေတွေကို ဂေါ့ဖ်ရိုက်ဖို့အတွက် သုံးထားပါတယ်။ ဂေါ့ဖ်ရိုက်တာက သဘာဝနဲ့ ပိုမိုနီးစပ်တယ်ဆိုတဲ့ […]

ပြင်သစ်နိုင်ငံတောင်ပိုင်းက တောမီးကြောင့် လူထောင်ပေါင်းများစွာ ပြောင်းရွှေ့ပေးနေရ

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အပူလှိုင်းဝင်နေလို့ တောမီးအကြီး အကျယ်လောင်နေပါတယ်။ လေယာဉ်တွေနဲ့ ရေဗုံးတွေကျဲတာတောင် မီးကမငြိမ်း နိုင်ဘူး ဖြစ်နေလို့ မြေပြင်ကနေ မီးသတ်ကား အစီးရေ အမြောက်အများ သုံးပြီး ငြိမ်းသတ်နေရပါတယ်။ ကံဆိုးချင်တာက တောမီးနဲ့ အတူ လေပြင်းတွေ တိုက်နေတာပါပဲ ၊ တောမီးက လေပြင်းကြောင့် ပိုပိုဆိုးလာတဲ့အတွက် ဒေသခံတွေကိုရွှေ့ ပြောင်းမှုတွေကို လုပ်နေရပါတယ်။ အခုဆိုရင် ဒေသခံ ၄ထောင် နီးပါးကို ရွှေ့ပြောင်းပြီး သွားပါပြီ ၊။ မီးသတ်လေယာဉ် ၆စီးက ရေသယ်ပြီး တောက်လျှောက် ငြိမ်းနေပေမဲ့ ကောင်းကင်မှာ မီးခိုးတွေ သိပ်သည်းနေတာကြောင့် အခက်အခဲ ကြုံနေရပါတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။ မီးသတ်သမား ၁၅၀၀ ကို နောက်ထပ် စေတနာ့ဝန်ထမ်း ၂၀၀ အားဖြည့်ထားပါတယ်။ ဂျီရွန်ဒီဒေသက […]

တစ်ခါသုံးပလပ်စတစ်ပစ္စည်းကို ရှင်းထုတ်ရန်ကြိုးစားနေသည့် နီပေါဟိုတယ်များနှင့် စနစ်တကျ ထိန်းသိမ်းရန်လိုအပ်နေသာ ပလပ်စတစ်အန္တရာယ်

နီပေါ၏ဟိုတယ်များသည် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန်နှင့် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဟိုတယ်များတွင် တစ်ခါသုံး ပလတ်စတစ်များကို အသုံးမပြုတော့ရန် ပိတ်ပင်သွားတော့မည်ဖြစ်သည်။ ပလပ်စတစ်ရေသန့်ဗူးများ၊ ပလပ်စတစ်ပိုက်များ၊ မီးဖိုချောင်သုံး ပလပ်စတစ်ခက်ရင်း၊ ဇွန်း၊ ပန်းကန်ပြားများနှင့် ပလပ်စတစ်တစ်ခါသုံးခွက်များ၊၊ ပလပ်စတစ်မွှေတံများ၊ သွားတိုက်တံ၊ သွားတိုက်ဆေးဗူး၊ ခေါင်းဘီးနှင့် တစ်ခါသုံး ပလပ်စတစစ်ပစ္စည်းများကို ၂၀၂၅ ခုနှစ် ဇန္နဝါရီ ၁ ရက်မှ စတင်ကာ အလုံးစုံအသုံးမပြုရေးကို ပြုလုပ်သွားမည်ဖြစ်ဖြစ်ပြီး ယင်းတားမြစ်ချက်ကို နီပေါရှိ ဟိုတယ် ၃၀၀၀ ခန့်အား လိုက်နာရန်ညွှန်ကြားထားသည်။ တစ်ခါသုံး၍ စွန့်ပစ်ရန် ဒီဇိုင်းထုတ်ထားသည့် ဟိုတယ်သုံး ပလပ်စတစ်ပစ္စည်း အမျိုးမျိုးကို နီပေါ ဇိမ်ခံဟိုတယ်အများစုက အသုံးမပြုတော့ဘဲ အဆိုပါမူဝါဒကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်ဟုလည်းဆိုသည်။ ဟိုတယ်ခန်းများမှ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် […]

ဂေဟဗုံးပေါက်ကွဲပြီး စာကျက်ပျောက်လို့ သြစတေးလျမှာ မျိုးတုန်း ပြဿနာရင်ဆိုင်နေရ

မနေ့က သြစတေးလျှ စိုက်ပျိုးရေး ဝန်ကြီးဌာနက တင်တဲ့ စာတမ်းမှာ သူတို့ နိုင်ငံက ကမ္ဘာ့ ဘယ်တိုက် မဆိုထက် နို့တိုက်သတ္တဝါအမျိုး စုံတဲ့ တိုက်ပဲ ဖြစ်ပါတယ် လို့ ပါရှိပါတယ်။ ကမ္ဘာ့ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါလျှက်နဲ့ နို့တိုက်သတ္တဝါတွေ ဆုံးရှုံးမှု က အခြားသော နိုင်ငံတွေထက် အများကြီး ဆိုးနေတာကိုလည် တွေ့နေပါတယ်လို့ ၅ နှစ်ကြာပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းအရ ဆိုထားပါတယ်။ အခုဆိုရင် အမြီးပြာ ကင်းလိပ်လျှောလို အကောင်းမျိုး ဆိုရင် မျိုးတုန်း သွားလောက် အောင် ကို ရှားပါးသွားပါပြီ ။ သြစတေးလျှ အလယ်ပိုင်းက ကျောက်တောင်တွေမှာ နေတဲ့ ကြွက် မျိုးတွေ ၊ ခရစ္စမတ်ကျွန်းမှာ နေတဲ့ မြေခွေးပျံ လင်းဆွဲ […]

ဂျာမန်အစိုးရ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဘာမှမလုပ်လို့ သူ့နိုင်ငံသားတွေဆန္ဒပြ

လီနာရှင်ကိုးသီး ဆိုတဲ့ ဂျာမန်အမျိုးသမီးက သူမကိုယ်ကို စူပါဂလူးတွေ သုတ်ပြီး ဘာလင်မြို့ လူစည်ကားတဲ့ လမ်းပေါ်မှာ လှဲချပြီ ဆန္ဒပြ နေပါတယ်။ သူမက ဂျာမန် အစိုးရက ရာသီဥတုပြေင်းလဲမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိ ကဝတ်တွေ ဘာမှ မလုပ်ဆောင်တဲ့အတွက်ကြောင့် အခုလိုပဲ ဆန္ဒပြတာလို့ ဟစ်ကြွေး နေပါတယ်။ အသက် ၁၉ နှစ်အရွယ် မိန်းကလေးက အခုတော့ သူမရဲ့ နုပျိုခြင်း အချိန်တော်တော်များများကို ထောင်ထဲမှာ ဖြုန်းရတော့မှာပါ။ သူမက နောက်ဆုံးမျိုးဆက် အရေးအခင်း ဆိုပြီး လှုတ်ရှားနေတဲ့ အဖွဲ့ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ သူမတို့က ကမ္ဘာကြီး ပူနွေးလာမှုကြောင့် များမကြာမီအချိန်မှာ ကမ္ဘာကြီး ပျက်စီးသွားဖို့ ရှိနေရာ သူမတို့က ယနေ့ကမ္ဘာရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်နေလို့ ရသလောက်ရုန်းကန်ကြမယ်ဆိုပြီး အခုလိုမျိုး […]

“စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး”

သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူ၊ အောင်ပင်လယ်မဂ္ဂဇင်း အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့်စင်သည် ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်၏ တာဝန်ခံ ဖြစ်သည်။ ကွန်ရက်၏ လုပ်ငန်းစဉ်များ ထဲတွင် ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်ပြီး လေ့လာရေး၊ ပညာပေးရေး တို့လည်း ပါဝင်သည်။ မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ၆၈ နှစ်အရွယ် ဒေါ်ဒေဝီသန့်စင်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုး၊ စက်ရုံဆောက်မည့်ဒေသရှိ ပြည်သူတို့၏အသံ အရေးပါမှု၊ အစိုးရသစ်လက်ထက်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ ရှိသင့်ပုံတို့ကို ပြောပြခဲ့သည်။ သတင်းထောက် ကေဇွန်နွေးက ရန်ကုန်မြို့ရှ အောင်ပင်လယ်မဂ္ဂဇင်းရုံးခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။ မေး – ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ ဖြေ – ကျောက်မီးသွေးကထွက်တဲ့ ဓာတ်ငွေ့ဟာ […]

ရာသီဥတုပြောင်းလဲမှု

သိပ္ပံပညာရှင်များက ကမ္ဘာကြီးပူနွေးလာပြီဟု ကြေညာပြီး တစ်ဆက်တည်းမှာပဲ ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်လာခဲ့သည်။ ကမ္ဘာ့ဘဏ်၏ လေ့လာမှုမှတ်တမ်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၃၀ ပြည့်နှစ်တွင် အလွန်အမင်း ဆင်းရဲသည့်အခြေအနေဖြင့် အသက်ရှင်သန်နေထိုင်ရမည့် ကမ္ဘာ့လူဦးရေ သည် သန်း ၁၀၀ ကျော်ရှိလာမည်ဖြစ်သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်တွင် ကောက်ယူခဲ့သည့်စာရင်းများအရ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာအနှံ့တွင် အာဟာရဓာတ်ပြတ်လပ်နေသူဦးရေ တစ်ဘီလီယံကျော်ရှိပြီး ကလေးငယ် သန်း ၂၀၀ ခန့်သည် ဖွံ့ဖြိုးမှုချို့တဲ့မှုနှင့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။ ၂၀၃၀ ပြည့်နှစ်နှင့်၂၀၅၀ ပြည့်နှစ်အကြား ရာသီဥတုပြောင်းလဲမှုကြောင့် သေဆုံးနိုင်ခြေသည် တစ်နှစ်လျှင် နှစ်သိန်းခွဲ ခန့်ရှိနိုင်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာပင် ကျန်းမာရေးကြောင့် တိုက်ရိုက်ဆုံးရှုံးရမှုတန်ဖိုးသည် အမေရိကန် […]

စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့ကပ်ဆိုးတွေကို ဆင်းရဲတဲ့နိုင်ငံတွေ အလူးအလဲခံနေရ

အမေရိကန်အခြေစိုက် ဒါမောင့်တက္ကသိုလ် ကပြုလုပ်တဲ့ သုတေသန စာတမ်းအရ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၅နိုင်ငံကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးတွေကနေ ပြန်လည် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တာ ကန်ဒေါ်လာ သန်းပေါင်း ၆သန်းကျော် ကုန်ကျခဲ့ရတယ်လို့ သိရပါတယ်။ ကမ္ဘာ့လေထုထဲကို ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အများ ထုတ်လွှတ်တဲ့ နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေ သဘာ၀ ဘေးအန္တရာယ်တွေ ခံစားနေရတာနဲ့ ပတ်သက်ပြီး လစ်လျူမရှုအောင် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်ရေးသမားတွေ နဲ့ အစိုးရအရာရှိ အချို့ က ဦးဆောင်ပြီး တိုက်တွန်းပြောဆိုမှုတွေ လုပ်နေရပါတယ်။ ရုပ်ကြွင်းလောင်စာတွေ သုံးပြီး ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးအားဖြင့် ထောက်မကူညီသင့်တယ်လို့ လည်း သူတို့ က တိုက်တွန်းနေပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အမေရိကန်နဲ့ တရုတ် […]